ဤနည်းဖြင့် သင်တို့သည် မိဘကို ရိုသေရန် မလိုအပ်ကြောင်း လူတို့အား သွန်သင်ကြ၏။ သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ကြ၏။
၂ တိ 3:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊ Common Language Bible လူတို့သည်တစ်ကိုယ်ကောင်းစိတ်ရှိသူ၊ လောဘ ကြီးသူ၊ ကြွားဝါသူ၊ မိမိကိုယ်ကိုအထင်ကြီး သူ၊ စော်ကားသူ၊ မိဘတို့ကိုတော်လှန်သူ၊ ကျေးဇူး တရားမသိသူ၊ ဘုရားတရားမကြည်ညိုသူ၊- Garrad Bible အ သို့ ဆို သော် လူ တို့ သည် ကိုယ် ကို ချစ် သူ၊ လော ဘ ရှိ သူ၊ ဝင့် ဝါ သူ၊ မာ န ထောင် လွှား သူ၊ ကဲ့ ရဲ့ သူ၊ မိ ဘ စ ကား ကို မ လိုက် နာ သူ၊ ကျေး ဇူး ကန်း သူ၊ မ သန့် ရှင်း သူ၊ Judson Bible လူတို့သည် ကိုယ်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ကြွားဝါသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမသိသောသူ၊ မသန့်ရှင်းသောသူ၊ |
ဤနည်းဖြင့် သင်တို့သည် မိဘကို ရိုသေရန် မလိုအပ်ကြောင်း လူတို့အား သွန်သင်ကြ၏။ သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ကြ၏။
ထို့နောက် သူတို့အား “သတိပြုလော့။ အမျိုးမျိုးသော လောဘတို့ကို သတိနှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး၏အသက်သည် စည်းစိမ်ကြွယ်ဝချမ်းသာမှုပေါ်တွင် မူတည်သည်မဟုတ်” ဟု မိန့်တော်မူ၏။
သို့သော် သင်တို့သည် ရန်သူများကို ချစ်လော့။ သူတို့အားကောင်းကျိုးပြုလော့။ တစ်စုံတစ်ရာကို ပြန်လည်ရရှိမည်ဟု မမျှော်လင့်ဘဲ ချေးငှားလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံမှ ရရှိမည့် သင်တို့၏ဆုလာဘ်သည် ကြီးမား၍ သင်တို့သည်လည်း အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျေးဇူးကန်းသောသူများနှင့် ဆိုးသွမ်းသောသူများကို သနားကြင်နာတော်မူသောကြောင့်ဖြစ်၏။
ယခင်ကလည်း သုဒအမည်ရှိသောသူသည် မိမိကိုယ်မိမိကြီးမြတ်သူတစ်ဦးဖြစ်သည်ဟု ပြောဆိုသဖြင့် လူလေးရာခန့်သည် သူ၏နောက်သို့လိုက်ကြ၏။ သို့သော်လည်း ထိုသူသည် အသတ်ခံရပြီးနောက် သူ၏နောက်လိုက်များသည် လူစုကွဲ၍ ပျောက်ကွယ်သွားကြ၏။
သို့ဖြစ်၍ သင်သည် ခုတ်ဖြတ်ခံရသော အကိုင်းအခက်များ၏ နေရာ၌ ကိုင်းဆက်ကူးခြင်းခံရသောကြောင့် ထိုခုတ်ဖြတ်ခံရသော အကိုင်းအခက်များကို မကြွားဝါနှင့်။ ကြွားဝါခဲ့လျှင် သင်သည် အကိုင်းအခက်မျှသာဖြစ်ကြောင်းကို သတိရလော့။ သင်သည် အမြစ်ကို ထောက်မသည်မဟုတ်ဘဲ အမြစ်ကသာ သင့်ကိုထောက်မ၏။
ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့ကိုယ်ကျိုးအတွက် အသက်မရှင်ဘဲ မိမိတို့အတွက် အသေခံ၍ တစ်ဖန်ရှင်ပြန်ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ရန် ဖြစ်၏။
ထို့ကြောင့် တရားနှင့်မညီသော မေထုန်ပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကိလေသာစိတ် ပြင်းပြခြင်း၊ မကောင်းမှုကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဟူသော လောဘလွန်ကြူးခြင်း စသည့် လောကီဆိုင်ရာအကျင့်တို့ကို အဆက်ဖြတ်ကြလော့။
ထိုသူသည် ဘုရားဟု ခေါ်၍ လူတို့ ကိုးကွယ်ကြသော အရာအားလုံးကို ဆန့်ကျင်လျက် မိမိကိုယ်ကိုယ် ချီးမြှောက်လိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်တွင် ထိုင်လျက် မိမိကိုယ်ကိုယ် ဘုရားသခင်ဖြစ်ကြောင်း ကြွေးကြော်လိမ့်မည်။
ထိုသူတို့ထဲတွင် ဟုမေနဲနှင့် အလက်ဇန်းဒါးတို့ ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်း မပြုသင့်ကြောင်း အဆုံးအမခံကြစေရန် ကျွန်ုပ်သည် သူတို့ကို စာတန်လက်သို့ အပ်လိုက်၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် ဖြောင့်မတ်သူတို့အတွက် ချမှတ်ထားသည်မဟုတ်ဘဲ ပညတ်တရားကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရားမကိုင်းရှိုင်းသူများ၊ မိဘကို သတ်သူများ၊ လူသတ်သမားများ၊
သူသည် သောက်စားမူးယစ်သူ၊ ခက်ထန်ကြမ်းကြုတ်သူ၊ ခိုက်ရန်ဖြစ်ပွားသူ၊ ငွေမက်သူမဟုတ်ဘဲ ထောက်ထားညှာတာသူ ဖြစ်ရမည်။
ငွေကို တပ်မက်ခြင်းသည် မကောင်းမှုအမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ လူတချို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားကို စွန့်ကာ အလွန်ဝမ်းနည်းပူဆွေးခြင်းကို နာကျင်စွာ ခံစားကြရ၏။
မည်သည့်အရာကိုမျှ နားမလည်သူဖြစ်၏။ သူတို့သည် စကားလုံးအသုံးအနှုန်းများနှင့်ပတ်သက်၍ ငြင်းခုံရခြင်းကို နှစ်သက်၏။ ထိုအပြုအမူသည် တစ်ဦးနှင့်တစ်ဦး မနာလိုခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ဆိုးညစ်သောသံသယစိတ်ရှိခြင်းတို့ ဖြစ်လာစေ၏။
သစ္စာဖောက်သူ၊ ဆင်ခြင်တုံတရားကင်းမဲ့သူ၊ ဘဝင်မြင့်သူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားမှုကို နှစ်သက်သူ၊
ကျမ်းစာတွင် ပါသည့် “ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသော ရွှေပညတ်တော်ကို အမှန်တကယ် လိုက်နာကျင့်သုံးနိုင်လျှင် သင်တို့သည် မှန်ကန်စွာ ပြု၏။
ယခုတွင်မူ သင်တို့သည် လုပ်ဆောင်မည့်အစီအစဉ်အကြောင်း မာနထောင်လျက် ကြွားဝါတတ်ကြ၏။ ထိုသို့သော ကြွားဝါခြင်းမှန်သမျှသည် မကောင်းမှုဖြစ်၏။
သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့အား များပြားသောကျေးဇူးတော်ကို ပေးတော်မူ၏။ ထို့ကြောင့် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကိုမူ ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား၏။
ထိုနည်းတူ ငယ်ရွယ်သောသူတို့… အသင်းတော်အကြီးအကဲတို့ကို နာခံကြလော့။ တစ်ဦးကိုတစ်ဦး အချင်းချင်း ဆက်ဆံရာ၌ နှိမ့်ချသောစိတ်ကို တန်ဆာဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထားသောကြောင့်ဖြစ်၏။
အထူးသဖြင့် ညစ်ညမ်းသောအရာကို တပ်မက်သည့် လူ့ဗီဇစိတ်နောက်သို့ လိုက်သွားသူများနှင့် ဘုရားသခင်၏ အုပ်စိုးခြင်းကို မထီမဲ့မြင်ပြုသူများအား ထိုသို့အပြစ်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် အတင့်ရဲသူများ၊ ထင်ရာစိုင်းသူများဖြစ်ပြီး ဘုန်းတန်ခိုးကြီးသူတို့ကို စော်ကားပြောဆိုဝံ့ကြ၏။
သူတို့သည် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရန်အတွက် ပေါက်ဖွားလာပြီး ပင်ကိုဗီဇအရ ဆင်ခြင်တုံတရားမဲ့သော တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြ၍ မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များကဲ့သို့ပင် ပျက်စီးကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးမဲ့ ချဲ့ကားကြွားဝါပြောဆိုလျက် မှားယွင်းစွာ ပြုမူနေထိုင်ကြသူတို့ထဲမှ လွတ်မြောက်ခါစဖြစ်သော သူများကို လူ့ဗီဇစိတ်၏တပ်မက်မှုများနှင် ကိလေသာလွန်ကြူးခြင်းတို့ဖြင့် ဆွဲဆောင်ကြသောကြောင့်ဖြစ်၏။
ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။
ထိုသူတို့သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့၏ တပ်မက်မှုအတိုင်း ပြုမူတတ်သူ၊ ချဲ့ကားကြွားဝါပြောတတ်သူ၊ ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်တတ်သူတို့ဖြစ်ကြ၏။
ထို့နောက် သားရဲတစ်ကောင် ပင်လယ်ထဲမှ တက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုသားရဲ၌ ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ပါရှိပြီး ထိုဦးချိုများတွင် သရဖူဆယ်ခုရှိ၏။ ခေါင်းတစ်လုံးစီအပေါ်၌ ဘုရားသခင်ကို စော်ကားသောအမည်များကို ရေးထား၏။
သူတို့သည် ခံစားရသောဝေဒနာနှင့် အနာစိမ်းတို့ကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့၏အကျင့်ဆိုးများအတွက်လည်း နောင်တမရကြ။
အလေးချိန်ပေါင်တစ်ရာခန့် ရှိသော မိုးသီးတို့သည် ကောင်းကင်မှ လူတို့အပေါ်သို့ ကျလေ၏။ ထိုမိုးသီးဘေးဒဏ် အလွန်ပြင်းထန်သောကြောင့် လူတို့သည် ဘုရားသခင်ကို ကျိန်ဆဲကြ၏။
လူတို့သည် ပြင်းထန်သော အပူရှိန်ကြောင့် လောင်ကျွမ်းခြင်းကို ခံရသဖြင့် ဤဘေးဒဏ်များကျရောက်စေရန် အခွင့်အာဏာရှိသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ သူတို့သည် နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုလည်း မချီးမွမ်းကြ။