Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 16:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် မကြာမီ စာတန်​ကို သင်တို့​၏ ခြေ​အောက်​တွင် ကြေမွစေတော်မူ​လိမ့်မည်။ ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​နှင့်အတူ ရှိပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည်​စာ​တန် အား သင်​တို့​၏​ခြေ​အောက်​တွင်​မ​ကြာ​မီ​ချေ​မှုန်း တော်​မူ​လိမ့်​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ ခံ​စား​ကြ​ရ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် စာ တန် ကို သင် တို့ ခြေ အောက် တွင် မ ကြာ မှီ အ နင်း ခံ စေ တော် မူ လိမ့် မည်။ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် သည် သင် တို့၌ တည် ရှိ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ငြိမ်​သက်​ခြင်း​အ​ရှင် ဘု​ရား​သ​ခင်​သည် မ​ကြာ​မ​မြင့်​မီ စာ​တန်​ကို သင်​တို့​ခြေ​အောက်၌ နှိပ်​စက်​တော်​မူ​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် မကြာမီ​အတွင်း စာတန်​ကို သင်​တို့​၏​ခြေ​အောက်၌ ကြေမွ​စေ​တော်မူ​လိမ့်မည်။ ငါ​တို့​သခင်​ယေရှု​၏​ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 16:20
26 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “အို စာတန်မာရ်နတ်… ငါ့​ထံမှ ထွက်သွားလော့။ ကျမ်းစာ​၌ ရေးသားထားသည်​မှာ ‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကိုသာ ကိုးကွယ်​ရမည်။ ထို​အရှင်​တစ်ပါးတည်း​ကိုသာ ဝတ်ပြု​ရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။


ကြည့်လော့။ ငါ​သည် သင်တို့​ကို မြွေဆိုး​နှင့် ကင်းမြီးကောက်များ​အပေါ်​တွင် နင်းခြေရသော​အခွင့်​နှင့် ရန်သူများ​အပေါ် အုပ်စိုးရသော တန်ခိုးအာဏာ​ကို ပေး၏။ မည်သည့်​အရာ​မျှ သင်တို့​ကို မထိခိုက်စေရ။


ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် သင်တို့​အားလုံး​နှင့်အတူ ရှိတော်မူပါစေသော။ အာမင်။


ကျွန်ုပ်​နှင့် အသင်းသား​အပေါင်းတို့​ကို ဧည့်ခံသော အိမ်ရှင်​ဂါယု​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်​ဘဏ္ဍာထိန်း​ဧရတ္တု​နှင့် ကျွန်ုပ်တို့​၏​ညီ ကွာတု​တို့​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။ အာမင်။


မကွဲကွာစေသည်​သာမက ထို​အခက်အခဲများ​ကြားမှ​ပင် ကျွန်ုပ်တို့​ကို ချစ်တော်မူသော​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​သည် အထူး​အောင်မြင်ကြ၏။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​နှင့်အတူ ရှိပါစေ။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်၊ ဘုရားသခင်​၏ မေတ္တာတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​၏ မိတ်သဟာယဖွဲ့ခြင်း​တို့​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။ ကောရိန္သု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဂလာတိ​ဩဝါဒစာ ပြီးပါပြီ။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​ခံစားရပါစေသော။ အာမင်။ ဖိလိပ္ပိ​ဩဝါဒစာ ပြီးပါပြီ။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​ခံစားရပါစေသော။ သက်သာလောနိတ်​ဩဝါဒစာ ပထမစောင် ပြီးပါပြီ။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အားလုံး​နှင့်​အတူ ရှိပါစေသော။ သက်သာလောနိတ်​ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။


သခင်ဘုရား​သည် သင်​နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။ တိမောသေ​ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဖိလေမုန်​ဩဝါဒစာ ပြီးပါပြီ။


အပြစ်​ကျူးလွန်​နေသောသူ​သည် မာရ်နတ်​၏​သားသမီး​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်​သည် အစဦး​ကပင် အပြစ်​ကျူးလွန်​သောကြောင့်​ဖြစ်၏။ ဘုရားသခင်​၏​သားတော် ကြွလာရခြင်း​မှာ မာရ်နတ်​၏ လုပ်ဆောင်မှု​ကို ချေဖျက်​ရန် ဖြစ်၏။


ထို့နောက် ကောင်းကင်​မှ ကျယ်လောင်သော​အသံ​ဖြင့် “ယခု​တွင် ငါတို့​ဘုရားသခင်​၏ ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်​နှင့် ခရစ်တော်​၏ အခွင့်အာဏာ​တို့​သည် ပေါ်ထွန်းလာပြီ။ ငါတို့​ဘုရားသခင်​၏ ရှေ့တော်​၌​ပင် ငါတို့​၏​ညီအစ်ကို​မောင်နှမများ​ကို နေ့ရော​ညပါ စွပ်စွဲသူ​သည် ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံရပြီ။


သခင်​ယေရှု​၏ ကျေးဇူးတော်​သည် ယုံကြည်သူများ​အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဗျာဒိတ်ကျမ်း ပြီးပါပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ