Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 5:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တိုင်​သည် သင်တို့​ကို အကြွင်းမဲ့​သန့်ရှင်း​စေတော်မူ​ပါစေသော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာသည့်​တိုင်အောင် သင်တို့​၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်​ကို အပြစ်ဆိုဖွယ်​မရှိ​စေရန် စောင့်ရှောက်​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား​အ​ကုန်​အ​စင်​သန့်​ရှင်း​ဖြူ​စင်​စေ တော်​မူ​ပါ​စေ​သော။ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင်​တို့ သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ကြ​စေ​ရန်​ဘု​ရား သ​ခင်​သည် သင်​တို့​၏​ကိုယ်​စိတ်​ဝိ​ညာဉ်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ ကို ကိုယ် တော် တိုင် လုံး လုံး သန့် ရှင်း စေ တော် မူ ပါ စေ သော။ သင် တို့ နာမ် ဝိ ညာဉ်၊ စိတ် သ ဘော၊ ကိုယ် ခ န္ဓာ သုံး ပါး လုံး ကို ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြွ လာ တော် မူ သည့် ကာ လ အ ပြစ် မဲ့ အောင် စောင့် ထိန်း တော် မူ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​လည်း၊ သင်​တို့​ကို အ​ကုန်​အ​စင် သန့်​ရှင်း​စေ​တော်​မူ ပါ​စေ​သော။ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ သင်​တို့၏ ကိုယ်​ခ​န္ဓာ၊ စိတ်၊ ဝိ​ညာဉ်​အ​ပေါင်း​ကို အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ငြိမ်သက်​ခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်​တိုင် သင်​တို့​ကို အကုန်အစင်​သန့်ရှင်း​စေ​တော်မူ​ပါစေသော။ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကြွလာ​တော်မူ​သောအခါ သင်​တို့​၏​ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာ​ကို အပြစ်တင်​စရာ​မ​ရှိ​စေရန် စောင့်ရှောက်​တော်မူ​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 5:23
37 ပူးပေါင်းရင်းမြစ်များ  

မာရိ​ကလည်း “ကျွန်မ​၏​စိတ်နှလုံး​သည် ထာဝရဘုရား​ကို ချီးမွမ်း​၍


သူတို့​သည်လည်း သမ္မာတရား​အားဖြင့် သန့်ရှင်းလာ​စေရန် အကျွန်ုပ်​သည် သူတို့​အတွက် မိမိကိုယ်​ကို သန့်ရှင်းသော​ယဇ်​အဖြစ် ဆက်ကပ်ပါ၏။


သို့ဖြစ်၍ ယခု ကျွန်ုပ်​သည် သင်တို့​အား ဘုရားသခင်​ထံတော်​သို့​လည်းကောင်း၊ ကိုယ်တော်​၏ ကျေးဇူးတော်​နှင့်ဆိုင်သော တရားတော်​သို့​လည်းကောင်း အပ်နှံပါ၏။ ထို​တရားတော်​သည် သင်တို့​ကို ဆောက်တည်​ပေးနိုင်စွမ်း​နှင့် သန့်ရှင်းစေတော်မူခြင်း​ခံရသော​လူအပေါင်းတို့​နှင့်အတူ သင်တို့​ကို အမွေ​ပေးနိုင်စွမ်း​ရှိ၏။


သူတို့​အား​အမှောင်​မှ အလင်း​သို့​လည်းကောင်း၊ စာတန်မာရ်နတ်​၏​လက်အောက်​မှ ဘုရားသခင်​ထံသို့​လည်းကောင်း ပြောင်းလဲလာ​စေရန် သင်​သည် ထို​သူတို့​၏​မျက်စိများ​ကို ဖွင့်ပေး​ရမည်။ သို့မှသာ သူတို့​သည် အပြစ်များ​အတွက်​ခွင့်လွှတ်ခြင်း​ကို ခံစားရမည်။ ထို့ပြင် ငါ့​ကို​ယုံကြည်ကြ​သဖြင့် ဘုရားသခင်​သန့်ရှင်းစေတော်မူသော​လူစု​ထဲတွင် ပါဝင်ရ​လိမ့်မည်’ ဟု မိန့်တော်မူ၏။


ဘုရားသခင်​ကို သင်တို့​ယုံကြည်​သောကြောင့် မျှော်လင့်ခြင်း​၏ အရှင် ထို​ဘုရားသခင်​သည် သင်တို့​အား ဝမ်းမြောက်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့​အားဖြင့် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ကြောင့် မျှော်လင့်ခြင်း​အပြည့်အဝ ရှိ​လိမ့်မည်။


ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် သင်တို့​အားလုံး​နှင့်အတူ ရှိတော်မူပါစေသော။ အာမင်။


သည်းခံခြင်း​နှင့် နှစ်သိမ့်ခြင်း​ကို ပေးသနားတော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏ အလိုတော်​နှင့်အညီ အချင်းချင်း တစ်စိတ်တစ်ဝမ်းတည်း​ရှိသော စိတ်သဘောထား​ကို သင်တို့​အား ပေးသနားတော်မူပါစေ။


ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် မကြာမီ စာတန်​ကို သင်တို့​၏ ခြေ​အောက်​တွင် ကြေမွစေတော်မူ​လိမ့်မည်။ ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​နှင့်အတူ ရှိပါစေသော။


ယုံကြည်သူများ​ဖြစ်​စေရန် ရွေးချယ်တော်မူခြင်း​ခံရသည့် ကောရိန္သု အသင်းတော်​ဖြစ်သော သင်တို့​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို ကိုးကွယ်ကြသည့် နေရာအနှံ့​၌​ရှိသောသူ​အပေါင်းတို့​ကို ယေရှု​ခရစ်တော်​အားဖြင့် သန့်ရှင်းစေတော်မူ​သကဲ့သို့ သင်တို့​ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထို​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​နှင့် နေရာအနှံ့​၌ ရှိသော ထို​သူ​အပေါင်းတို့​၏ သခင်​ဖြစ်တော်မူ၏။


သင်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေတော်မူသော​အရှင်​မှာ ဘုရားသခင်​ဖြစ်၏။ ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အကျိုး​အတွက် ဘုရားသခင်​ထံမှ လာသော ဉာဏ်ပညာ​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်​စေတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သန့်ရှင်းစေ​၍ အပြစ်​မှ ရွေးနုတ်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ယောက်ယက်ခတ်​စေတတ်သော​ဘုရား​မဟုတ်ဘဲ ယုံကြည်သူတို့​၏ အသင်းတော်များ​၌ ပြု​သကဲ့သို့ ငြိမ်းချမ်းခြင်း​ကို ဖြစ်​စေသော​ဘုရား ဖြစ်တော်မူ​သောကြောင့်​ပင်။


ဤသို့ဖြင့် ဘုရားသခင်​သည် လူအပေါင်းတို့​၏ အပြစ်များ​ကို မှတ်တော်မမူဘဲ ခရစ်တော်​အားဖြင့် မိမိ​နှင့် ပြန်လည်​သင့်မြတ်စေတော်မူ၏။ ကိုယ်တော်​သည် ပြန်လည်​သင့်မြတ်ခြင်း​တရား​ကို ဟောပြော​ရန် ကျွန်ုပ်တို့​အား တာဝန်ပေးတော်မူ၏။


ဤသည်​မှာ သင်တို့​သည် အကောင်းဆုံး​ဖြစ်သော​အရာ​ကို ပိုင်းခြားသိမြင်​နိုင်​၍ ခရစ်တော် ပြန်ကြွလာမည့်​နေ့​တိုင်အောင် ဖြူစင်​ရိုးသား​ပြီး အပြစ်ဆိုဖွယ်​မရှိ​စေရန် ဖြစ်၏။


သင်တို့​အထဲ​တွင် ကောင်းသော​အမှု​ကို စတင်​ဆောင်ရွက်​တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော် ပြန်ကြွလာသည့် နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်သည်​အထိ ဆက်​၍ ပြုတော်မူမည်​ဟု ကျွန်ုပ်​စိတ်ချ​ယုံကြည်ပါ၏။


ကျွန်ုပ်​ထံမှ သင်တို့ သင်ယူ​၍ ကြားနာ​သိမြင်ခဲ့သော​အရာတို့​ကို ကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိတော်မူ​လိမ့်မည်။


ယခု​တွင်မူ ကိုယ်တော်​သည် သွေးသား​နှင့် ဖွဲ့စည်းထားသော ခရစ်တော်​၏​ကိုယ်ခန္ဓာ​ကို အသေခံစေတော်မူခြင်း​အားဖြင့် သင်တို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်​စေတော်မူပြီ။ ဤသည်​မှာ သင်တို့​သည် သန့်ရှင်း​၍ အပြစ်အနာအဆာ​ကင်း​လျက် အပြစ်ဆိုဖွယ်​မရှိသောသူများ​အဖြစ် ရှေ့တော်​၌ ဆက်သ​နိုင်ရန် ဖြစ်၏။


သခင်​ယေရှု ပြန်ကြွလာသည့်​အချိန်​တွင် ကိုယ်တော်​ရှေ့​၌ ကျွန်ုပ်တို့​၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ​ဆုသရဖူ​သည် မည်သည့်​အရာ ဖြစ်မည်နည်း။ သင်တို့​ပင် ဖြစ်သည်​မဟုတ်လော။


ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် ကျွန်ုပ်တို့​၏​သခင် ယေရှု​သည် သင်တို့​ထံ ကျွန်ုပ်တို့ လာ​နိုင်ရန် လမ်းဖွင့်​ပေးတော်မူပါစေသော။


ကျွန်ုပ်တို့​၏​သခင် ယေရှု​သည် မိမိ​၏ ကောင်းကင်တမန်များ​နှင့်အတူ ပြန်လည်​ကြွလာတော်မူ​သောအခါ သင်တို့​သည် ကျွန်ုပ်တို့ အဖ​ဘုရားသခင် ရှေ့တော်​၌ အပြစ်ဆိုဖွယ်​မရှိဘဲ သန့်ရှင်းနေ​ရန် သခင်ဘုရား​သည် သင်တို့​၏ စိတ်​ကို ခိုင်ခံ့မြဲမြံ​အောင် ပြုတော်မူပါစေသော။


ဘုရားသခင်​သည် သင်တို့​ကို သန့်ရှင်း​စင်ကြယ်​စေရန်​နှင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို ရှောင်ကြဉ်​စေရန် အလိုတော်​ရှိ၏။


မကောင်းသည့် အရာ​မှန်သမျှ​ကို ရှောင်ကြလော့။


ငြိမ်းချမ်းခြင်း​အရှင် သခင်ဘုရား ကိုယ်တော်တိုင်​သည် သင်တို့​ကို နည်းအမျိုးမျိုး​ဖြင့် ငြိမ်းချမ်းခြင်း​ကို အစဉ်​ပေးတော်မူပါစေသော။ သခင်ဘုရား​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။


ထာဝရ​ပဋိညာဉ်တရား​၏ သွေးတော်​အားဖြင့် သိုးတို့​၏ သိုးထိန်းကြီး​ဖြစ်တော်မူသည့် ကျွန်ုပ်တို့​သခင်​ယေရှု​ကို သေခြင်း​မှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​သည်


သန့်ရှင်း​စေတော်မူသော ယေရှု​ခရစ်တော်​နှင့် သန့်ရှင်းခြင်း​ခံရသူတို့​သည် တစ်ပါးတည်းသော​ဖခင်​ထံမှ ဖြစ်​သောကြောင့် ယေရှု​ခရစ်တော်​သည် ထို​သူတို့​ကို ညီအစ်ကို​မောင်နှမများ​ဟု ခေါ်​ရန် ရှက်တော်မမူ။


ဘုရားသခင်​၏ နှုတ်ကပတ်တော်​သည် အသက်ရှင်​၍ ထိရောက်​ကာ သန်လျက်​တကာတို့​ထက် ထက်၏။ ထို​နှုတ်ကပတ်တော်​သည် အသက်​နှင့် စိတ်ဝိညာဉ်​ကိုလည်းကောင်း၊ အရိုးအဆစ်​နှင့် ခြင်ဆီ​ကို​လည်းကောင်း ထိုးဖောက်​ကာ ပိုင်းခြား​နိုင်ပြီး လူတို့​၏ စိတ်​အတွင်းမှ တွေးတော​ကြံစည်မှုတို့​ကို သိမြင်​နိုင်၏။


သင်တို့​သည် မည်သည့်​ချို့တဲ့မှု​မျှ မရှိဘဲ ရင့်ကျက်​လျက် ပြီးပြည့်စုံ​နိုင်ရန်​အတွက် အဆုံး​တိုင်အောင် သည်းခံ​ရမည်။


ထို​သူတို့​မှာ ခမည်းတော်​ဘုရားသခင်​၏ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အရ ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​အားဖြင့် ရွေးချယ်တော်မူခြင်း​ခံထားရသူများ​ဖြစ်ကြ၏။ ဤသို့​ရွေးချယ်တော်မူခြင်း​မှာ ယေရှု​ခရစ်တော်​ကို သင်တို့​နာခံ​စေရန်​နှင့် သင်တို့​ကို အသွေးတော်​ဖြင့် ပက်ဖျန်း​၍ စင်ကြယ်​စေရန်​ဖြစ်၏။ ဘုရားသခင်​၏ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​ကို သင်တို့​ကြွယ်ဝ​စွာ ခံစားရပါစေသော။


သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။


ထို့ကြောင့် ချစ်ရသော​သူတို့… သင်တို့​သည် ဤ​အရာများ​ကို မျှော်လင့်နေသည်​ဖြစ်​၍ ကိုယ်တော်​၏ ရှေ့တော်​၌ အစွန်းအထင်း၊ အပြစ်အနာအဆာ​ကင်း​လျက် ငြိမ်းချမ်း​စွာ ရှိ​နိုင်ရန် ကြိုးစား​အားထုတ်ကြလော့။


ယေရှု​ခရစ်တော်​၏​ကျွန်၊ ယာကုပ်​၏​ညီ ကျွန်ုပ်​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ရွေးချယ်တော်မူခြင်း​နှင့် ချစ်ခြင်း​ကို ခံရ​၍ ယေရှု​ခရစ်တော်​၏ စောင့်ရှောက်ခြင်း​ခံရသော​သူတို့​ထံသို့ စာရေးလိုက်၏။


သင်တို့​အား အပြစ်နွံ​ထဲသို့ လဲကျခြင်း​မှ ကင်းဝေးစေနိုင်ပြီး အပြစ်​ကင်းစင်​လျက် ရွှင်လန်း​ဝမ်းမြောက်သော​စိတ်​နှင့် မိမိ​ဘုန်းအသရေတော်​ရှေ့သို့ ဝင်ရောက်စေနိုင်သည့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ