Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 5:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထိုသို့ လူအပေါင်းတို့​အတွက် ကိုယ်တော်​အသေခံတော်မူခြင်း​မှာ အသက်ရှင်သောသူတို့​သည် မိမိတို့​ကိုယ်ကျိုး​အတွက် အသက်​မရှင်ဘဲ မိမိတို့​အတွက် အသေခံ​၍ တစ်ဖန်​ရှင်ပြန်ထမြောက်တော်မူသော​အရှင်​အတွက် အသက်ရှင်​ရန် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အ​တွက် အ​သေ​ခံ​ခြင်း​မှာ​လူ​တို့​သည်​အ​သက်​ရှင်​စဉ် ကိုယ်​ကျိုး​အ​တွက်​ဆက်​လက်​၍​အ​သက်​မ​ရှင် ကြ​တော့​ဘဲ မိ​မိ​တို့​အ​တွက်​အ​သက်​ကို​စွန့် တော်​မူ​ပြီး​နောက်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သော​အ​ရှင်​၏​အ​ဖို့​အ​သက်​ရှင်​ကြ စေ​ရန်​ဖြစ်​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 လူ​အ​ပေါင်း​တို့​သည် သေ​လျက်​နေ​ကြ​သည် ဟူ၍​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​တို့​သည် တစ်​ဖန် ကိုယ်​အ​လို​သို့​လိုက်၍ မ​ရှင်၊ သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ပြီး​မှ ထ​မြောက်​တော်​မူ​သော သူ​တို့၏​အ​လို​သို့ လိုက်၍ ရှင်​စေ​မည်​အ​ကြောင်း၊ လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ငါ​တို့​သည် သ​ဘော​ထား​လျက်၊ ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​သည် ငါ​တို့​ကို အ​နိုင်​အ​ထက် သွေး​ဆောင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထိုသို့ လူ​အပေါင်း​တို့​အတွက် ကိုယ်တော်​အသေခံ​တော်မူ​ခြင်း​မှာ အသက်ရှင်​သော​သူ​တို့​သည် မိမိ​တို့​အတွက် အသက်​မ​ရှင်​တော့​ဘဲ သူ​တို့​အတွက်​အသေခံ​တော်မူ​ပြီး ထမြောက်​တော်မူ​သော​အရှင်​အတွက် အသက်ရှင်​ကြ​ရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 5:15
41 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ့​စကား​ကို နားထောင်​၍ ငါ့​ကို စေလွှတ်တော်မူသော​ဘုရား​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ ထို​သူ​သည် ပြစ်ဒဏ်​စီရင်ခြင်း​မခံရဘဲ သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းရသော​သူ​ဖြစ်၏။


အသက်ရှင်တော်မူသော ခမည်းတော်​သည် ငါ့​ကို စေလွှတ်တော်မူ​၍ ငါ​သည် ခမည်းတော်​ကြောင့် အသက်ရှင်၏။ ထို​ကဲ့သို့​ပင် ငါ့​အသား​ကို စားသောသူ​သည် ငါ့​ကြောင့် အသက်ရှင်​လိမ့်မည်။


ထို့ကြောင့် ချစ်သော​ညီအစ်ကို​မောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့​ကို ထောက်ရှု​၍ သင်တို့​ကို ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်​လို၏။ သင်တို့​၏ ကိုယ်ခန္ဓာ​ကို ဘုရားသခင်​လက်ခံနိုင်ဖွယ်​ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သော​ယဇ်​အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့​ဆက်ကပ်ခြင်း​သည် ဘုရားသခင်​ကို စစ်မှန်​စွာ ကိုးကွယ်ခြင်း​ဖြစ်၏။


ထို​အရှင်​သည် ကျွန်ုပ်တို့​၏ အပြစ်များ​ကြောင့် အသေခံ​ရန် အပ်နှံခြင်း​ကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​စေရန်​လည်း ရှင်ပြန်​ထမြောက်တော်မူခဲ့၏။


ထိုသို့​မနေရ။ အပြစ်တရား​နှင့် အဆက်ပြတ်ပြီးသော ကျွန်ုပ်တို့​သည် ထို​အပြစ်​ထဲ၌ မည်သို့​အသက်​ဆက်ရှင်​ရဦးမည်နည်း။


ကျွန်ုပ်တို့​၏​ဘဝ​တွင် အပြစ်တရား​၏ ကြီးစိုးခြင်း​ကို ဖျက်ဆီး​ရန်​အတွက် အပြစ်ရှိသော ကျွန်ုပ်တို့​၏ လူဟောင်း​သည် ခရစ်တော်​နှင့်အတူ အသေခံခဲ့ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် အပြစ်တရား​၏ ကျေးကျွန် မဟုတ်တော့ပေ။


ခရစ်တော်​သည် သင်တို့​အထဲ​၌ ရှိတော်မူ​လျှင် သင်တို့​၏ ကိုယ်ခန္ဓာ​သည် အပြစ်​ကြောင့် သေရ​သော်လည်း သင်တို့​၏ ဝိညာဉ်​မှာမူ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရ​သဖြင့် အသက်ရှင်​ရ၏။ အကြောင်းမှာ သင်တို့​သည် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​သောကြောင့် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် အသက်​ပေးပိုင်တော်မူသော ဝိညာဉ်တော်​၏ တရား​သည် ယေရှု​ခရစ်တော်​အားဖြင့် သင့်​ကို အပြစ်တရား​နှင့် သေခြင်းတရား​၏ လက်​မှ လွတ်မြောက်စေ​သောကြောင့် ဖြစ်၏။


လူ့​ဗီဇစိတ်​နှင့်​ဆိုင်သော အရာတို့​ကို စွဲလမ်းသောသူ​သည် အသက်​ဆုံးရ​လိမ့်မည်။ ဝိညာဉ်တော်​နှင့်ဆိုင်သော အရာတို့​ကို စွဲလမ်းသောသူ​သည် အသက်ရှင်​၍ ငြိမ်းချမ်းမှု​ကို ရ​လိမ့်မည်။


သို့ဖြစ်၍ ခရစ်တော်​အတွက်​ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ခက်ခဲခြင်းတို့​ကို ကျွန်ုပ်​ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အားနည်း​သောအခါ ခရစ်တော်​၏​တန်ခိုး​အားဖြင့် အားကြီး​လျက်​ရှိ​သောကြောင့်​ဖြစ်၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပဋိညာဉ်သစ်​၏ အမှု​ကို​ဆောင်ရွက်​နိုင်သော စွမ်းရည်​ကို ပေးတော်မူ၏။ ထို​ပဋိညာဉ်​သည် စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​မဟုတ်၊ ဝိညာဉ်တော်​နှင့်​ဆိုင်သော​တရား​ဖြစ်၏။ စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​သည် အသက်​ကို သေစေ၏။ ဝိညာဉ်တော်​ကမူ အသက်​ကို ရှင်စေတော်မူ၏။


ထို့ကြောင့် ယခု​မှစ၍ ကျွန်ုပ်တို့​သည် မည်သူ့​ကိုမျှ လောကီ​ရှုထောင့်​မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့​သည် ခရစ်တော်​ကို လောကီ​ရှုထောင့်​မှ အကဲဖြတ်ခဲ့ကြ​သော်လည်း ယခု​တွင်မူ ထိုသို့​အကဲမဖြတ်ကြတော့ပေ။


ဝိညာဉ်တော်​သည် ကျွန်ုပ်တို့​ကို အသက်ရှင်စေသည်​ဖြစ်​လျှင် ဝိညာဉ်တော်​လမ်းညွှန်မှု​အတိုင်း အသက်ရှင်ကြစို့။


ထို့ကြောင့် ဘုရားသခင်​ကို မသိသော​လူမျိုးခြားများ​ကဲ့သို့ မနေထိုင်ကြ​ရန် သခင်ဘုရား​၏ အခွင့်အာဏာ​ဖြင့် သင်တို့​ကို ကျွန်ုပ် သတိပေး​လို၏။ ထို​သူတို့​၏ တွေးခေါ်ကြံဆမှု​သည် အကျိုး​မရှိပေ။


အဘယ်ကြောင့်ဆိုသော် အလင်း​၌ ဖော်ပြခံရသော အရာ​အားလုံး​သည် အလင်း ဖြစ်လာ​သောကြောင့် ဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်သောသူ နိုးလော့။ သေရာ​မှ ထလော့။ ခရစ်တော်​သည် သင့်​အပေါ် ထွန်းလင်းတော်မူ​လိမ့်မည်” ဟု ပြောဆိုခြင်း ဖြစ်၏။


သင်တို့​သည် နှစ်ခြင်း​မင်္ဂလာ​ခံယူခြင်း​ဖြင့် ထို​သခင်​နှင့်အတူ သင်္ဂြိုဟ်ခံရကြ၏။ ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်​၏ တန်ခိုးတော်​ကို ယုံကြည်​သဖြင့် သင်တို့​သည် ခရစ်တော်​နှင့်အတူ ထမြောက်စေတော်မူခြင်း​ကို ခံကြရ၏။


သင်တို့​သည် ခရစ်တော်​နှင့်​အတူ ထမြောက်ပြီ​ဖြစ်၍ ဘုရားသခင်​၏ လက်ယာတော်​ဘက်​၌ ထိုင်တော်မူသည့် ခရစ်တော်​တည်ရှိရာ အထက်​အရပ်​၌ ရှိသော အရာများ​ကို တောင့်တကြလော့။


အပြောအဆို​အားဖြင့်​ဖြစ်စေ၊ အပြုအမူ​အားဖြင့်​ဖြစ်စေ ပြုလေသမျှတို့​တွင် သခင်​ယေရှု​၏ နာမတော်​ကို ထောက်​၍ ပြုကြလော့။ ထို​သခင်​ကို အကြောင်းပြု​၍ အဖ​ဘုရားသခင်​ကို ကျေးဇူးတင်ကြလော့။


သင်တို့ ပြုလေ​သမျှ​တို့တွင် လူတို့​အတွက် ပြု​သကဲ့သို့​မဟုတ်ဘဲ သခင်ဘုရား​အတွက် ပြု​သကဲ့သို့ စိတ်ပါလက်ပါ ပြုကြလော့။


သခင်​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​တို့​အတွက် အသေခံခဲ့​သောကြောင့် ကျွန်ုပ်တို့​သည် အသက်ရှင်​ဆဲ​ရှိသည်​ဖြစ်စေ၊ သေလွန်ပြီးသည်​ဖြစ်စေ ထို​သခင်​နှင့်​အတူ အသက်ရှင်ကြ​လိမ့်မည်။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သေလွန်သော​သူတို့​သည် သတင်းကောင်း​ကို ကြားခဲ့ရ​သောကြောင့်​ဖြစ်၏။ သူတို့​၏​ကိုယ်ခန္ဓာ​သည် လူ့​စံနှုန်း​အားဖြင့် တရားစီရင်​ခံရ​သော်လည်း သူတို့​၏​ဝိညာဉ်​သည် ဘုရားသခင့်​စံနှုန်း​အားဖြင့် အသက်ရှင်​နိုင်ရန်​ရည်ရွယ်​၍ သေလွန်သော​သူတို့​ကိုပင် သတင်းကောင်း​ဟောပြောရ၏။


ကျွန်ုပ်တို့​သည် သားတော်​အားဖြင့် အသက်ရှင်ကြ​စေရန် ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်းသော​သားတော်​ကို ဤ​လောက​သို့ စေလွှတ်တော်မူ၏။ ဤ​နည်း​ဖြင့် ဘုရားသခင်​သည် မိမိ​၏​ချစ်ခြင်းမေတ္တာ​ကို ကျွန်ုပ်တို့​အား ဖော်ပြတော်မူ၏။


ငါ​သည် အသက်ရှင်သော​သူ​ဖြစ်၏။ ငါ​သည် သေခဲ့၏။ ယခု​တွင်မူ အစဉ်​ထာဝရ​အသက်ရှင်၏။ ငါ​သည် သေခြင်းတရား​နှင့် မရဏ​နိုင်ငံ​ကို အစိုးရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ