Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 4:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သခင်​ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော​ဘုရားသခင်​သည် ကျွန်ုပ်တို့​ကိုလည်း ယေရှု​ထမြောက်တော်မူသည်​နည်းတူ ထမြောက်စေ​ပြီးလျှင် သင်တို့​နှင့်အတူ ရှေ့တော်မှောက်​သို့ ခေါ်သွင်းတော်မူမည်​ဖြစ်ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သ​ခင်​ယေ​ရှု​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ မြောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ တို့​အား​လည်း​သ​ခင်​ယေ​ရှု​နှင့်​အ​တူ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင် သင်​တို့​နှင့် အ​တူ​ရှေ့​တော်​မှောက်​သို့​ခေါ်​ဆောင်​တော် မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သ​ခင်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သော​သူ​သည် ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို​လည်း ထ​မြောက်​စေ၍၊ သင်​တို့​နှင့်​အ​တူ​အ​ထံ​တော်၌ သွင်း​တော်​မူ​မည်​ဟု ငါ​တို့​သိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အဘယ်ကြောင့်​ဆိုသော် သခင်​ယေရှု​ကို ထမြောက်​စေ​တော်မူ​သော​အရှင်​သည် ငါ​တို့​ကို​လည်း ယေရှု​နှင့်အတူ​ထမြောက်​စေ​၍ သင်​တို့​နှင့်အတူ ရှေ့​တော်​သို့​ခေါ်သွင်း​တော်မူ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 4:14
16 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့​မှ လွတ်မြောက်ရေး​အတွက် အားအင်​ရရှိ​ရန်​နှင့် လူသား​ရှေ့တော်မှောက်​တွင် ရပ်​နိုင်ရန် အချိန်​တိုင်း ဆုတောင်း​၍ သတိ​နှင့်​နေကြလော့” ဟု မိန့်တော်မူ၏။


သို့သော်လည်း ဘုရားသခင်​သည် ထို​အရှင်​ကို သေခြင်းမှ​ရှင်ပြန်​ထမြောက်စေတော်မူ​၍ သေခြင်းနှင့်​ဆိုင်သော​ဝေဒနာ​မှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုး​သည် ထို​အရှင်​ကို အစဉ်​ချုပ်နှောင်ထား​ရန် မဖြစ်နိုင်​သောကြောင့်​ပင်။


ဘုရားသခင်​သည် ယေရှု​အား သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူ​၍ ငါတို့​သည်လည်း ထို​ထမြောက်ခြင်း​၏​သက်သေများ​ဖြစ်ကြ၏။


ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် ခရစ်တော်​ကို သေခြင်း​မှ​ထမြောက်စေတော်မူသော ဘုရားသခင်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသော ထို​ဝိညာဉ်တော်​အားဖြင့် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကိုပင် ရှင်စေတော်မူ​လိမ့်မည်။


ဘုရားသခင်​သည် သခင်​ခရစ်တော်​ကို ထမြောက်စေတော်မူ​သကဲ့သို့ ကျွန်ုပ်တို့​ကိုလည်း တန်ခိုးတော်​အားဖြင့် သေရာ​မှ ထမြောက်စေတော်မူ​လိမ့်မည်။


ကျွန်ုပ်​သည် ဘုရားသခင်​၏ သဝန်တိုခြင်း​မျိုး​ဖြင့် သင်တို့​ကို သဝန်တို၏။ ကျွန်ုပ်​သည် သင်တို့​ကို စင်ကြယ်သော​အပျိုစင်​အဖြစ် တစ်ဦးတည်းသော​ခင်ပွန်း​ဟူသော ခရစ်တော်​ထံ အပ်နှင်း​ရန် ကတိပြုထား၏။


အစွန်းအထင်း၊ အတွန့်အကြေတို့​နှင့် အခြား​ထိုသို့သော​အနာအဆာ တစ်စုံတစ်ခု​မျှ မရှိဘဲ သန့်ရှင်း​လျက် အပြစ်ကင်းသည့် ဂုဏ်သရေရှိသော အသင်းတော်​အဖြစ် မိမိ​ထံ ဆက်သ​ရန် ဖြစ်၏။


ယခု​တွင်မူ ကိုယ်တော်​သည် သွေးသား​နှင့် ဖွဲ့စည်းထားသော ခရစ်တော်​၏​ကိုယ်ခန္ဓာ​ကို အသေခံစေတော်မူခြင်း​အားဖြင့် သင်တို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်​စေတော်မူပြီ။ ဤသည်​မှာ သင်တို့​သည် သန့်ရှင်း​၍ အပြစ်အနာအဆာ​ကင်း​လျက် အပြစ်ဆိုဖွယ်​မရှိသောသူများ​အဖြစ် ရှေ့တော်​၌ ဆက်သ​နိုင်ရန် ဖြစ်၏။


ကျွန်ုပ်တို့​သည် လူတိုင်း​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​၍ ရင့်ကျက်သောသူများ​အဖြစ် ဘုရားသခင်​ထံ ဆက်သ​နိုင်ရန် လူတိုင်း​ကို သတိပေး​ဆုံးမ​ကာ ရှိသမျှသော​ဉာဏ်ပညာ​ဖြင့် လူတိုင်း​ကို သွန်သင်​လျက် ခရစ်တော်​အကြောင်း​ကို ဟောပြောကြ၏။


ယေရှု​သည် အသေခံ​ပြီးနောက် ရှင်ပြန်​ထမြောက်သည်​ကို ကျွန်ုပ်တို့​ယုံကြည်​သောကြောင့် ယေရှု​ပြန်ကြွလာသည့် အချိန်​တွင် သေလွန်​ပြီးသည့် ယုံကြည်သူများ​ကိုလည်း ဘုရားသခင်​သည် ခရစ်တော်​နှင့်အတူ ယူဆောင်လာမည်​ဟု ကျွန်ုပ်တို့ ယုံကြည်၏။


ယုံကြည်ခြင်း​ဖြင့် ဆုတောင်းခြင်း​သည် လူနာ​ကို ကျန်းမာစေ​၍ သခင်ဘုရား​သည် သူ့​ကို နာလန်ထ​စေတော်မူ​လိမ့်မည်။ ထို​သူ​သည် အပြစ်​ကျူးလွန်ခဲ့မိ​လျှင်လည်း ခွင့်လွှတ်တော်မူခြင်း​ကို ခံရ​လိမ့်မည်။


သင်တို့​အား အပြစ်နွံ​ထဲသို့ လဲကျခြင်း​မှ ကင်းဝေးစေနိုင်ပြီး အပြစ်​ကင်းစင်​လျက် ရွှင်လန်း​ဝမ်းမြောက်သော​စိတ်​နှင့် မိမိ​ဘုန်းအသရေတော်​ရှေ့သို့ ဝင်ရောက်စေနိုင်သည့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ