Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 6:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ချမ်းသာ​လိုသော​သူတို့​သည် ဖြားယောင်း​သွေးဆောင်ခံရခြင်း၊ ထောင်ချောက်​မိခြင်း၊ မိုက်မဲ​၍ အန္တရာယ်​ရှိသော တပ်မက်ခြင်း​စသည်တို့​ထဲသို့ ကျရောက်တတ်၏။ ထို​အရာများ​သည် လူတို့​ကို အကြွင်းမဲ့ ပျက်စီး​ဆုံးရှုံးစေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ချမ်း​သာ​ကြွယ်​ဝ​လို​သူ​တို့​သည်​အ​ပြစ်​သွေး ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​၏။ သူ​တို့​သည်​မိုက်​မဲ ၍​အ​ကျိုး​ယုတ်​စေ​တတ်​သည့်​စွဲ​လမ်း​တပ်​မက် မှု​တို့​ဖြင့်​ကျော့​မိ​ကြ​၏။ ထို​စွဲ​လမ်း​တပ်​မက်​မှု များ​သည်​သူ​တို့​အား​ပျက်​စီး​ဆုံး​ရှုံး​စေ တတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ကြွယ် ဝ လို သူ တို့ မူ ကား သွေး ဆောင် ခြင်း၊ ကျော့ ကွင်း မိ ခြင်း မှ စ၍ လူ တို့ ကို ပျက် စီး ဆုံး ရှုံး ရာ၌ နစ် မြှုပ် စေ သည့် တပ် မက် ခြင်း၊ အ န္တ ရာယ် ရှာ ကြံ လျက် မိုက် မဲ သော တပ် မက် ခြင်း များ နောက် သို့ ပါ သွား တတ် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ငွေ​ရ​တတ်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း၊ ဖမ်း​မိ​ခြင်း၊ မိုက်​မဲ​ဖျက်​ဆီး​တတ်​သော တပ်​မက်​ခြင်း​များ​ထဲ​သို့ ကျ​ရောက်​တတ်​ကြ၏။ ထို​သို့​သော​အား​ဖြင့် လူ​တို့​သည် အ​ကျိုး​နည်း​ခြင်း၊ ပျက်​စီး​ခြင်း၌ နစ်​မွန်း​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ချမ်းသာ​လို​သော​သူ​တို့​သည် ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့​လည်းကောင်း၊ ထောင်ချောက်​ထဲသို့​လည်းကောင်း၊ လူ​တို့​ကို ပျက်စီး​ခြင်း​နှင့်​ဆုံးရှုံး​ခြင်း​တွင် နစ်မွန်း​စေ​တတ်​သော မိုက်မဲ​၍​အန္တရာယ်​ရှိ​သည့် တပ်မက်​ခြင်း​အမျိုးမျိုး​ထဲသို့​လည်းကောင်း ကျရောက်​တတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 6:9
42 ပူးပေါင်းရင်းမြစ်များ  

ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို​ကြား​သော်လည်း လောကီရေးရာ​ကို​စိုးရိမ်ခြင်း​နှင့် စည်းစိမ်​၏​ဖြားယောင်းခြင်းတို့​က ထို​တရားစကား​ကို လျင်မြန်​စွာ ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူ​ကို ဆိုလို၏။


သို့ရာတွင် ထို​လူငယ်​သည် ဥစ္စာပစ္စည်း​ကြွယ်ဝသူ​ဖြစ်​သောကြောင့် ထို​စကားကို ကြား​သော် စိတ်မသက်မသာ​ဖြင့် ထွက်သွားလေ၏။


“ယေရှု​ကို သင်တို့​ထံ အပ်​လျှင် ကျွန်ုပ်​အား ငွေ​မည်မျှ ပေးမည်နည်း” ဟု မေးလေ၏။ သူတို့​ကလည်း ငွေ​ဒင်္ဂါး​ပြား​သုံးဆယ်​ပေးကြ၏။


သံချေး​နှင့်​ပိုး ဖျက်ဆီး​၍ သူခိုး​ဖောက်ထွင်း​ခိုးယူနိုင်သော လောက​၌ ဘဏ္ဍာ​ကို မစုဆောင်းကြနှင့်။


လောကီရေးရာ​ကို​စိုးရိမ်ခြင်း၊ စည်းစိမ်​၏​ဖြားယောင်းခြင်း​နှင့် အခြား​တပ်မက်ခြင်းတို့​က ထို​တရားစကား​ကို ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်ကြ။


ထိုကဲ့သို့​ပင် မိမိ​အတွက် စည်းစိမ်​ဥစ္စာများ​ကို စုသိမ်းထား​သော်လည်း ဘုရားသခင်​ရှေ့တွင် ဆင်းရဲသော​သူ​သည် ထို​သူဌေး​နှင့်​တူ၏” ဟု မိန့်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ထို​နေ့ရက်​သည် ကမ္ဘာ့​မြေမျက်နှာ​တစ်ပြင်လုံး​ပေါ်တွင် နေထိုင်သော​သူများ​အားလုံး​အပေါ်သို့ ကျရောက်လာမည်​ဖြစ်သောကြောင့်​ပင်။


သို့သော် ပေတရု​က “ဘုရားသခင်​ပေးသော​လက်ဆောင်​ကို ငွေ​နှင့် ဝယ်ယူနိုင်သည်​ဟု သင်​ယူဆ​သောကြောင့် သင့်​ငွေ​သည် သင်​နှင့်အတူ ပျက်စီးပါစေ။


သို့ဖြစ်၍ ဖြားယောင်းတတ်သော အလို​ရမ္မက်များ​ကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့​၏ လူဟောင်း ဖြစ်သော ယခင်​ပြုမူနေထိုင်ပုံ​ကို စွန့်လွှတ်ကြလော့။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​သည် ဖြောင့်မတ်သူတို့​အတွက် ချမှတ်ထားသည်​မဟုတ်ဘဲ ပညတ်တရား​ကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရား​မကိုင်းရှိုင်းသူများ၊ မိဘ​ကို သတ်သူများ၊ လူသတ်သမားများ၊


သူတစ်ပါး ကဲ့ရဲ့​ရှုတ်ချခြင်း​မခံရ​စေရန်​နှင့် မာရ်နတ်​၏ ကျော့ကွင်း​ထဲသို့ မကျရောက်​စေရန် သူ​သည် အသင်းတော်​ပြင်ပ​တွင် ဂုဏ်သရေ​ရှိသူ ဖြစ်ရမည်။


ငွေ​ကို တပ်မက်ခြင်း​သည် မကောင်းမှု​အမျိုးမျိုး​၏ အရင်းအမြစ်​ဖြစ်၏။ လူတချို့​သည် ငွေ​ကို တပ်မက်​သောကြောင့် ယုံကြည်ခြင်း​တရား​ကို စွန့်​ကာ အလွန်​ဝမ်းနည်း​ပူဆွေးခြင်း​ကို နာကျင်​စွာ ခံစားကြရ၏။


ဤ​လောက​၌ ချမ်းသာကြွယ်ဝ​သူတို့​ကို ဘဝင်​မမြင့်​ရန်​နှင့် မမြဲသည့်​စည်းစိမ်ချမ်းသာ​တို့​အပေါ် ကိုးစား​မျှော်လင့်ခြင်း​မရှိ​ရန် ညွှန်ကြားလော့။ ကျွန်ုပ်တို့​ကို ဝမ်းမြောက်​စေလိုသည့်​အတွက် အရာ​အားလုံး​ကို ရက်ရော​စွာ ပေးသနားတော်မူသည့် ဘုရားသခင်​ကိုသာ ကိုးစား​မျှော်လင့်​ရန် ညွှန်ကြားလော့။


မာရ်နတ်​သည် မိမိ​အလို​အတိုင်း လိုက်နာ​စေရန် သူတို့​ကို ဖမ်းဆီးထား​သော်လည်း သူတို့​သည် အသိတရား​ရ​၍ မာရ်နတ်​၏ ထောင်ချောက်​မှ လွတ်မြောက်နိုင်​လိမ့်မည်။


ဤ​ကျေးဇူးတော်​သည် ကျွန်ုပ်တို့​အား ဘုရား​တရား​မဲ့ခြင်း​နှင့် လောကီ​တပ်မက်ခြင်း​ကို ငြင်းပယ်​၍ မိမိကိုယ်ကိုယ်​ချုပ်တည်းခြင်း၊ ဖြောင့်မတ်ခြင်း​နှင့် ဘုရားတရား​ကိုင်းရှိုင်းခြင်းတို့​ဖြင့် နေထိုင်​ရန် သွန်သင်ပေး၏။


ထို​သူတို့​သည် မိမိတို့​၏ လောဘစိတ်​နှင့် လုပ်ကြံ​ဇာတ်လမ်းများ​ဖြင့် သင်တို့​အပေါ် အမြတ်ထုတ်ကြ​လိမ့်မည်။ ဘုရားသခင်​သည် ထို​သူတို့ ခံရမည့်​ပြစ်ဒဏ်​ကို ယခင်​ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့​၏ ပျက်စီးခြင်း​ကိုလည်း နှောင့်နှေး​စေတော်မူမည် မဟုတ်။


သူတို့​သည် အမင်္ဂလာ​ရှိကြ၏။ သူတို့​သည် ကာဣန​၏​လမ်းစဉ်​သို့ လိုက်ကြပြီ။ ဗာလမ်​သည် အခကြေးငွေ​ကို ရလို​၍ မှားယွင်း​သကဲ့သို့ ဗာလမ်​နည်းတူ အလျင်အမြန်​မှားယွင်းကြပြီ။ ကောရ​ကဲ့သို့ ပုန်ကန်​သဖြင့် ပျက်စီး​ဆုံးရှုံးကြပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ