Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 6:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ငွေ​ကို တပ်မက်ခြင်း​သည် မကောင်းမှု​အမျိုးမျိုး​၏ အရင်းအမြစ်​ဖြစ်၏။ လူတချို့​သည် ငွေ​ကို တပ်မက်​သောကြောင့် ယုံကြည်ခြင်း​တရား​ကို စွန့်​ကာ အလွန်​ဝမ်းနည်း​ပူဆွေးခြင်း​ကို နာကျင်​စွာ ခံစားကြရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 အ​ဘယ်​ကြောင့်​ဆို​သော်​ငွေ​ကို​စွဲ​လမ်း​တပ် မက်​ခြင်း​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး​တို့​၏ မူ​လ​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်​တည်း။ အ​ချို့​သော​သူ​တို့​သည်​ငွေ​ကို​ခုံ​မင်​လှ သ​ဖြင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​၍ ပူ​ဆွေး​လျက်​ဝမ်း​နည်း​ပက်​လက် ဖြစ်​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ငွေ ကို တပ် မက် ခြင်း သည် အ ဆိုး အ မျိုး မျိုး၏ အ မြစ် မူ လ ဖြစ် သည့် အ လျောက် အ ချို့ သည် လိုက် စား သ ဖြင့် ယုံ ကြည် ခြင်း တ ရား လမ်း မှ လွှဲ သွား၍ များ ပြား စွာ သော က နှင့် ကိုယ် ကို ထုတ် ချင်း ခွင်း ကြ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 အ​ကြောင်း​မူ​ကား၊ ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​သော အ​မှု​အ​ပေါင်း​တို့​တွင် မူ​လ​အ​မြစ်​ဖြစ်​သ​တည်း။ လူ​အ​ချို့​တို့​သည် ငွေ​ကို တပ်​မက်​သော​ကြောင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွှဲ​သွား၍၊ ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​များ​နှင့် ကိုယ်​ကို​ကိုယ် ထုတ်​ချင်း​ခပ်​အောင် ထိုး​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အကြောင်းမူကား ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းမှု​အလုံးစုံ​တို့​၏​အရင်းအမြစ်​ဖြစ်​၏။ လူ​အချို့​တို့​သည် ငွေ​ကို​အလွန်​တပ်မက်​သဖြင့် ယုံကြည်​ခြင်း​လမ်း​မှ လွဲချော်​သွား​၍ များစွာ​သော​ပူပန်​ခြင်း​ဝေဒနာ​ဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်​နာကျင်​စေ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 6:10
49 ပူးပေါင်းရင်းမြစ်များ  

ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို​ကြား​သော်လည်း လောကီရေးရာ​ကို​စိုးရိမ်ခြင်း​နှင့် စည်းစိမ်​၏​ဖြားယောင်းခြင်းတို့​က ထို​တရားစကား​ကို လျင်မြန်​စွာ ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူ​ကို ဆိုလို၏။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏​တံခါး​ကို လူတို့​ရှေ့​မှ ပိတ်ထား​၍ သင်တို့​ကိုယ်တိုင်​လည်း​မဝင်၊ ဝင်လိုသည့်​သူများ​ကိုလည်း ဝင်ခွင့်​မပေးဘဲ နေကြ​သောကြောင့်​ဖြစ်၏။


သံချေး​နှင့်​ပိုး ဖျက်ဆီး​၍ သူခိုး​ဖောက်ထွင်း​ခိုးယူနိုင်သော လောက​၌ ဘဏ္ဍာ​ကို မစုဆောင်းကြနှင့်။


လောကီရေးရာ​ကို​စိုးရိမ်ခြင်း၊ စည်းစိမ်​၏​ဖြားယောင်းခြင်း​နှင့် အခြား​တပ်မက်ခြင်းတို့​က ထို​တရားစကား​ကို ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်ကြ။


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


သူ​သည် သောက်စား​မူးယစ်သူ၊ ခက်ထန်​ကြမ်းကြုတ်သူ၊ ခိုက်ရန်​ဖြစ်ပွားသူ၊ ငွေမက်သူ​မဟုတ်ဘဲ ထောက်ထား​ညှာတာသူ ဖြစ်ရမည်။


ဤ​အရာများ​ကို လက်ခံသူ​တချို့​သည် ယုံကြည်ခြင်း​တရား​လမ်း​မှ လွဲချော်​သွားကြပြီ။ ကျေးဇူးတော်​သည် သင်တို့​အားလုံး​အပေါ် သက်ရောက်ပါစေသော။ တိမောသေ​ဩဝါဒစာ ပထမစောင် ပြီးပါပြီ။


ချမ်းသာ​လိုသော​သူတို့​သည် ဖြားယောင်း​သွေးဆောင်ခံရခြင်း၊ ထောင်ချောက်​မိခြင်း၊ မိုက်မဲ​၍ အန္တရာယ်​ရှိသော တပ်မက်ခြင်း​စသည်တို့​ထဲသို့ ကျရောက်တတ်၏။ ထို​အရာများ​သည် လူတို့​ကို အကြွင်းမဲ့ ပျက်စီး​ဆုံးရှုံးစေ၏။


အဘယ်ကြောင့်ဆိုသော် ထို​အချိန်​တွင် လူတို့​သည် ကိုယ့်ကိုယ်ကိုယ်​ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘ​စကား​နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊


ဒေမ​သည် ဤ​လောက​ကို ချစ်​၍ ကျွန်ုပ်​ကို စွန့်ခွာ​ပြီး သက်သာလောနိတ်မြို့​သို့ သွားလေပြီ။ ကရက္ကေ​သည် ဂလာတိပြည်​သို့ သွားပြီ။ တိတု​သည် ဒါလမာတိပြည်​သို့ သွားပြီ။


ထို​သူတို့​ကို နှုတ်ဆိတ်​စေရမည်။ သူတို့​သည် မသမာနည်း​ဖြင့် ငွေရှာ​လို​သောကြောင့် မသွန်သင်​သင့်သော အရာများ​ကို သွန်သင်​လျက် အချို့​မိသားစုများ​၏ ယုံကြည်ခြင်း​ကို ပျက်စီးစေကြ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​ထဲမှ တစ်စုံတစ်ဦး​သည် သမ္မာတရား​လမ်း​မှ လွဲသွား​၍ အခြားသူ​တစ်ဦး​က သူ့​ကို လမ်းမှန်​သို့ ပြန်လည် ခေါ်ဆောင်လာ​လျှင်


သူတို့​သည် အမင်္ဂလာ​ရှိကြ၏။ သူတို့​သည် ကာဣန​၏​လမ်းစဉ်​သို့ လိုက်ကြပြီ။ ဗာလမ်​သည် အခကြေးငွေ​ကို ရလို​၍ မှားယွင်း​သကဲ့သို့ ဗာလမ်​နည်းတူ အလျင်အမြန်​မှားယွင်းကြပြီ။ ကောရ​ကဲ့သို့ ပုန်ကန်​သဖြင့် ပျက်စီး​ဆုံးရှုံးကြပြီ။


သစ်ကြံပိုး၊ အမွှေးအကြိုင်၊ အမွှေးနံ့သာ၊ မုရန်၊ လောဗန်၊ စပျစ်ဝိုင်၊ သံလွင်ဆီ၊ မုန့်ညက်၊ ဂျုံ၊ ကျွဲနွား​တိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ ကျွန်များ​နှင့် လူ့​အသက်တို့​ပင် ဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ