Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 5:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ထိုနည်းတူ ငယ်ရွယ်သော​သူတို့… အသင်းတော်​အကြီးအကဲတို့​ကို နာခံကြလော့။ တစ်ဦး​ကို​တစ်ဦး အချင်းချင်း ဆက်ဆံရာ​၌ နှိမ့်ချသော​စိတ်​ကို တန်ဆာ​ဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “မာန​ထောင်လွှားသော​သူတို့​ကို ဘုရားသခင်​သည် ဆန့်ကျင်​၍ နှိမ့်ချသော​သူတို့​ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ထို​နည်း​တူ​စွာ​သင်​တို့​လူ​ငယ်​လူ​ရွယ်​များ​သည် လူ​ကြီး​တို့​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ သင်​တို့​အား​လုံး​ပင်​နှိမ့်​ချ​သော​စိတ်​တည်း​ဟူ သော​တန်​ဆာ​ကို​ဆင်​လျက်​တစ်​ဦး​၏​အ​စေ​ကို တစ်​ဦး​ခံ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​တော်​တွင်``ဘု​ရား​သ​ခင်​သည်​မာ​န ကြီး​သူ​ကို​ဆီး​တား​တော်​မူ​၏။ သို့​ရာ​တွင် စိတ်​နှိမ့်​ချ​သူ​ကို​မူ​ကား​ကျေး​ဇူး​ပြု​တော် မူ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ထို နည်း တူ လူ ငယ် တို့၊ လူ ကြီး ဖြစ် သူ တို့ အ နော် အ တာ ကို ခံ လျက် နေ ကြ လော့။ ဘု ရား သ ခင် သည် မာ န ကြီး သူ တို့ ကို ခု ခံ၍ စိတ် နှိမ့် ချ သူ တို့ အား ကျေး ဇူး သ နား တော် မူ သော ကြောင့် စိတ် နှိမ့် ချ ခြင်း တန် ဆာ ကို အ ချင်း ချင်း တို့ ရှေ့ ရှိ သ မျှ တို့ ဆင် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထိုနည်းတူ ငယ်ရွယ်​သော​သူ​တို့၊ အသင်းတော်​အကြီးအကဲ​များ​ကို နာခံ​ကြ​လော့။ သင်​တို့​အားလုံး တစ်ယောက်​အောက်​တစ်ယောက် နှိမ့်ချ​ခြင်း​တန်ဆာ​ကို ဆင်ယင်​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 5:5
27 ပူးပေါင်းရင်းမြစ်များ  

သို့သော် သင်တို့​က​မူ ထိုကဲ့သို့​မဖြစ်စေနှင့်။ သင်တို့​အထဲ​တွင် အမြင့်မြတ်ဆုံး​ဖြစ်သော​သူ​သည် အသေးနုပ်ဆုံး​ကဲ့သို့​လည်းကောင်း၊ ခေါင်းဆောင်​ဖြစ်သော​သူ​သည် အစေခံ​ကဲ့သို့​လည်းကောင်း နေရမည်။


တစ်ဦး​ကို တစ်ဦး ညီအစ်ကို​မောင်နှမ​မေတ္တာ​ဖြင့် ချစ်ကြလော့။ တစ်ဦး​ကို​တစ်ဦး ဦးစားပေး​၍ ချီးမြှောက်ကြလော့။


သခင်​ယေရှု​ခရစ်တော်​ကဲ့သို့ ကျင့်ကြံ​ပြုမူကြလော့။ လူ့​ဗီဇစိတ်​အလို​ကို လိုက်​ရန် မကြံစည်ကြနှင့်။


ခရစ်တော်​ကို ရိုသေသော​စိတ်​ဖြင့် တစ်ဦး​ကို တစ်ဦး နာခံကြလော့။


တစ်ကိုယ်ကောင်းဆန်သော​စိတ်၊ ကိုယ့်ကိုယ်ကိုယ်​အထင်ကြီးသော​စိတ်​ဖြင့် မည်သည့်​အမှု​ကို​မျှ မပြုကြနှင့်။ တစ်ပါးသူတို့​သည် မိမိ​ထက် သာလွန်သည်​ဟု နှိမ့်ချသော​စိတ်​ဖြင့် မှတ်ယူကြလော့။


ထို့ကြောင့် သင်တို့သည်​ဘုရားသခင် ရွေးချယ်တော်မူသော​သူများ၊ သီးသန့်​ထားတော်မူသော​သူများ၊ ချစ်တော်မူသော​သူများ​ဖြစ်သည့်​အားလျော်စွာ ကရုဏာ​ထားခြင်း၊ ကျေးဇူးပြုခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း​နှင့် သည်းခံခြင်း​တို့ကို ဝတ်ဆင်ကြလော့။


အသက်ကြီးသော​အမျိုးသားများ​ကို မဆူပူ​မကြိမ်းမောင်းဘဲ မိမိ​ဖခင်​ကဲ့သို့ အကြံပြု တိုက်တွန်းလော့။ အသက်ငယ်သော​အမျိုးသားများ​ကို မိမိ​ညီများ​ကဲ့သို့ ဆက်ဆံလော့။


သင်တို့​ခေါင်းဆောင်များ​၏​စကား​ကို နာခံ​၍ နားထောင်ကြလော့။ သူတို့​သည် မိမိတို့​ပြုသည့်​အမှု​ကို ဘုရားသခင်​ထံ အစီရင်​ခံရမည်​ဖြစ်၍ သင်တို့​၏​စိတ်ဝိညာဉ်​ကို အစဉ်​စောင့်ရှောက်ကြ၏။ သင်တို့​နာခံ​လျှင် သူတို့​သည် ဝမ်းမြောက်​စွာ လုပ်ဆောင်ကြ​လိမ့်မည်။ မလိုက်နာ​လျှင် သူတို့​ဝမ်းနည်းရ​သဖြင့် သင်တို့​အတွက် မည်သည့်​အကျိုး​မျှ ရှိမည်​မဟုတ်။


သို့သော် ကိုယ်တော်​သည် ကျွန်ုပ်တို့​အား များပြားသော​ကျေးဇူးတော်​ကို ပေးတော်မူ၏။ ထို့ကြောင့် ကျမ်းစာ​၌ “မာန​ထောင်လွှားသော​သူတို့​ကို ဘုရားသခင်​သည် ဆန့်ကျင်​၍ နှိမ့်ချသော​သူတို့​ကိုမူ ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား၏။


အချုပ်​ဆိုရ​လျှင် သင်တို့​အားလုံး တစ်စိတ်တစ်ဝမ်းတည်း​ရှိကြလော့။ စာနာစိတ်​ထား​၍ တစ်ဦး​ကို​တစ်ဦး ညီအစ်ကို​မောင်နှမ​သဖွယ် ချစ်ကြလော့။ သနားကြင်နာ​စိတ်​ထား​၍ နှိမ့်ချကြလော့။


ခရစ်တော်​သည် ကိုယ်ခန္ဓာ​၏​ဆင်းရဲဒုက္ခ​ကို ခံစားခဲ့ရ​သောကြောင့် သင်တို့​သည်လည်း ခရစ်တော်​ကဲ့သို့သော သဘောထား​ဖြင့် ဆင်းရဲဒုက္ခ​ကို ရင်ဆိုင်​ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ​၏​ဆင်းရဲဒုက္ခ​ကို ခံစားရသော​သူတို့​သည် အပြစ်​မကျူးလွန်တော့​ရန် ဆုံးဖြတ်ထား​သောကြောင့်​ဖြစ်၏။


ထို​သူတို့​သည် အသက်​ရှင်သော​သူ​နှင့် သေသော​သူတို့​ကို တရားစီရင်​ရန် အသင့်​ရှိတော်မူသော ဘုရားသခင်​ထံ​၌ ဖြေရှင်းချက်​ပေးရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ