Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:35 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 သို့သော် သင်တို့​သည် ရန်သူများ​ကို ချစ်လော့။ သူတို့​အား​ကောင်းကျိုးပြုလော့။ တစ်စုံတစ်ရာ​ကို ပြန်လည်​ရရှိမည်​ဟု မမျှော်လင့်ဘဲ ချေးငှားလော့။ ထိုသို့​ပြု​လျှင် ကောင်းကင်ဘုံ​မှ ရရှိမည့် သင်တို့​၏​ဆုလာဘ်​သည် ကြီးမား​၍ သင်တို့​သည်လည်း အမြင့်မြတ်ဆုံးသော ဘုရားသခင်​၏​သားသမီးများ ဖြစ်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျေးဇူးကန်းသော​သူများ​နှင့် ဆိုးသွမ်းသော​သူများ​ကို သနားကြင်နာတော်မူ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 သင်​တို့​မူ​ကား​ရန်​သူ​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး ပြု​ကြ​လော့။ တစ်​စုံ​တစ်​ရာ​ကို​ပြန်​လည်​ရ​ရှိ​ရန် မ​မျှော်​လင့်​ဘဲ​ချေး​ငှား​ကြ​လော့။ ယင်း​သို့​ပြု​ပါ မူ​သင်​တို့​သည်​ကြီး​မြတ်​သော​ဆု​လာဘ်​ကို​ရ လျက်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​သား များ​ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​ရှင်​သည်​ကျေး​ဇူး မ​သိ​တတ်​သူ​များ၊ ဆိုး​ညစ်​သူ​များ​အား ကျေး​ဇူး​ပြု​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 သင် တို့ မူ ကား၊ ရန် သူ တို့ ကို ချစ် ခင် ပြု စု လျက်၊ ပြန် ရ မည် ကို မ မျှော် လင့် ဘဲ ချေး ငှါး ကြ လော့။ ထို သို့ ပြု လျှင် သင် တို့ သည် ကျေး ဇူး ကန်း သူ၊ ဆိုး သွမ်း သူ တို့ အ ပေါ်၌ သ နား တော် မူ သည့် မြင့် မြတ် သော အ ရှင်၏ သား များ မှန် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 သင်​တို့​မူ​ကား ရန်​သူ​တို့​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး​ပြု​ကြ​လော့။ တစ်​စုံ​တစ်​ခု​ကို​ရ​မည်​ဟု မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​အ​ကျိုး​ကြီး​လိမ့်​မည်။ အ​မြင့်​ဆုံ​သော​ဘု​ရား၏​သား ဖြစ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 သို့သော် သင်​တို့​သည် သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အမှု​ကို​ပြု​ကြ​လော့။ မည်သည့်​အရာ​မျှ ပြန်လည်​ရရှိ​ရန်​မ​မျှော်လင့်​ဘဲ ချေးငှား​ကြ​လော့။ ထိုသို့ပြုလျှင် သင်​တို့​ရရှိ​မည့်​ဆုလာဘ်​သည်​ကြီးမား​၍ သင်​တို့​သည် အမြင့်ဆုံး​သော​ဘုရား​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​အရှင်​သည် ကျေးဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေးဇူးပြု​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 သင်​တို့​မူ​ကား ရန်​သူ​တို့​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး​ပြု​ကြ​လော့။ တစ်​စုံ​တစ်​ခု​ကို​ရ​မည်​ဟု မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​အ​ကျိုး​ကြီး​လိမ့်​မည်။ အ​မြင့်​ဆုံ​သော​ဘု​ရား၏​သား ဖြစ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:35
21 ပူးပေါင်းရင်းမြစ်များ  

ခိုက်ရန်ဖြစ်ခြင်း​ကို ပြေငြိမ်းစေသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် ဘုရားသခင်​၏ သားသမီးများ​ဟု ခေါ်ခံကြရမည်​ဖြစ်​သောကြောင့်ပင်။


“အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​သားတော်​ယေရှု… ကိုယ်တော်​သည် အကျွန်ုပ်​နှင့် မည်သို့​ဆိုင်သနည်း။ အကျွန်ုပ်​ကို ညှဉ်းဆဲတော်မမူ​ရန် ဘုရားသခင်​ကို အမှီပြု​၍ တောင်းပန်ပါ၏” ဟု အော်ဟစ်​၍ လျှောက်လေ၏။


ထို​သား​သည် အလွန်​ကြီးမြတ်သူ ဖြစ်လာ​၍ အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​သားတော်​ဟု ခေါ်ဝေါ်ခြင်း​ကို ခံရ​လိမ့်မည်။ ဘုရားသခင်​သည် ထို​သားတော်​အား သူ​၏​ဖခင်ကြီး​ဖြစ်သော ဒါဝိဒ်မင်း​၏​ရာဇပလ္လင်​ကို ပေးအပ်တော်မူ​လိမ့်မည်။


သင်တို့​၏​အဖ​သည် သနားကြင်နာတော်မူသည့်​အတိုင်း သင်တို့​သည်လည်း သနားကြင်နာကြလော့။


သင်တို့​အချင်းချင်း​ချစ်ကြ​လျှင် လူအပေါင်းတို့​က ထို​ချစ်ခြင်းမေတ္တာ​ကို ထောက်​၍ သင်တို့​သည် ငါ့​တပည့်​ဖြစ်ကြောင်း​ကို သိကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သင်တို့​သည် အသီး​များစွာ သီး​လျက် ငါ့​တပည့်များ​ဖြစ်ခြင်း​အားဖြင့် ငါ့​ခမည်းတော်​၏ ဘုန်းတော်​ကို ထင်ရှား​စေတော်မူ၏။


သို့သော်လည်း ဘုရားသခင်​သည် သင်တို့​အား ကျေးဇူးပြု​လျက် ကောင်းကင်​မှ​မိုး ရွာစေ​၍ အသီးအနှံ​ကို ဖြစ်ထွန်းစေတော်မူ၏။ စားစရာ​ကိုလည်း ပေး​၍ စိတ်ရွှင်လန်း​ဝမ်းမြောက်စေတော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်​သည် မိမိ​ရှိတော်မူကြောင်း​ကို အစဉ်​သက်သေပြတော်မူ၏” ဟု အော်ဟစ်​ပြောဆိုကြလေ၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​သည် ချမ်းသာ​သော်လည်း သင်တို့​၏ အကျိုး​ကို​ထောက်​၍ ဆင်းရဲ​ခံတော်မူ၏။ ထိုသို့​ဆင်းရဲ​ခံတော်မူခြင်း​မှာ သင်တို့ ချမ်းသာလာ​စေရန် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ထို​အချိန်​တွင် လူတို့​သည် ကိုယ့်ကိုယ်ကိုယ်​ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘ​စကား​နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ