Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 13:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 နိဂုံးချုပ်​စကား​ဆိုရ​လျှင် ညီအစ်ကို​မောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့​၌ အပြစ်ဆိုဖွယ်​မရှိသည်​အထိ ဘုရားသခင်​က ပြုပြင်ပေးတော်မူ​ရန် အခွင့်ပေးကြလော့။ ကျွန်ုပ်​၏ နှိုးဆော်ချက်​ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်း​ရှိ​လျက် သင့်မြတ်​စွာ​နေကြလော့။ မေတ္တာတရား​နှင့် ငြိမ်းချမ်းခြင်း​တို့​၏ အရှင်​ဖြစ်တော်မူသော ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ညီ​အစ်​ကို​တို့၊ ကျန်း​မာ​ရွှင်​လန်း​ကြ​ပါ​စေ။ အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​များ​ဖြစ်​စေ​ရန်​ဆက်​လက်​ကြိုး​စား ကြ​လော့။ ငါ​၏​မေတ္တာ​ရပ်​ခံ​ချက်​များ​ကို​နာ​ယူ​ကာ အ​ချင်း​ချင်း​စိတ်​သ​ဘော​တ​ညီ​တ​ညွတ်​တည်း​ရှိ လျက်​ငြိမ်း​ချမ်း​စွာ​နေ​ကြ​လော့။ သို့​ပြု​လျှင်​မေတ္တာ တော်​နှင့်​ငြိမ်​သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင် သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ ကျန်း မာ ကြ စေ သော ပဲ့ ပြင် ခြင်း၊ နှိုး ဆော် ခြင်း ခံ ကြ လော့။ သ ဘော တစ် မျိုး တည်း နှင့် ငြိမ် သက် စွာ နေ ကြ လော့။ သို့ ပြု လျှင် ချစ် ခြင်း၊ ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ နှင့် အ တူ တည် နေ တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ကြွင်း​သေး​သော​စ​ကား ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သင်​တို့၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ စုံ​လင်​ခြင်း၊ သက်​သာ​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့။ စိတ်​တ​ညီ​တ​ညွတ်​တည်း ဖြစ်၍၊ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့။ သို့​ဖြစ်၍ မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​သင့်​အ​တင့်​နေ​ခြင်း ချမ်း​သာ​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ ဝမ်းမြောက်​ကြ​လော့။ စုံလင်​ခြင်း​သို့​ရောက်​ကြ​လော့။ နှစ်သိမ့်​ခြင်း​ကို ခံစား​ကြ​လော့။ တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ သင့်မြတ်​စွာ​နေ​ကြ​လော့။ ချစ်​ခြင်း​မေတ္တာ​နှင့်​ငြိမ်သက်​ခြင်း​တို့​၏​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 13:11
51 ပူးပေါင်းရင်းမြစ်များ  

ဗျာဒိတ်တော်​စကား​မှာ “အပျိုစင်​တစ်ဦး​သည် ကိုယ်ဝန်ဆောင်​၍ သား​ယောက်ျား​ကို မွေးဖွား​လိမ့်မည်။ ထို​သား​ကို ဧမာနွေလ​ဟု ခေါ်ဝေါ်ကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ​၏ အနက်အဓိပ္ပာယ်​မှာ “ကျွန်ုပ်တို့​နှင့်အတူ​ရှိတော်မူသော​ဘုရားသခင်” ဟူ၍ ဖြစ်၏။


ထို့ကြောင့် ကောင်းကင်ဘုံရှင် သင်တို့​၏​အဖ​သည် ပြီးပြည့်စုံတော်မူ​သကဲ့သို့ သင်တို့​သည်လည်း ပြီးပြည့်စုံသော​သူများ ဖြစ်ကြလော့။


ယေရှု​သည် အော်သံ​ကို ကြားတော်မူ​သောအခါ ရပ်တော်မူ​၍ “သူ့​ကို ခေါ်ခဲ့လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့​က “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်​သည် သင့်​ကို ခေါ်တော်မူသည်” ဟု ဆိုကြ၏။


ဆား​သည် အရသာ​ကောင်း၏။ သို့သော် အငန်ဓာတ်​ပျောက်ဆုံး​လျှင် ငန်သော​အရသာ​ကို မည်သို့​ပြန်ရနိုင်မည်နည်း။ သင်တို့​အထဲ​၌ ဆား​ကဲ့သို့သော​အရည်အသွေး​ရှိစေကြလော့။ အချင်းချင်း သင့်မြတ်​စွာ​နေကြလော့” ဟု မိန့်တော်မူ၏။


အခြား​တစ်ဦး​ကလည်း “သခင်… အကျွန်ုပ်​လည်း နောက်တော်​သို့ လိုက်ပါရစေ။ သို့သော် အကျွန်ုပ်​၏​အိမ်သူအိမ်သားများ​ကို သွား​၍ နှုတ်ဆက်ပါရစေ” ဟု လျှောက်​သော်


အကျွန်ုပ်​သည် သူတို့​၌ တည်​၍ ကိုယ်တော်​သည်လည်း အကျွန်ုပ်​၌ တည်တော်မူ၏။ ထိုကဲ့သို့ စုံလင်စွာ​တစ်သားတည်း​ဖြစ်ခြင်း​အားဖြင့် အဖ​သည် အကျွန်ုပ်​ကို စေလွှတ်တော်မူကြောင်း​နှင့် အကျွန်ုပ်​ကို ချစ်တော်မူ​သကဲ့သို့ သူတို့​ကို ချစ်တော်မူကြောင်း​ကို လောကီသားတို့​သိကြပါ​လိမ့်မည်။


သင်တို့​သည် ရုပ်တုများ​အား ပူဇော်ထားသော​အစားအစာ​ကို စားသုံးခြင်း၊ သွေး​ကို စားသုံးခြင်း၊ လည်​ညှစ်သတ်သော​တိရစ္ဆာန်များ​၏​အသား​ကို စားသုံးခြင်း​နှင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို ရှောင်ကြဉ်ရမည်။ သင်တို့​သည် ထို​အရာများ​နှင့် ကင်းရှင်း​လျှင် ကောင်း၏။ ကျန်းမာကြပါစေ။ ဟု ရေးသားထား၏။


“ဘုရားသခင်​၏​အလိုတော်​ရှိ​လျှင် သင်တို့​ဆီသို့ ပြန်လာမည်” ဟု ဆို၏။ ထို့နောက် သူတို့​အား နှုတ်ဆက်​ပြီးလျှင် ပြစ်ကိလ​နှင့် အာကုလ​တို့​ကို ဧဖက်မြို့​၌ ထားခဲ့​၍ ရွက်လွှင့်လေ၏။


သို့ရာတွင် ဂျူးလူမျိုးများ​သည် သူ့​ကို​သတ်​ရန် လျှို့ဝှက်ကြံစည်သည့်​အကြောင်း​ကို အကျွန်ုပ်​ကြားရ​သောအခါ အရှင့်​ထံသို့ သူ့​ကို​ချက်ချင်း​စေလွှတ်လိုက်ပါ၏။ စွပ်စွဲသော​သူများ​ကိုလည်း သူ့​အပေါ်​စွပ်စွဲထားသည့်​အချက်များ​ကို အရှင့်​ထံသို့​တင်ပြ​ရန် ညွှန်ကြားထားပါ၏။


တစ်ဦး​နှင့် တစ်ဦး စည်းလုံး​ညီညွတ်​စွာ နေကြလော့။ နိမ့်ပါးသော​သူတို့​နှင့် မာန​မထောင်လွှားဘဲ ပေါင်းသင်း​ဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါ​သည် ပို၍ ပညာရှိသည်​ဟု မထင်မှတ်နှင့်။


တတ်နိုင်သမျှ လူတိုင်း​နှင့် သင့်မြတ်​စွာ နေကြလော့။


သို့ဖြစ်၍ အသင်းတော်​၌ ငြိမ်းချမ်း​စွာ နေ​စေရန်​နှင့် အပြန်အလှန်​ဆောက်တည်ဖွယ်​ဖြစ်​စေရန် ကြိုးပမ်းကြပါစို့။


ဘုရားသခင်​ကို သင်တို့​ယုံကြည်​သောကြောင့် မျှော်လင့်ခြင်း​၏ အရှင် ထို​ဘုရားသခင်​သည် သင်တို့​အား ဝမ်းမြောက်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့​အားဖြင့် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ကြောင့် မျှော်လင့်ခြင်း​အပြည့်အဝ ရှိ​လိမ့်မည်။


ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် သင်တို့​အားလုံး​နှင့်အတူ ရှိတော်မူပါစေသော။ အာမင်။


ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် မကြာမီ စာတန်​ကို သင်တို့​၏ ခြေ​အောက်​တွင် ကြေမွစေတော်မူ​လိမ့်မည်။ ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​နှင့်အတူ ရှိပါစေသော။


ညီအစ်ကို​မောင်နှမတို့… သင်တို့​အချင်းချင်း စည်းလုံးကြ​ရန် သခင်​ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။ သဘောထား​မကွဲလွဲကြနှင့်။ တူညီသော​စိတ်၊ တူညီသော​ရည်ရွယ်ချက်တို့​ဖြင့် စည်းလုံးကြလော့။


ဆင်းရဲဒုက္ခ​အမျိုးမျိုး​ကို ကျွန်ုပ်တို့​ခံရ​သောအခါ ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို နှစ်သိမ့်ပေးတော်မူ၏။ ဤသည်​မှာ ဘုရားသခင်​က ကျွန်ုပ်တို့​ကို နှစ်သိမ့်ပေးတော်မူ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း ဆင်းရဲဒုက္ခ​ကြုံသော အခြား​သူတို့​ကို နှစ်သိမ့်ပေး​နိုင်ရန်​ဖြစ်၏။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်၊ ဘုရားသခင်​၏ မေတ္တာတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​၏ မိတ်သဟာယဖွဲ့ခြင်း​တို့​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။ ကောရိန္သု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ကျွန်ုပ်တို့​အားနည်း​နေ​လျှင်ပင် သင်တို့​အားကြီး​ပါက ကျွန်ုပ်တို့​ဝမ်းမြောက်၏။ ကျွန်ုပ်တို့​ဆုတောင်းသည်​မှာ သင်တို့​၌ အပြစ်ဆိုဖွယ်​မရှိသည်​အထိ ဘုရားသခင်​က ပြုပြင်ပေးတော်မူ​ရန် ဖြစ်၏။


သူတို့​၏​တာဝန်​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်​ကို တည်ဆောက်​နိုင်ရန်​အတွက် ယုံကြည်သူတို့​ကို အမှုတော်လုပ်ငန်း​အတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။


ငြိမ်းချမ်းခြင်း​နှောင်ကြိုး​ဖြင့် သန့်ရှင်းသော​ဝိညာဉ်တော်​က ပေးသော စည်းလုံးညီညွတ်ခြင်း​ကို ကြိုးစား​၍ ထိန်းသိမ်းကြလော့။


ခမည်းတော်​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့​သည် ညီအစ်ကို​မောင်နှမတို့​အပေါ် သက်ရောက်ပါစေသော။


မည်သို့ပင်​ဖြစ်စေ ခရစ်တော်​၏ သတင်းကောင်း​နှင့် ထိုက်တန်​စွာ ပြုမူ​နေထိုင်ကြလော့။ ထိုသို့​ပြုမူ​နေထိုင်​လျှင် သင်တို့​ထံသို့ ကျွန်ုပ်​လာသည်​ဖြစ်စေ၊ မလာသည်​ဖြစ်စေ သင်တို့​သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်း​နှင့် သတင်းကောင်း​နှင့်ဆိုင်သော​ယုံကြည်ချက်​အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်​သိရ​လိမ့်မည်။


မည်သို့ပင်​ဖြစ်စေ ကျွန်ုပ်တို့​သည် မိမိတို့ ရောက်ရှိ​နေသည့်​အခြေအနေ​နှင့်​အညီ သင့်လျော်​စွာ နေထိုင်ကြပါစို့။


ဧဝေါဒိ​နှင့် သုန္တုတ်​တို့… သင်တို့​သည် သခင်ဘုရား​၏ တပည့်တော်မများ ဖြစ်​သောကြောင့် တစ်စိတ်တစ်ဝမ်းတည်း​ရှိကြ​ရန် ကျွန်ုပ်​တိုက်တွန်းနှိုးဆော်ပါ၏။


သင်တို့​အတွက် သခင်ဘုရား ပြုတော်မူသော​အမှု​ကြောင့် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ ကျွန်ုပ် ထပ်မံ​၍ ပြောမည်။ ဝမ်းမြောက်ကြလော့။


ကျွန်ုပ်​ထံမှ သင်တို့ သင်ယူ​၍ ကြားနာ​သိမြင်ခဲ့သော​အရာတို့​ကို ကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိတော်မူ​လိမ့်မည်။


ကျွန်ုပ်တို့​သည် သင်တို့​နှင့် လူချင်း တွေ့​၍ သင်တို့​၏ ယုံကြည်ခြင်း​တွင် လိုအပ်နေ​သေးသော အပိုင်း​ကို ဖြည့်တင်း​ပေး​နိုင်ရန် နေ့ရောညပါ စိတ်အား​ထက်သန်​စွာ ဆုတောင်းကြ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ဘုရားသခင်​နှစ်သက်တော်မူ​ရန် မည်သို့ ပြုမူ​နေထိုင်ရမည်​ကို ကျွန်ုပ်တို့​သွန်သင်ခဲ့သည့်​အတိုင်း ပြုမူနေထိုင်​လျက်​ရှိ၏။ ယခု​တွင် ကျွန်ုပ်တို့​သည် သခင်​ယေရှု​နှင့် တပေါင်းတစည်းတည်း​ဖြစ်​သောကြောင့် ထိုသို့ ပို၍​ပြုမူနေထိုင်ကြ​ရန် တောင်းပန်​လျက် တိုက်တွန်း​နှိုးဆော်လို၏။


ထို့ကြောင့် ဤ​စကားများ​ဖြင့် အချင်းချင်း​အားပေးကြလော့။


သူတို့​လုပ်ဆောင်သည့်​အမှုတော်​ကို ထောက်​၍ ချစ်ခင်​ရိုသေကြလော့။ သင်တို့​အချင်းချင်း ငြိမ်းချမ်း​စွာ နေထိုင်ကြလော့။


အစဉ်အမြဲ​ဝမ်းမြောက်ကြလော့။


ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တိုင်​သည် သင်တို့​ကို အကြွင်းမဲ့​သန့်ရှင်း​စေတော်မူ​ပါစေသော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာသည့်​တိုင်အောင် သင်တို့​၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်​ကို အပြစ်ဆိုဖွယ်​မရှိ​စေရန် စောင့်ရှောက်​ပါစေသော။


ကျွန်ုပ်တို့​ကို ချစ်​၍ ကျေးဇူးတော်​ဖြင့် ထာဝရ​နှစ်သိမ့်ခြင်း​နှင့် ခိုင်မြဲသော​မျှော်လင့်ခြင်းတို့​ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖ​ဘုရားသခင်​နှင့် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည်


ညီအစ်ကို​မောင်နှမတို့… နိဂုံးချုပ်​အနေဖြင့် ကျွန်ုပ်​မှာကြားလို၏။ သခင်ဘုရား​၏ နှုတ်ကပတ်​တရားတော်​သည် အရပ်ရပ်​သို့ လျင်မြန်​စွာ ပြန့်ပွား​၍ သင်တို့​သည် ထို​နှုတ်ကပတ်​တရားတော်​ကို ရိုသေ​လက်ခံ​သကဲ့သို့ အခြားသူတို့​လည်း ရိုသေ​လက်ခံ​ရန် ဆုတောင်းပေးကြလော့။


ငြိမ်းချမ်းခြင်း​အရှင် သခင်ဘုရား ကိုယ်တော်တိုင်​သည် သင်တို့​ကို နည်းအမျိုးမျိုး​ဖြင့် ငြိမ်းချမ်းခြင်း​ကို အစဉ်​ပေးတော်မူပါစေသော။ သခင်ဘုရား​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။


ထို့ကြောင့် သင်​သည် လူငယ်တို့​၏​တပ်မက်စိတ်​ကို ရှောင်ကြဉ်​၍ ဖြူစင်သော​နှလုံးသား​ဖြင့် ဘုရားသခင်​ကို ဝတ်ပြု​ဆုတောင်းသော​သူတို့​နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ ရှိ​ရန် အမြဲ​ကြိုးစားလော့။


လူတိုင်း​နှင့် သဟဇာတ​ဖြစ်ရန်၊ သန့်ရှင်းသော​ဘဝ​နှင့်​နေထိုင်​ရန် အစွမ်းကုန်​ကြိုးစားလော့။ မသန့်ရှင်းသော​သူတို့​သည် ထာဝရဘုရား​ကို ဖူးမြင်​ရမည်​မဟုတ်။


ထာဝရ​ပဋိညာဉ်တရား​၏ သွေးတော်​အားဖြင့် သိုးတို့​၏ သိုးထိန်းကြီး​ဖြစ်တော်မူသည့် ကျွန်ုပ်တို့​သခင်​ယေရှု​ကို သေခြင်း​မှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​သည်


သင်တို့​သည် မည်သည့်​ချို့တဲ့မှု​မျှ မရှိဘဲ ရင့်ကျက်​လျက် ပြီးပြည့်စုံ​နိုင်ရန်​အတွက် အဆုံး​တိုင်အောင် သည်းခံ​ရမည်။


မကောင်းမှု​ကို စွန့်​၍ ကောင်းမှု​ကို ပြု​ရမည်။ သူတစ်ပါး​နှင့် ငြိမ်းချမ်း​စွာ နေထိုင်​ရန် တောင့်တ​၍ ငြိမ်းချမ်းခြင်း​အတွက် ကြိုးစားအားထုတ်​ရမည်။


အချုပ်​ဆိုရ​လျှင် သင်တို့​အားလုံး တစ်စိတ်တစ်ဝမ်းတည်း​ရှိကြလော့။ စာနာစိတ်​ထား​၍ တစ်ဦး​ကို​တစ်ဦး ညီအစ်ကို​မောင်နှမ​သဖွယ် ချစ်ကြလော့။ သနားကြင်နာ​စိတ်​ထား​၍ နှိမ့်ချကြလော့။


သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။


သခင်​ယေရှု​၏ ကျေးဇူးတော်​သည် ယုံကြည်သူများ​အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဗျာဒိတ်ကျမ်း ပြီးပါပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ