Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 12:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထို့နောက် သူတို့​အား “သတိပြုလော့။ အမျိုးမျိုးသော လောဘ​တို့​ကို သတိ​နှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး​၏​အသက်​သည် စည်းစိမ်​ကြွယ်ဝချမ်းသာမှု​ပေါ်တွင် မူတည်သည်​မဟုတ်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ထို​နောက်​လူ​တို့​အား ``လော​ဘ​အ​မျိုး​မျိုး​ကို သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့။ လူ​၏​အ​သက် သည်​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​မှု​အ​ပေါ်​တွင်​မ​တည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 လူ ပ ရိ သတ် အား လည်း ခပ် သိမ်း သော တပ် မက် ခြင်း မှ ကိုယ် ကို သ တိ နှင့် ကွယ် ကာ ကြ လော့။ ပ စ္စည်း များ ပြား ခြင်း၌ လူ့ အ သက် တည် သည် မ ဟုတ် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထို့နောက် လူ​တို့​အား“လောဘ​လွန်ကျူး​ခြင်း​အမျိုးမျိုး​ကို သတိပြု​၍​ရှောင်ကြဉ်​ကြ​လော့။ အကြောင်းမူကား လူ​၏​အသက်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​မှု​အပေါ်၌​တည်​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

15 ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 12:15
34 ပူးပေါင်းရင်းမြစ်များ  

သူတစ်ပါး​သားမယား​ကို​ပြစ်မှားခြင်း၊ လောဘ​လွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကား​ပြောဆိုခြင်း၊ မာန​ထောင်လွှားခြင်း​နှင့် ပညာမဲ့ခြင်း၊


တစ်ဖန် ကိုယ်တော်​သည် ဥပမာ​တစ်ခု​ဖြင့် မိန့်တော်မူသည်​မှာ “သူဌေး​တစ်ဦး​တွင် အသီးအနှံ​များစွာ ဖြစ်ထွန်းသော​လယ်​တစ်ခု​ရှိ၏။


ငွေ​မက်သော ဖာရိရှဲတို့​သည် ထို​စကား​ကို ကြား​သောအခါ ယေရှု​ကို ပြက်ရယ်ပြုကြ၏။


အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။


ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို ကြား​သော်လည်း သူတို့​၏​စိုးရိမ်​ပူပန်ခြင်း၊ ချမ်းသာ​ကြွယ်ဝခြင်း၊ အပျော်အပါး​လိုက်စားခြင်းတို့​သည် ကြီးထွားခြင်း​ကို ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူတို့​ကို ဆိုလို၏။


သူခိုးများ၊ လောဘကြီးသူများ၊ သောက်စား​မူးရူးသူများ၊ ဆဲရေး​တိုင်းထွာသူများ၊ လှည့်စား​လိမ်ယူသူများ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေ​ခံရကြမည်​မဟုတ်ပေ။


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


အဘယ်ကြောင့်ဆိုသော် ထို​အချိန်​တွင် လူတို့​သည် ကိုယ့်ကိုယ်ကိုယ်​ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘ​စကား​နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊


အသက်ရှင်​နေထိုင်ရာ​တွင် ငွေ​မမက်ဘဲ ရှိသည့်​အရာ​နှင့် ရောင့်ရဲလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​က “ငါ​သည် သင်တို့​ကို မည်သည့်​အခါမျှ ထားခဲ့မည်​မဟုတ်။ မည်သည့်​အခါမျှ စွန့်ပစ်မည်​မဟုတ်” ဟု မိန့်တော်မူခဲ့​သောကြောင့်​ဖြစ်၏။


သူတို့​၌ ဖောက်ပြန်​လိုစိတ်​နှင့် ပြည့်နှက်နေသော​မျက်စိ​ရှိ​၍ အပြစ်​မကျူးလွန်ဘဲ မနေနိုင်ကြ။ ယုံကြည်ခြင်း​၌ တည်ငြိမ်​ရင့်ကျက်မှု​မရှိသေးသော​သူတို့​ကို ဆွဲဆောင်​တတ်ကြ၏။ သူတို့​သည် လောဘ​လွန်ကြူး​ရာတွင် ကျင်လည်​၍ ဘုရားသခင်​၏​ကျိန်စာသင့်သူများ ဖြစ်ကြ၏။


ထို​သူတို့​သည် မိမိတို့​၏ လောဘစိတ်​နှင့် လုပ်ကြံ​ဇာတ်လမ်းများ​ဖြင့် သင်တို့​အပေါ် အမြတ်ထုတ်ကြ​လိမ့်မည်။ ဘုရားသခင်​သည် ထို​သူတို့ ခံရမည့်​ပြစ်ဒဏ်​ကို ယခင်​ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့​၏ ပျက်စီးခြင်း​ကိုလည်း နှောင့်နှေး​စေတော်မူမည် မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ