Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 22:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ညစာစား​ပြီးနောက် စပျစ်ရည်ခွက်​ကိုလည်း​ယူ​၍ “ဤ​ခွက်​သည် သင်တို့​အတွက် သွန်းလောင်းသော ငါ​၏​သွေး​ကို ပုံဆောင်၏။ ငါ​၏​သွေး​သည် ဘုရားသခင်​နှင့် လူများ​အကြား ဖွဲ့သော ပဋိညာဉ်​သစ်​ကို သက်သေပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ကို​လည်း​ယူ​တော်​မူ​လျက် ``ဤ​ခွက် ကား​သင်​တို့​အ​တွက်​သွန်း​သော​ငါ​၏​သွေး အား​ဖြင့်​ပြု​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တ​ရား​သစ်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို နည်း တူ အ ဟာ ရ သုံး ပြီး နောက် ဖ လား ကို ယူ ပြန်၍ ဤ ဖ လား ကား သင် တို့ အ ဖို့ သွန်း သော ငါ့ အ သွေး ဖြင့် ဖွဲ့ သည့် ပ ဋိ ညာဉ် တော် သစ် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​နည်း​တူ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏ အ​သွေး၌​တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထိုနည်းတူ ညစာ​စား​ပြီးနောက် ခွက်​ကို​လည်း​ယူ​၍“ဤ​ခွက်​ကား သင်​တို့​အတွက်​သွန်းလောင်း​သော ငါ​၏​သွေး​၌​တည်​သည့် ပဋိညာဉ်​သစ်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 ထို​နည်း​တူ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏ အ​သွေး၌​တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 22:20
13 ပူးပေါင်းရင်းမြစ်များ  

ဤ​စပျစ်ရည်​သည် လူများစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန်​အတွက် သွန်းလောင်းသော ငါ​၏​သွေး​ကို ပုံဆောင်၏။ ငါ​၏​သွေး​သည် ဘုရားသခင်​နှင့် လူများ​အကြား​ဖွဲ့သော ပဋိညာဉ်​သစ်​ကို သက်သေပြု၏။


ယေရှု​က “ဤ​စပျစ်ရည်​သည် လူများစွာတို့​အတွက် သွန်းလောင်းသော ငါ​၏​သွေး​ကို ပုံဆောင်၏။ ငါ​၏​သွေး​သည် ဘုရားသခင်​နှင့် လူများ​အကြား ဖွဲ့သော ပဋိညာဉ်​သစ်​ကို သက်သေပြု၏။


ထို​နည်းတူ ညစာစား​ပြီးနောက် စပျစ်ရည်ခွက်​ကိုလည်း​ယူ​၍ “ဤ​ခွက်​သည် သင်တို့​အတွက် သွန်းလောင်းသော ငါ​၏​သွေး​ကို ပုံဆောင်၏။ ငါ​၏​သွေး​သည် ဘုရားသခင်​နှင့် လူများ​အကြား ဖွဲ့သော ပဋိညာဉ်​သစ်​ကို သက်သေပြု၏” ဟု မိန့်တော်မူ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပဋိညာဉ်သစ်​၏ အမှု​ကို​ဆောင်ရွက်​နိုင်သော စွမ်းရည်​ကို ပေးတော်မူ၏။ ထို​ပဋိညာဉ်​သည် စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​မဟုတ်၊ ဝိညာဉ်တော်​နှင့်​ဆိုင်သော​တရား​ဖြစ်၏။ စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​သည် အသက်​ကို သေစေ၏။ ဝိညာဉ်တော်​ကမူ အသက်​ကို ရှင်စေတော်မူ၏။


ပဋိညာဉ်​သစ်​၏ ကြားဝင်​စေ့စပ်သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏ သွေး​ထက် ပို၍ မြတ်သော​အရာ​ကို မိန့်ဆိုသည့် ပက်ဖျန်းထားသော​သွေးတော်​ထံသို့ လည်းကောင်း ရောက်ကြ၏။


ထာဝရ​ပဋိညာဉ်တရား​၏ သွေးတော်​အားဖြင့် သိုးတို့​၏ သိုးထိန်းကြီး​ဖြစ်တော်မူသည့် ကျွန်ုပ်တို့​သခင်​ယေရှု​ကို သေခြင်း​မှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​သည်


ဤသို့ဖြင့် ရွေးချယ်ခြင်း​ခံရသူများ​သည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရ​အမွေကို ရရှိ​နိုင်ရန် ခရစ်တော်​သည် ပဋိညာဉ်သစ်​၏ ကြားဝင်​စေ့စပ်သူ​ဖြစ်တော်မူ၏။ အကြောင်း​မှာ ခရစ်တော်​သည် ထို​ပထမ​ပဋိညာဉ်​အောက်​တွင် လူတို့​ကျူးလွန်ခဲ့သော အပြစ်များ​ကို လွတ်မြောက်​စေရန် အသေခံတော်မူခဲ့​သောကြောင့်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သေတမ်းစာ​ရေးသူ​အသက်ရှင်​စဉ် သူ​၏ သေတမ်းစာ​သည်​အတည်​မဖြစ်။ ထို​သူ သေဆုံးပြီး​မှသာ အတည်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ