Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 2:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 အထူး​သဖြင့် ညစ်ညမ်းသော​အရာ​ကို တပ်မက်သည့် လူ့​ဗီဇစိတ်​နောက်သို့ လိုက်သွားသူများ​နှင့် ဘုရားသခင်​၏ အုပ်စိုးခြင်း​ကို မထီမဲ့မြင်​ပြုသူများ​အား ထိုသို့​အပြစ်​ပေးတော်မူ​လိမ့်မည်။ ထို​သူတို့​သည် အတင့်ရဲသူများ၊ ထင်ရာစိုင်းသူများ​ဖြစ်​ပြီး ဘုန်းတန်ခိုး​ကြီးသူတို့​ကို စော်ကား​ပြောဆို​ဝံ့ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အထူးသဖြင့် ညစ်ညူး​သော​တပ်မက်​မှု​အားဖြင့် သွေးသား​ဇာတိ​နောက်​သို့​လိုက်​၍ အုပ်စိုး​ခြင်း​ကို​မထီမဲ့မြင်​ပြု​သော​သူ​တို့​ကို ထိုသို့​ထိန်းသိမ်း​ထား​တော်မူ​လိမ့်မည်။ ဤ​သူ​တို့​သည် အတင့်ရဲ​သော​သူ၊ ထင်ရာစိုင်း​တတ်​သော​သူ​ဖြစ်​ကြ​၍ ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ဘုန်း​အသရေ​ရှိ​သော​သူ​တို့​ကို စော်ကား​ပြောဆို​တတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 2:10
38 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ထို​လူ​ထံသို့ ပြန်သွား​သောအခါ လှည်းကျင်းထား​၍ စနစ်တကျ​ပြင်ဆင်ထားသည်​ကို တွေ့လေ၏။


သို့သော် သူ​၏​ပြည်သားတို့​သည် သူ့​ကို​မုန်းတီးကြ​သောကြောင့် သူ​၏​နောက်​တွင် ကိုယ်စားလှယ်​အဖွဲ့​တစ်ဖွဲ့​ကို လွှတ်လိုက်​၍ ‘ငါတို့​သည် ဤ​သူ​၏​အုပ်ချုပ်မှု​ကို မခံလိုပါ’ ဟု ဧကရာဇ်​ထံ လျှောက်စေကြ၏။


ပေါလု​က “ညီအစ်ကိုတို့… သူ​သည် ယဇ်ပုရောဟိတ်မင်း​ဖြစ်သည်​ကို ကျွန်ုပ်​မသိပါ။ ကျမ်းစာ​၌ ရေးသားထားသည်​မှာ ‘သင်​၏​လူမျိုး​ကို အုပ်ချုပ်သူ​အား မကောင်း​မပြောရ’ ဟူ၍ ရေးသားထားသည်” ဟု တုံ့ပြန်လေ၏။


ထို့ကြောင့် ယခုအခါ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သူတို့​သည် အပြစ်စီရင်ခြင်း မခံရ။


မတရားပြုသော​သူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေ​မခံရကြောင်း သင်တို့​မသိကြသလော။ ယူဆမှု​မလွဲကြနှင့်။ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ရုပ်တု​ကိုးကွယ်သူများ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူများ၊ ယောက်ျားချင်း​ဆက်ဆံသူများ၊


ကျွန်ုပ်တို့​သည် လောကီသားများ​အဖြစ် ပြုမူနေထိုင်​သော်လည်း လောကီသားများ​က မိမိတို့​၏ ရန်ဘက်များ​ကို ဆန့်ကျင်​တိုက်ခိုက်​သကဲ့သို့ ကျွန်ုပ်တို့​မတိုက်ခိုက်။


သူတို့​သည် အရှက်တရား ကင်းမဲ့လာကြ​သဖြင့် ကာမဂုဏ် လိုက်စား​လျက် စက်ဆုပ်​ညစ်ညမ်းဖွယ်ရာ အကျင့်​အမျိုးမျိုးတို့​ကို အလွန် တပ်မက်​စွာ ပြုမူကြ၏။


တရား​နှင့်​မညီသော မေထုန်​ကို ပြုသူ၊ ညစ်ညမ်းသောသူ၊ ရုပ်တု​ကိုးကွယ်ခြင်း ဖြစ်သည့် လောဘ​လွန်ကြူးသောသူ တစ်ယောက်​မျှ ခရစ်တော်​နှင့် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေဆက်ခံရမည် မဟုတ်ကြောင်း သင်တို့ အသေအချာ သိကြ၏။


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ညစ်ညူး​စေရန် ခေါ်တော်မူသည် မဟုတ်ဘဲ သန့်ရှင်း​စေရန် ခေါ်တော်မူ​သောကြောင့်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ထို​အချိန်​တွင် လူတို့​သည် ကိုယ့်ကိုယ်ကိုယ်​ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘ​စကား​နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊


သင်းအုပ်​သည် ဘုရားသခင်​၏ အမှုတော်​တွင် စီမံခန့်ခွဲသူ​ဖြစ်၏။ ထို့ကြောင့် သူ​သည် အပြစ်ကင်းသူ​ဖြစ်ရမည်။ သူ​သည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စား​မူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်း​ဖြင့် ငွေရှာသူ မဖြစ်ရ။


ထိမ်းမြား​လက်ထပ်ခြင်း​ကို လူတိုင်း​တန်ဖိုးထား​လေးစားရမည်။ အိမ်ထောင်ရေး​တွင် တစ်ဦး​ကို​တစ်ဦး သစ္စာရှိ​ရမည်။ ဘုရားသခင်​သည် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူတို့​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်သော​သူတို့​ကို စီရင်တော်မူ​လိမ့်မည်။


ဦးစွာ သင်တို့​အား သတိပေး​လိုသည်​မှာ နောက်ဆုံးသော​နေ့ရက်များ​၌ မထီမဲ့မြင်​ပြုသူတို့​သည် ပေါ်ပေါက်လာ​၍ မိမိတို့​၏​တပ်မက်မှုများ​အတိုင်း ပြုမူကြ​လိမ့်မည်။


သို့သော် ဤ​သူတို့​သည် မိမိတို့​နားမလည်သည့်​အရာ​မှန်သမျှ​ကို စော်ကား​ပြောဆိုကြပြီး ဆင်ခြင်တုံ​တရားမဲ့သော တိရစ္ဆာန်များ​နည်းတူ ပင်ကို​ဗီဇ​အရ မိမိတို့​နားလည်သည့်​အတိုင်း ပြု​သဖြင့် ပျက်စီး​ဆုံးရှုံးတတ်ကြ၏။


ထို​သူတို့​သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့​၏ တပ်မက်မှု​အတိုင်း ပြုမူတတ်သူ၊ ချဲ့ကား​ကြွားဝါ​ပြောတတ်သူ၊ ကိုယ်ကျိုး​အတွက် သူတစ်ပါး​ကို မြှောက်ပင့်တတ်သူတို့​ဖြစ်ကြ၏။


သူတို့​က “နောက်ဆုံးသော​ကာလ​၌ မိမိတို့​၏​ဘုရားတရားမဲ့သော တပ်မက်မှုများ​အတိုင်း ပြုမူသည့် မထီမဲ့မြင်​ပြုသူများ ရှိကြ​လိမ့်မည်” ဟု သင်တို့​အား ပြောခဲ့ကြ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူ​တချို့​သည် သင်တို့​ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြ​သောကြောင့်​ဖြစ်၏။ ထို​သူတို့​မှာ ပြစ်ဒဏ်စီရင်​ခံရမည်​ဟု ရှေးယခင်​ကတည်းက သတ်မှတ်ထားခြင်း​ခံရသူများ​ဖြစ်ကြ၏။ သူတို့​သည် ကျွန်ုပ်တို့​ဘုရားသခင်​၏ ကျေးဇူးတော်​ကို ကာမဂုဏ်​လိုက်စားခြင်း​အတွက် အခွင့်အရေး​အဖြစ် အလွဲသုံးစား​လုပ်​၍ ကျွန်ုပ်တို့​၏​တစ်ပါးတည်းသော​အရှင်၊ သခင် ယေရှု​ခရစ်တော်​ကို ငြင်းပယ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ