တမန်တော်ဝတ္ထု 3:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 သင်တို့သည် အသက်၏အရှင်သခင်ကို သတ်၍ ဘုရားသခင်သည် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူ၏။ ထိုသို့ ထမြောက်စေတော်မူသည်ကို ငါတို့သည် ကိုယ်တိုင်မြင်တွေ့ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 အသက်ပိုင်ရှင်ကိုမူသတ်ဖြတ်စေခဲ့ကြ၏။ သို့သော်လည်းဘုရားသခင်သည် ထိုအရှင် ကိုသေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ ကြောင်းကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible15 သန့် ရှင်း ဖြောင့် မတ် သော အ ရှင် ကို ငြင်း ဆို၍ အ သက် ပိုင် ရှင် ကို အ သေ သတ် ကြ ရာ ငါ တို့ သက် သေ ခံ သည့် အ တိုင်း ဘု ရား သ ခင် သည် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible15 အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 အသက်ပေးပိုင်သောအရှင်ကိုမူ သင်တို့ကွပ်မျက်ကြ၏။ သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူ၏။ ငါတို့သည် ဤအမှုအရာ၏သက်သေများဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။