Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ သက် 3:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ငြိမ်းချမ်းခြင်း​အရှင် သခင်ဘုရား ကိုယ်တော်တိုင်​သည် သင်တို့​ကို နည်းအမျိုးမျိုး​ဖြင့် ငြိမ်းချမ်းခြင်း​ကို အစဉ်​ပေးတော်မူပါစေသော။ သခင်ဘုရား​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​သ​ခင်​ဘု​ရား​ကိုယ်​တော် တိုင်​သင်​တို့​အား အ​ခါ​ခပ်​သိမ်း​နည်း​အ​မျိုး​မျိုး ဖြင့်​ငြိမ်​သက်​ခြင်း​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။ သ​ခင်​ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ငြိမ် သက် ခြင်း အ ရှင် ကိုယ် တော် တိုင် ပင် သင် တို့ အား အ နည်း နည်း ဖြင့် ငြိမ် သက် ခြင်း ကို အ စဉ် သ နား တော် မူ ပါ စေ သော။ အ ရှင် ဘု ရား သည် သင် တို့ ရှိ သ မျှ နှင့် အ တူ တည် တော် မူ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ငြိမ်​သက်​ခြင်း၏ သ​ခင်​သည် ကိုယ်​တော်​တိုင် သင်​တို့၌ အ​စဉ်​မ​ပြတ်​ခပ်​သိမ်း​သော အ​မှု​အ​ရာ​အား​ဖြင့် ငြိမ်​သက်​ခြင်း​ကို ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ သ​ခင်​ဘု​ရား​သည် သင်​တို့​အ​ပေါင်း​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ငြိမ်သက်​ခြင်း​၏​သခင်​ကိုယ်တော်​တိုင်​သည် မည်သည့်​အခြေအနေ​၌​မဆို သင်​တို့​အား ငြိမ်သက်​ခြင်း​ကို အစဉ်အမြဲ​ပေး​တော်မူ​ပါစေသော။ သခင်​ဘုရား​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 3:16
40 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကြောင့် သင်တို့​ငြိမ်းချမ်းခြင်း​ရှိ​စေရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ ဤ​ကမ္ဘာလောက​၌ သင်တို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံတွေ့ကြရ​လိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါ​သည် ဤ​လောက​ကို အောင်ပြီ” ဟု မိန့်တော်မူ၏။


ငြိမ်းချမ်းခြင်း​ကို သင်တို့​အတွက် ငါ​ထားခဲ့၏။ ငါ​၏ ငြိမ်းချမ်းခြင်း​ကို သင်တို့​အား ငါ​ပေး၏။ သင်တို့​အား ငါ​ပေးသော​ငြိမ်းချမ်းခြင်း​သည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်​ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။


ဗျာဒိတ်တော်​စကား​မှာ “အပျိုစင်​တစ်ဦး​သည် ကိုယ်ဝန်ဆောင်​၍ သား​ယောက်ျား​ကို မွေးဖွား​လိမ့်မည်။ ထို​သား​ကို ဧမာနွေလ​ဟု ခေါ်ဝေါ်ကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ​၏ အနက်အဓိပ္ပာယ်​မှာ “ကျွန်ုပ်တို့​နှင့်အတူ​ရှိတော်မူသော​ဘုရားသခင်” ဟူ၍ ဖြစ်၏။


ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် သင်တို့​အားလုံး​နှင့်အတူ ရှိတော်မူပါစေသော။ အာမင်။


ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် မကြာမီ စာတန်​ကို သင်တို့​၏ ခြေ​အောက်​တွင် ကြေမွစေတော်မူ​လိမ့်မည်။ ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​နှင့်အတူ ရှိပါစေသော။


“အမြင့်ဆုံးသော​ကောင်းကင်ဘုံ​၌ ရှိတော်မူသော​ဘုရားသခင်​သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီး​ပေါ်​၌ ဘုရားသခင်​နှစ်သက်တော်မူသော သူတို့​အပေါ်​တွင် ငြိမ်းချမ်းခြင်း​ရှိပါစေ” ဟု ဆိုကြ၏။


ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တိုင်​သည် သင်တို့​ကို အကြွင်းမဲ့​သန့်ရှင်း​စေတော်မူ​ပါစေသော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာသည့်​တိုင်အောင် သင်တို့​၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်​ကို အပြစ်ဆိုဖွယ်​မရှိ​စေရန် စောင့်ရှောက်​ပါစေသော။


သခင်ဘုရား​သည် သင်​နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။ တိမောသေ​ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။


ထိုသို့ ဘုရားသခင်​ချစ်တော်မူ​၍ ယုံကြည်သော​သူများ​အဖြစ် ရွေးကောက်တော်မူ​ခံရသော ရောမ​မြို့သူမြို့သား​အပေါင်းတို့​ထံသို့ ဤ​စာ​ကို ကျွန်ုပ်​ရေးလိုက်ပါ၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


သင်တို့​အား ငါ​ပေးသမျှသော ပညတ်တော်​အားလုံး​ကို သူတို့​အား သွန်သင်လော့။ ငါ​သည်လည်း ကမ္ဘာ​ကုန်ဆုံးသည့်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲ​ခရစ်ဝင်ကျမ်း​ပြီးပါပြီ။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဖိလေမုန်​ဩဝါဒစာ ပြီးပါပြီ။


ထာဝရ​ပဋိညာဉ်တရား​၏ သွေးတော်​အားဖြင့် သိုးတို့​၏ သိုးထိန်းကြီး​ဖြစ်တော်မူသည့် ကျွန်ုပ်တို့​သခင်​ယေရှု​ကို သေခြင်း​မှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​သည်


အာဗြဟံ​သည်လည်း ထို​မင်းကြီး​အား ရရှိသော​ပစ္စည်းများ​မှ ဆယ်ပုံတစ်ပုံ​ကို ပေးလှူ၏။ မေလခိဇေဒက်​ဟူသော အမည်​၏ အဓိပ္ပာယ်​မှာ “ဖြောင့်မတ်ခြင်း​၏​ဘုရင်” ဖြစ်ပြီး နောက်ပိုင်း​တွင် သူ့​ကို ရှာလင်​ဘုရင်​ဟု ခေါ်တွင်​ကာ “ငြိမ်းချမ်းရေး​ဘုရင်” ဟု အဓိပ္ပာယ်​ရ၏။


နိဂုံးချုပ်​စကား​ဆိုရ​လျှင် ညီအစ်ကို​မောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့​၌ အပြစ်ဆိုဖွယ်​မရှိသည်​အထိ ဘုရားသခင်​က ပြုပြင်ပေးတော်မူ​ရန် အခွင့်ပေးကြလော့။ ကျွန်ုပ်​၏ နှိုးဆော်ချက်​ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်း​ရှိ​လျက် သင့်မြတ်​စွာ​နေကြလော့။ မေတ္တာတရား​နှင့် ငြိမ်းချမ်းခြင်း​တို့​၏ အရှင်​ဖြစ်တော်မူသော ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိတော်မူ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ယောက်ယက်ခတ်​စေတတ်သော​ဘုရား​မဟုတ်ဘဲ ယုံကြည်သူတို့​၏ အသင်းတော်များ​၌ ပြု​သကဲ့သို့ ငြိမ်းချမ်းခြင်း​ကို ဖြစ်​စေသော​ဘုရား ဖြစ်တော်မူ​သောကြောင့်​ပင်။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အားလုံး​နှင့်​အတူ ရှိပါစေသော။ သက်သာလောနိတ်​ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။


ခမည်းတော်​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့​သည် ညီအစ်ကို​မောင်နှမတို့​အပေါ် သက်ရောက်ပါစေသော။


ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် ကျွန်ုပ်တို့​၏​သခင် ယေရှု​သည် သင်တို့​ထံ ကျွန်ုပ်တို့ လာ​နိုင်ရန် လမ်းဖွင့်​ပေးတော်မူပါစေသော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ