Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာ​ဒိတ် 16:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 အလေးချိန်​ပေါင်တစ်ရာ​ခန့် ရှိသော မိုးသီးတို့​သည် ကောင်းကင်​မှ လူတို့​အပေါ်သို့ ကျလေ၏။ ထို​မိုးသီး​ဘေးဒဏ် အလွန်​ပြင်းထန်သော​ကြောင့် လူတို့​သည် ဘုရားသခင်​ကို ကျိန်ဆဲကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ကောင်း​ကင်​မှ​ပေါင်​တစ်​ရာ​မျှ​အ​လေး​ချိန်​ရှိ​သော မိုး​သီး​ကြီး​များ​သည်​လူ​တို့​အ​ပေါ်​သို့​ကျ​ကုန် ၏။ လူ​တို့​သည်​ထို​ဆိုး​ရွား​လှ​သော​မိုး​သီး​ဘေး ဒဏ်​ကြောင့်​ဘု​ရား​သ​ခင်​ကို​ကျိန်​ဆဲ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ကောင်း ကင် မှ ခွက် သုံး ဆယ် ခန့် ရှိ မိုး သီး ကြီး များ ကျ သည် နှင့် လူ တို့ သည် ပြင်း ထန် လှ သော ထို မိုး သီး ဘေး ကြောင့် ဘု ရား သ ခင် အား ပုတ် ခတ် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​မိုး​သီး​ဘေး​ဒဏ် အ​လွန်​ကြီး​သည်​ဖြစ်၍၊ လူ​တို့​သည် မိုး​သီး​ဘေး​ဒဏ်​ကြောင့် ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ကောင်းကင်​မှ​လည်း ပေါင်​တစ်ရာ​ခန့်​လေး​သော​မိုးသီး​ကြီး​များ​သည် လူ​တို့​အပေါ်သို့​ကျ​လေ​၏။ ဤ​ဘေးဒဏ်​သည် အလွန်​ပြင်းထန်​သဖြင့် လူ​တို့​သည် ထို​မိုးသီး​၏​ဘေးဒဏ်​ကြောင့် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 16:21
15 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ကောင်းကင်ဘုံ​၌​ရှိသော ဘုရားသခင်​၏ ဗိမာန်တော်​သည် ပွင့်​၍ ကိုယ်တော်​၏​ဗိမာန်တော်​၌ ပဋိညာဉ်​သေတ္တာတော်​ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံ​မြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်​လှုပ်ခြင်း၊ ကြီးမားသော​မိုးသီးကျခြင်း​တို့ ဖြစ်လေ၏။


လူတို့​သည် ပြင်းထန်သော အပူရှိန်​ကြောင့် လောင်ကျွမ်းခြင်း​ကို ခံရ​သဖြင့် ဤ​ဘေးဒဏ်များ​ကျရောက်​စေရန် အခွင့်အာဏာ​ရှိသော ဘုရားသခင်​၏ နာမတော်​ကို ကျိန်ဆဲကြ၏။ သူတို့​သည် နောင်တ​လည်း မရကြ။ ကိုယ်တော်​၏​ဂုဏ်တော်​ကိုလည်း မချီးမွမ်းကြ။


သူတို့​သည် ခံစားရသော​ဝေဒနာ​နှင့် အနာစိမ်း​တို့​ကြောင့် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ကို ကျိန်ဆဲကြ၏။ မိမိတို့​၏​အကျင့်ဆိုးများ​အတွက်​လည်း နောင်တ​မရကြ။


ပထမ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ သွေး​နှင့်​ရောသော မိုးသီး​နှင့်​မီး​တို့​သည် ကမ္ဘာမြေ​ပေါ်သို့​ကျလေ၏။ ကမ္ဘာမြေ​၏​သုံးပုံ​တစ်ပုံ၊ သစ်ပင်​သုံးပုံ​တစ်ပုံ​နှင့် စိမ်းစိုသော​မြက်ပင်​ရှိသမျှတို့​သည် လောင်ကျွမ်းကုန်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ