ဟေဗြဲ 13:20 - Common Language Bible20-21 အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။ အခန်းကိုကြည့်ပါ။Garrad Bible20 ငါ တို့ အ ရှင် ယေ ရှု တည်း ဟူ သော မ ဟာ သိုး ထိန်း တော် ကို ထာ ဝ ရ ပ ဋိ ညာဉ် တော်၏ အ သွေး တော် အား ဖြင့် သူ သေ တို့ အ ထဲ မှ ဆောင် ခဲ့ တော် မူ သော ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် အခန်းကိုကြည့်ပါ။Judson Bible20 ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကို သေခြင်းမှ နုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ထာဝရပဋိညာဉ်နှင့်ဆိုင်သောသွေးတော်အားဖြင့် သိုးတို့၏သိုးထိန်းကြီးဖြစ်တော်မူသော ငါတို့သခင်ယေရှုကို သေသောသူတို့ထဲမှ ခေါ်ထုတ်တော်မူသည့် ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည် အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 ထာဝရပဋိညာဉ်တရား၏ သွေးတော်အားဖြင့် သိုးတို့၏ သိုးထိန်းကြီးဖြစ်တော်မူသည့် ကျွန်ုပ်တို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်သည် အခန်းကိုကြည့်ပါ။ |
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အားအကုန်အစင်သန့်ရှင်းဖြူစင်စေ တော်မူပါစေသော။ ငါတို့အရှင်သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၌ သင်တို့ သည်အပြစ်ဆိုဖွယ်မရှိကြစေရန်ဘုရား သခင်သည် သင်တို့၏ကိုယ်စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေသော။-
သခင်ယေရှုကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောဘုရားသခင်၏ဝိညာဉ်တော် သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူလျှင် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောအရှင်သည်သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သောသင်တို့၏ကိုယ်ခန္ဓာကိုလည်း ရှင်စေတော်မူလိမ့်မည်။
ထိုနည်းတူစွာဘုရားသခင်သည်ငါ၏သား မြေးတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် မပျက်နိုင်မပြောင်းလဲနိုင်သော၊ထာဝရ ပဋိညာဉ်ကို ငါနှင့်ပြုထားတော်မူသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ငါ၏လိုအင်ဆန္ဒပြည့်စုံပြီ။ ဤကားငါ၏အောင်ပွဲပေတည်း။ ယင်းသို့ဖြစ်စေရန်ဘုရားသခင်သည် ဧကန်မုချစီမံတော်မူလိမ့်မည်။
တမန်တော်ဖြစ်သူငါပေါလုနှင့် ဤအရပ်တွင် ရှိသည့်ညီအစ်ကိုအပေါင်းတို့က ဂလာတိပြည် ရှိအသင်းတော်များသို့စာရေးလိုက်ပါသည်။ ငါ သည်လူအမိန့်အာဏာဖြင့် တမန်တော်ရာထူးကို အပ်နှင်းခြင်းခံရသူမဟုတ်။ လူခန့်ထားသည့် တမန်တော်လည်းမဟုတ်။ ယေရှုခရစ်ကလည်း ကောင်း၊ ထိုအရှင်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောခမည်းတော်ဘုရားသခင်က လည်းကောင်း ခန့်ထားတော်မူသောသူဖြစ်၏။
ညီအစ်ကိုတို့၊ ကျန်းမာရွှင်လန်းကြပါစေ။ အပြစ် ဆိုဖွယ်မရှိသူများဖြစ်စေရန်ဆက်လက်ကြိုးစား ကြလော့။ ငါ၏မေတ္တာရပ်ခံချက်များကိုနာယူကာ အချင်းချင်းစိတ်သဘောတညီတညွတ်တည်းရှိ လျက်ငြိမ်းချမ်းစွာနေကြလော့။ သို့ပြုလျှင်မေတ္တာ တော်နှင့်ငြိမ်သက်ခြင်းအရှင်ဘုရားသခင် သည်သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
အကယ်၍သူသေတို့ရှင်ပြန်ထမြောက်မှုမရှိ ဟုဆိုသည်မှာ မှန်ခဲ့သော်ဘုရားသခင်သည် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မမူ။ သို့ဖြစ်၍ငါတို့က ``ဘုရား သခင်သည်ခရစ်တော်ကိုသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ'' ဟုဟောပြောရာ ၌ငါတို့သည်ဘုရားသခင်၏အကြောင်း မုသားသက်သေများဖြစ်ကြ၏။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
နာဇရက်မြို့သားယေရှုခရစ်၏နာမတော် တန်ခိုးအားဖြင့် ထိုသူသည်ခြေစွမ်းသန်လာ ၍ ယခုသင်တို့ရှေ့တွင်ရပ်လျက်နေသည်ကို သင်တို့နှင့်အတူဣသရေလအမျိုးသား အပေါင်းတို့သိမှတ်ကြလော့။ ထိုအရှင် ကားသင်တို့လက်ဝါးကပ်တိုင်ပေါ်မှာတင် ၍သတ်ပြီးနောက် ဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောသူဖြစ်သတည်း။