Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 2:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 အဘယ်ကြောင့်ဆိုသော် သူတို့​သည် အကျိုးမဲ့ ချဲ့ကား​ကြွားဝါ​ပြောဆို​လျက် မှားယွင်း​စွာ ပြုမူ​နေထိုင်ကြ​သူတို့​ထဲမှ လွတ်မြောက်​ခါစ​ဖြစ်သော သူများ​ကို လူ့​ဗီဇစိတ်​၏​တပ်မက်မှုများ​နှင် ကိလေသာ​လွန်ကြူးခြင်း​တို့​ဖြင့် ဆွဲဆောင်ကြ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သူ​တို့​သည်​မှား​ယွင်း​လမ်း​လွဲ​သော​လူ​စု အ​ထဲ​မှ​လွတ်​မြောက်​ခါ​စ​ဖြစ်​သော​သူ​တို့ အား ကြွား​ဝါ​သော​အ​ချည်း​နှီး​စ​ကား​များ ကို​သုံး​ကာ ကာ​မ​ဂုဏ်​လိုက်​စား​မှု​ဖြင့်​သွေး ဆောင်​လမ်း​လွဲ​စေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18-19 လူ သည် မ အောင် နိုင် သော အ ရာ အောက် ကျွန် ခံ ရ သည့် အ တိုင်း ထို သူ တို့ လည်း သင်္ခါ ရ တ ရား အောက် ကျွန် ခံ လျက် နေ စဉ် အ ချည်း နှီး သော စ ကား လုံး ကြီး များ ကို ပြော ဆို၍ မိုက် မှား သူ တို့ ဘောင် မှ ထွက် လွတ် စ သူ တို့ အား လွတ် ခွင့် ကို က တိ ထား လျက် ရုပ် ခ န္ဓာ့ ကာ မ လိုက် စား ခြင်း ဖြင့် ဖြား ယောင်း တတ် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 အ​ကြောင်း​မူ​ကား၊ မှား​ယွင်း​ခြင်း၌ ကျင်​လည်​သော သူ​တို့​အ​ထဲ​က ပြေး​ထွက်​လု​သော​သူ​တို့​ကို၊ ထောင်​လွှား​သော အ​ချည်း​နှီး​စ​ကား ပြော​သည်​နှင့်၊ ဇာ​တိ​ပ​က​တိ တပ်​မက်​ခြင်း၊ ကိ​လေ​သာ​လွန်​ကျူး​ခြင်း​အား​ဖြင့် အ​ပြစ်​သို့ သွေး​ဆောင်​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 အကြောင်းမူကား သူ​တို့​သည် အချည်းနှီး​ချဲ့ထွင်​ဝါကြွား​ပြောဆို​လျက် မှားယွင်း​ခြင်း​၌​အသက်ရှင်​နေထိုင်​သော​သူ​တို့​ထဲမှ လွတ်မြောက်​ခါစ​ရှိ​သော​သူ​တို့​ကို သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ဖြင့် လှည့်ဖြား​ဆွဲဆောင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 2:18
22 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ပေတရု​သည် အခြား​စကားများ​ဖြင့် သက်သေခံ​ဟောပြော​ပြီးနောက် “ပျက်စီး​လျက်​ရှိသော​ဤ​မျိုးဆက်​မှ မိမိကိုယ်ကိုယ်​ကယ်နုတ်ကြလော့” ဟု တိုက်တွန်း​နိုးဆော်လေ၏။


ထို​မြို့​တွင် ရှိမုန်​ဟု ခေါ်သော​သူ​တစ်ဦး​ရှိ၏။ သူ​သည် ယခင်​ကပင် မှော်ပညာ​ကို ပြသ​၍ ရှမာရိလူမျိုးများ​အား အံ့အားသင့်စေ​ကာ မိမိ​သည် ကြီးမြတ်သူ​တစ်ဦး​ဖြစ်သည်​ဟု ကြွားဝါ​လျက်​ရှိ၏။


နေ့အချိန်​၌ ပြုမူနေထိုင်​သကဲ့သို့ သင့်တင့်​လျောက်ပတ်​စွာ ပြုမူနေထိုင်​ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စား​မူးယစ်ခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊ ကိလေသာ​လွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း​နှင့် မနာလိုခြင်း​တို့ကို ရှောင်ကြဉ်ရမည်။


ထို့ကြောင့် ဘုရားသခင်​ကို မသိသော​လူမျိုးခြားများ​ကဲ့သို့ မနေထိုင်ကြ​ရန် သခင်ဘုရား​၏ အခွင့်အာဏာ​ဖြင့် သင်တို့​ကို ကျွန်ုပ် သတိပေး​လို၏။ ထို​သူတို့​၏ တွေးခေါ်ကြံဆမှု​သည် အကျိုး​မရှိပေ။


ထို​သူ​သည် ဘုရား​ဟု ခေါ်​၍ လူတို့ ကိုးကွယ်ကြသော အရာ​အားလုံး​ကို ဆန့်ကျင်​လျက် မိမိကိုယ်ကိုယ် ချီးမြှောက်​လိမ့်မည်။ ဘုရားသခင်​၏ ဗိမာန်တော်​တွင် ထိုင်​လျက် မိမိကိုယ်ကိုယ် ဘုရားသခင်​ဖြစ်ကြောင်း ကြွေးကြော်​လိမ့်မည်။


သင်တို့​သည် ဤ​လောက​တွင် စည်းစိမ်ခံစား​လျက် ဇိမ်ကျကျ နေကြပြီ။ အသတ်​ခံကြရမည့်​နေ့​အတွက် မိမိ​ကိုယ်ကိုယ် ဆူဖြိုး​အောင် ကျွေးမွေးခဲ့ကြပြီ။


ကိုယ်တော်​သည် မိမိ​၏ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​အားဖြင့် အဖိုးတန်​၍ ကြီးမြတ်သော​ကတိတော်​ကို ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဤသည်​မှာ ထို​ကတိတော်​အားဖြင့် သင်တို့​အား ဤ​လောကီ​တပ်မက်ခြင်း​ကြောင့် ဖြစ်သည့်​ပျက်စီးခြင်း​မှ လွတ်မြောက်​၍ ဘုရားဖြစ်ခြင်း​သဘော​၌ ပါဝင်​ပတ်သက်လာ​စေရန်​ဖြစ်၏။


သူတို့​၌ ဖောက်ပြန်​လိုစိတ်​နှင့် ပြည့်နှက်နေသော​မျက်စိ​ရှိ​၍ အပြစ်​မကျူးလွန်ဘဲ မနေနိုင်ကြ။ ယုံကြည်ခြင်း​၌ တည်ငြိမ်​ရင့်ကျက်မှု​မရှိသေးသော​သူတို့​ကို ဆွဲဆောင်​တတ်ကြ၏။ သူတို့​သည် လောဘ​လွန်ကြူး​ရာတွင် ကျင်လည်​၍ ဘုရားသခင်​၏​ကျိန်စာသင့်သူများ ဖြစ်ကြ၏။


လူများစွာတို့​သည် ထို​သူတို့​၏ ကိလေသာ​လွန်ကြူးခြင်း​လမ်းစဉ်​နောက်သို့ လိုက်ကြ​လိမ့်မည်။ ထို​ဆရာ​အတုအယောင်များ​ကြောင့် သမ္မာတရား​လမ်း​သည် စော်ကား​ပြောဆိုခံရ​လိမ့်မည်။


ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​ကြောင့် လောကီ​ညစ်ညမ်းမှု​မှ လွတ်ကင်း​ပြီးနောက် ထို​အရာ​နှင့် ပြန်လည်​ပတ်သက်မိ​သဖြင့် အနိုင်ယူ​စိုးမိုးခံရ​လျှင် ထို​သူတို့​၏ အခြေအနေ​သည် အစ​က​ထက် အဆုံး​တွင် ပိုမို​ဆိုးရွား၏။


သို့ရာတွင် ဘုရားသခင်​သည် တရားမဲ့သော​သူတို့​၏ ကာမဂုဏ်​လိုက်စားသော ပြုမူ​နေထိုင်ပုံတို့​ကြောင့် စိတ်ဆင်းရဲနေရသည့် ဖြောင့်မတ်သူ လောတ​ကို ကယ်တင်တော်မူ၏။


ချစ်ရသော​သူတို့… သင်တို့​သည် ဤ​အကြောင်းအရာများ​ကို ကြိုတင်​သိထားကြပြီ​ဖြစ်​၍ တရားမဲ့သူ​၏ အမှား​နောက်သို့ လိုက်ပါမသွား​စေရန်​နှင့် သင်တို့​၏​တည်ငြိမ်​ရင့်ကျက်မှု​ကို မဆုံးရှုံး​စေရန် သတိပြုကြလော့။


သူတို့​သည် မိမိတို့​၏ အရှက်​ကို အမြှုပ်​ကဲ့သို့ ထစေသော အထိန်းအကွပ်မဲ့​ပင်လယ်​လှိုင်းလုံးများ​နှင့်​တူကြ၏။ လှည့်လည်နေသော​ကြယ်များ​နှင့် တူကြ၏။ ထို​ကြယ်များ​အတွက် အမှောင်မိုက်ဆုံးသော ထာဝရ​အမှောင်​ကို ပြင်ဆင်ထား၏။


ထို့နောက် မြေကြီး​ထဲမှ ထွက်လာသော အခြား​သားရဲ​တစ်ကောင်​ကို ကျွန်ုပ်​မြင်ရပြန်၏။ ထို​သားရဲ​သည် သိုးသငယ်​၏​ဦးချို​နှင့်​တူသော ဦးချို​နှစ်ချောင်း ပါရှိ​ပြီး နဂါး​ကဲ့သို့ စကားပြော၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ