ဤစပျစ်ရည်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန်အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြားဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
ဟေဗြဲ 13:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထာဝရပဋိညာဉ်တရား၏ သွေးတော်အားဖြင့် သိုးတို့၏ သိုးထိန်းကြီးဖြစ်တော်မူသည့် ကျွန်ုပ်တို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်သည် Common Language Bible အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။ Garrad Bible ငါ တို့ အ ရှင် ယေ ရှု တည်း ဟူ သော မ ဟာ သိုး ထိန်း တော် ကို ထာ ဝ ရ ပ ဋိ ညာဉ် တော်၏ အ သွေး တော် အား ဖြင့် သူ သေ တို့ အ ထဲ မှ ဆောင် ခဲ့ တော် မူ သော ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် Judson Bible ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကို သေခြင်းမှ နုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည်၊- မြန်မာ့စံမီသမ္မာကျမ်း ထာဝရပဋိညာဉ်နှင့်ဆိုင်သောသွေးတော်အားဖြင့် သိုးတို့၏သိုးထိန်းကြီးဖြစ်တော်မူသော ငါတို့သခင်ယေရှုကို သေသောသူတို့ထဲမှ ခေါ်ထုတ်တော်မူသည့် ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည် |
ဤစပျစ်ရည်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန်အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြားဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
ယေရှုက “ဤစပျစ်ရည်သည် လူများစွာတို့အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြား ဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
ညစာစားပြီးနောက် စပျစ်ရည်ခွက်ကိုလည်းယူ၍ “ဤခွက်သည် သင်တို့အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြား ဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
ငါသည် သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်းသည် သိုးတို့အတွက် မိမိအသက်ကို စွန့်တတ်၏။
ငါသည် သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိ၏။ ထိုကဲ့သို့ပင် ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။ ငါသည် ထိုသိုးတို့အတွက် အသက်ကို စွန့်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိခန့်အပ်သော အရှင်အားဖြင့် လောကကို မှန်ကန်စွာ တရားစီရင်ရန် နေ့တစ်နေ့ကို သတ်မှတ်ထားတော်မူသောကြောင့်ဖြစ်၏။ ထိုအရှင်ကိုလည်း သေရာမှ ထမြောက်စေတော်မူခြင်းဖြင့် ထိုသို့ဖြစ်မည့်အကြောင်းကို ကျွန်ုပ်တို့အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။
သို့သော်လည်း ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၍ သေခြင်းနှင့်ဆိုင်သောဝေဒနာမှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုးသည် ထိုအရှင်ကို အစဉ်ချုပ်နှောင်ထားရန် မဖြစ်နိုင်သောကြောင့်ပင်။
ဘုရားသခင်သည် ယေရှုအား သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူ၍ ငါတို့သည်လည်း ထိုထမြောက်ခြင်း၏သက်သေများဖြစ်ကြ၏။
သင်တို့သည် အသက်၏အရှင်သခင်ကို သတ်၍ ဘုရားသခင်သည် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူ၏။ ထိုသို့ ထမြောက်စေတော်မူသည်ကို ငါတို့သည် ကိုယ်တိုင်မြင်တွေ့ကြ၏။
နာဇရက်မြို့သား ယေရှုခရစ်တော်၏အမည်နာမအားဖြင့် ထိုသူသည် သင်တို့ရှေ့၌ ကျန်းမာသန်စွမ်းလျက်ရှိသည်ကို သင်တို့မှစ၍ အစ္စရေးလူမျိုးအပေါင်းတို့ သိမှတ်ကြလော့။ ထိုယေရှုမှာ သင်တို့လက်ဝါးကပ်တိုင်တွင် သတ်သော်လည်း သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူသောသူဖြစ်၏။
သင်တို့သစ်တိုင်ပေါ်မှာ ချိတ်ဆွဲ၍ သေဒဏ်ပေးသည့်ယေရှုကို ကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူပြီ။
ထိုသားတော်မှာ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောအခါ ဘုရားသခင်၏သားတော်အဖြစ် သတ်မှတ်ခံရသော ကျွန်ုပ်တို့၏သခင်၊ ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
သို့မဟုတ် ‘ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူရန် တွင်းနက်ကြီးထဲသို့ မည်သူဆင်းမည်နည်း’ ဟူ၍ မပြောဆိုနှင့်” ဟု ဆိုထား၏။
ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် သင်တို့အားလုံးနှင့်အတူ ရှိတော်မူပါစေသော။ အာမင်။
ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် မကြာမီ စာတန်ကို သင်တို့၏ ခြေအောက်တွင် ကြေမွစေတော်မူလိမ့်မည်။ ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူ ရှိပါစေသော။
ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသော ထိုဝိညာဉ်တော်အားဖြင့် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကိုပင် ရှင်စေတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယောက်ယက်ခတ်စေတတ်သောဘုရားမဟုတ်ဘဲ ယုံကြည်သူတို့၏ အသင်းတော်များ၌ ပြုသကဲ့သို့ ငြိမ်းချမ်းခြင်းကို ဖြစ်စေသောဘုရား ဖြစ်တော်မူသောကြောင့်ပင်။
အကယ်၍ သေလွန်သောသူတို့ မထမြောက်ဟူသော အရာသည် မှန်ခဲ့လျှင် ဘုရားသခင်သည် ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့မည်မဟုတ်ပေ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့က “ဘုရားသခင်သည် ခရစ်တော်ကို ရှင်ပြန်ထမြောက်စေတော်မူပြီ” ဟု ပြောဆိုသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အကြောင်းကို လိမ်လည်ပြောဆိုသူများဖြစ်သွားလိမ့်မည်။
ဘုရားသခင်သည် သခင်ခရစ်တော်ကို ထမြောက်စေတော်မူသကဲ့သို့ ကျွန်ုပ်တို့ကိုလည်း တန်ခိုးတော်အားဖြင့် သေရာမှ ထမြောက်စေတော်မူလိမ့်မည်။
နိဂုံးချုပ်စကားဆိုရလျှင် ညီအစ်ကိုမောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် အခွင့်ပေးကြလော့။ ကျွန်ုပ်၏ နှိုးဆော်ချက်ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းရှိလျက် သင့်မြတ်စွာနေကြလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းတို့၏ အရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
သခင်ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသောဘုရားသခင်သည် ကျွန်ုပ်တို့ကိုလည်း ယေရှုထမြောက်တော်မူသည်နည်းတူ ထမြောက်စေပြီးလျှင် သင်တို့နှင့်အတူ ရှေ့တော်မှောက်သို့ ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်းကို ကျွန်ုပ်တို့သိကြ၏။
လူတို့၏ အခွင့်အာဏာဖြင့် မဟုတ်၊ ကြားခံလူအားဖြင့်လည်း မဟုတ်၊ ယေရှုခရစ်တော်နှင့် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသည့် ခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်အဖြစ် ခန့်အပ်ခံရသူဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ထိုတန်ခိုးတော်သည် ဘုရားသခင်က ခရစ်တော်ကို သေရာမှ ထမြောက်စေတော်မူ၍ ကောင်းကင်အရပ်တွင် လက်ယာတော်ဘက်၌ စံမြန်းစေတော်မူသောအခါ၌ ပြတော်မူသော တန်ခိုးပင် ဖြစ်၏။
ကျွန်ုပ်ထံမှ သင်တို့ သင်ယူ၍ ကြားနာသိမြင်ခဲ့သောအရာတို့ကို ကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
သင်တို့သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခံရကြ၏။ ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်သဖြင့် သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်စေတော်မူခြင်းကို ခံကြရ၏။
ထို့ပြင် ကောင်းကင်းဘုံမှ ကြွလာမည့် သားတော်ကို သင်တို့မည်သို့ မျှော်လင့်ကြောင်းကိုလည်း သူတို့ပြောပြကြ၏။ ဘုရားသခင်သည် ထိုသားတော်ကို သေခြင်းမှ ထမြောက်စေတော်မူပြီး ထိုသားတော်သည် ကျရောက်လာမည့်ဘုရားသခင်၏ အမျက်တော်မှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ယေရှုဖြစ်၏။
ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်ကိုယ်တိုင်သည် သင်တို့ကို အကြွင်းမဲ့သန့်ရှင်းစေတော်မူပါစေသော။ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာသည့်တိုင်အောင် သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို အပြစ်ဆိုဖွယ်မရှိစေရန် စောင့်ရှောက်ပါစေသော။
ငြိမ်းချမ်းခြင်းအရှင် သခင်ဘုရား ကိုယ်တော်တိုင်သည် သင်တို့ကို နည်းအမျိုးမျိုးဖြင့် ငြိမ်းချမ်းခြင်းကို အစဉ်ပေးတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။
သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသားကို အပြစ်ရှိကြောင်းထင်မှတ်သောအသိစိတ်မှ ရှင်းလင်းစေရန် ကိုယ်တော်၏အသွေးတော်ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာကိုလည်း သန့်စင်သောရေဖြင့် ဆေးကြောခြင်းတို့ကို ခံယူလျက် စစ်မှန်သောစိတ်နှလုံးနှင့် ယုံကြည်ခြင်းကြောင့် ဖြစ်တည်သော စိတ်ချမှုအပြည့်ဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို နင်းခြေ၍ မိမိအား စင်ကြယ်စေသည့်ပဋိညာဉ်နှင့်ဆိုင်သောအသွေးကို မသန့်ရှင်းသောအရာအဖြစ် သဘောထားကာ ကျေးဇူးပြုတော်မူသောဝိညာဉ်တော်ကို စော်ကားသူသည် မည်မျှ ပို၍ ပြင်းထန်သောပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်သနည်း။
ထို့နောက် မောရှေက “ဤသွေးသည် ဘုရားသခင်နှင့် သင်တို့ ပဋိညာဉ်ဖွဲ့ထားသည်ကို အတည်ဖြစ်စေ၏” ဟု ဆို၏။
ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးတော်မူသော ဘုရားသခင်ကို သင်တို့သည် ခရစ်တော်အားဖြင့်ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်၍ မျှော်လင့်ကြ၏။
သင်တို့သည် ယခင်က လမ်းလွဲ၍ ပျောက်သောသိုးများနှင့်တူကြ၏။ သို့သော် ယခုတွင် သင်တို့၏ စိတ်ဝိညာဉ်ကို ကြည့်ရှုပြုစုသော သိုးထိန်းထံသို့ ပြန်ရောက်ကြပြီ။
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မမှေးမှိန်သောဘုန်းအသရေရှိသည့် ဆုသရဖူကို သင်တို့ရရှိကြလိမ့်မည်။