Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 2:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 သင်တို့​သည် ယခင်​က လမ်းလွဲ​၍ ပျောက်သော​သိုးများ​နှင့်​တူကြ၏။ သို့သော် ယခု​တွင် သင်တို့​၏ စိတ်ဝိညာဉ်​ကို ကြည့်ရှု​ပြုစုသော သိုးထိန်း​ထံသို့ ပြန်ရောက်ကြပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 သင်​တို့​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ခဲ့​ကြ သော်​လည်း ယ​ခု​အ​ခါ​၌​သင်​တို့​၏​ဝိ​ညာဉ် တို့​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော အ​ရှင့်​သိုး​ထိန်း​ကြီး​ထံ​သို့​ပြန်​လည်​ရောက် ရှိ​ကြ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 သိုး များ ကဲ့ သို့ သင် တို့ သည် အ ထက် က လမ်း လွဲ ကြ သော် လည်း သင် တို့ နာမ် သက် များ ကို ထိန်း ကျောင်း ကြည့် ရှု တော် မူ သော အ ရှင့် ထံ ယ ခု ပြန် ရောက် ကြ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 သင်​တို့​သည် အ​ထက်​က​လမ်း​လွဲ၍ ပျောက်​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သိုး​ထိန်း​တည်း​ဟူ​သော သင်​တို့၏​ဝိ​ညာဉ်​တို့​ကို အုပ်​စိုး​ကြည့်​ရှု​တော်​မူ​သော အ​ရှင်​ထံ​သို့ ပြန်​ရောက်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သင်​တို့​သည် လမ်းလွဲ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​၏။ ယခု​မူကား သိုးထိန်း​ဖြစ်​တော်မူ​၍ သင်​တို့​၏​စိတ်​ဝိညာဉ်​ကို​ကြီးကြပ်​သူ​ဖြစ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​ရောက်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 2:25
24 ပူးပေါင်းရင်းမြစ်များ  

လူ​တစ်ယောက်​တွင် သိုး​အကောင်​တစ်ရာ​ရှိ၏။ ထို​သိုးများ​အနက် တစ်ကောင်​သည် လမ်းမှား​၍​ပျောက်ဆုံး​ပါက သူ​သည် မည်သို့​ပြုမည်​ဟု သင်တို့​ထင်ကြသနည်း။ သူ​သည် သိုး​ကိုးဆယ့်ကိုးကောင်​ကို တောင်ပေါ်​တွင် ချန်ထား​ပြီးလျှင် လမ်းမှား​၍ ပျောက်သော​သိုး​ကို ရှာဖွေမည်​မဟုတ်လော။


ယေရှု​သည် လူထု​ပရိသတ်တို့​ကို မြင်တော်မူ​သောအခါ သူတို့​ကို သနားကြင်နာသော​စိတ် ရှိတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူတို့​သည် သိုးထိန်း​မရှိသော သိုးများ​ကဲ့သို့ အားကိုးရာမဲ့​လျက် လမ်းပျောက်နေကြ​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။


ထာဝရ​ပဋိညာဉ်တရား​၏ သွေးတော်​အားဖြင့် သိုးတို့​၏ သိုးထိန်းကြီး​ဖြစ်တော်မူသည့် ကျွန်ုပ်တို့​သခင်​ယေရှု​ကို သေခြင်း​မှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​သည်


ထို့ကြောင့် ဘုရားသခင်​၏ ရွေးချယ်တော်မူခြင်း​ခံရ​သူတို့​ထဲတွင် ပါဝင်သည့် သန့်ရှင်းသော​ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​နှင့် အထူး​တမန်တော်​အဖြစ် ကျွန်ုပ်တို့​ဝန်ခံသော ယေရှု​ခရစ်တော်​ကို ဆင်ခြင်​အောက်မေ့ကြလော့။


ထို​ယဇ်ပုရောဟိတ်မင်း​သည် ကိုယ်တိုင်​အားနည်းချက် ရှိ​သဖြင့် မသိ​နားမလည်ဘဲ လမ်းမှား​ရောက်နေသူတို့​ကို စာနာ​နိုင်၏။


ထို​ဝိညာဉ်များ​မှာ နောဧ​သည် သင်္ဘော​ဆောက်​စဉ် ဘုရားသခင် စိတ်ရှည်​စွာ စောင့်ဆိုင်းတော်မူ​သော်လည်း နောင်တ​မရသည့် မယုံကြည်သော​သူများ​ဖြစ်ကြ၏။ ထို​အချိန်​တွင် သင်္ဘော​ထဲမှ အနည်းငယ်​ဖြစ်သော လူ​ရှစ်ဦး​သာ ရေ​လွှမ်းမိုးခြင်း​မှ ကယ်တင်ခံခဲ့ကြ၏။


သို့ပြုလျှင် သိုးထိန်းကြီး​ပေါ်ထွန်းတော်မူ​သောအခါ မမှေးမှိန်သော​ဘုန်းအသရေ​ရှိသည့် ဆုသရဖူ​ကို သင်တို့​ရရှိကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ