ထိုအခါ သခင်ဘုရားက “သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောစီမံခန့်ခွဲသူသည် မည်သူနည်း။ ထိုသူသည် အစေခံများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူဖြစ်၏။
၁ သက် 2:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ပြုမည့်အစား ဘုရားသခင်သည် ကျွန်ုပ်တို့အား ယုံကြည်ထိုက်သူများအဖြစ် လက်ခံတော်မူသည်နှင့်အညီ သတင်းကောင်း ဟောပြောရန်အတွက် တာဝန်ပေးတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် လူကို ကျေနပ်စေရန် မဟုတ်ဘဲ ကျွန်ုပ်တို့၏ စိတ်နှလုံးသားကို စစ်ဆေးတော်မူသော ဘုရားသခင်ကို ကျေနပ်စေရန် ဟောပြောကြ၏။ Common Language Bible ယင်းသို့ပြုမည့်အစားသခင်ဘုရားသည် ငါတို့အားထိုက်တန်သူများအဖြစ်လက်ခံ တော်မူသဖြင့် သတင်းကောင်းကြေညာရန် လွှဲအပ်တော်မူသည်နှင့်အညီငါတို့သည် ကိုယ်တော်ဟောပြောစေသည့်အတိုင်းအစဉ် ပင်ဟောပြောကြ၏။ ငါတို့သည်လူတို့နှစ် သက်မှုကိုရရန်မကြိုးစား။ ငါတို့စိတ် နှလုံးကိုစစ်ဆေးကြည့်ရှုတော်မူတတ် သော၊ ဘုရားသခင်နှစ်သက်မှုကိုသာ လျှင်ရရန်ကြိုးစားကြ၏။- Garrad Bible သ တင်း တော် မြတ် ကြား ပြော ခွင့် လွှဲ အပ် ရန် ဘု ရား သ ခင့် သ ဘော တော် ရှိ သည့် အ တိုင်း ငါ တို့ သည် လူ စိတ် နှင့် မ ဟုတ်။ ငါ တို့ နှ လုံး များ ကို စစ် ဆေး တော် မူ သော ဘု ရား သ ခင့် စိတ် တော် နှင့် တွေ့ ရန် ကြား ပြော ကြ၏။ Judson Bible ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင် လက်ခံတော်မူသည်နှင့်အညီ၊ လူကို နှစ်သက်စေသကဲ့သို့ မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေသကဲ့သို့ ဟောပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ငါတို့ကိုအသိအမှတ်ပြုလျက် ကောင်းမြတ်သောသတင်းကို ငါတို့၌ယုံကြည်အပ်နှံထားသည့်အလျောက် ငါတို့သည် လူတို့ကိုနှစ်သက်စေရန်မဟုတ်ဘဲ ငါတို့၏စိတ်နှလုံးကိုစစ်ဆေးတော်မူသောဘုရားသခင်ကို နှစ်သက်စေရန် ဟောပြောကြ၏။ |
ထိုအခါ သခင်ဘုရားက “သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောစီမံခန့်ခွဲသူသည် မည်သူနည်း။ ထိုသူသည် အစေခံများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူဖြစ်၏။
သင်တို့သည် လောကီစည်းစိမ်များနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရသူများ မဟုတ်ကြလျှင် စစ်မှန်သောစည်းစိမ်များကို သင်တို့ထံ မည်သူအပ်နှံလိမ့်မည်နည်း။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
စိတ်နှလုံးကို ဆန်းစစ်တော်မူသော ဘုရားသခင်သည် ဝိညာဉ်တော် တောင်းလျှောက်နေသောအရာကို သိမြင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်သည် ယုံကြည်သူများဖြစ်သည့် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အလိုတော်အတိုင်း ကိုယ်စားပြုဆုတောင်းတော်မူသောကြောင့် ဖြစ်၏။
အိမ်ထောင်မပြုသေးသူများနှင့်ပတ်သက်၍ သခင်ဘုရားထံမှ လာသောပညတ်ကို ကျွန်ုပ်မရသော်လည်း သခင်ဘုရား၏ ကျေးဇူးတော်ကို ခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ကျွန်ုပ်၏ ထင်မြင်ချက်ကို ပေးပါမည်။
ကျွန်ုပ်သည် ဤအမှုကို မိမိအလိုဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်လျှင် ဆုလာဘ်ကို ရသင့်၏။ သို့သော် ဘုရားသခင်က ဤတာဝန်ကို ကျွန်ုပ်ထံ ယုံယုံကြည်ကြည်အပ်နှံထားသောကြောင့် ဝတ္တရားရှိ၍ ဆောင်ရွက်ရခြင်းဖြစ်၏။
ကျွန်ုပ်တို့သည် လူများစွာကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မိမိကိုယ်ကျိုးအတွက် လှည့်လည်ရောင်းစားသောသူများမဟုတ်ကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ စေလွှတ်ခံရသူများအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏ အခွင့်နှင့် ရိုးသားစွာ ဟောပြောကြ၏။
ကျွန်ုပ်တို့သည် ဆိတ်ကွယ်ရာ၌ ပြုသော ရှက်ရွံ့ဖွယ်အမှုတို့ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်ကို မသုံးကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မှောက်လှန်၍ မဟောပြောကြ။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သူတို့စိတ်ထဲက သိနိုင်ရန် အမှန်တရားကိုသာ အတိအလင်းဖော်ပြကြ၏။
ကျွန်ုပ်တို့သည် အဘယ်ကြောင့် သခင်ဘုရားကို ကြောက်ရွံ့ရကြောင်းကို သိသဖြင့် အခြားသူများအား ဘုရားသခင်ထံတော်သို့ လှည့်ပြန်ရန် တိုက်တွန်းစည်းရုံးကြ၏။ ကျွန်ုပ်တို့အကြောင်းကိုမူ ဘုရားသခင်အကြွင်းမဲ့သိတော်မူ၍ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သင်တို့၏ စိတ်ထဲက အကြွင်းမဲ့သိကြမည်ဟု မျှော်လင့်၏။
ထို့ကြောင့် ယခုမှစ၍ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ လောကီရှုထောင့်မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့သည် ခရစ်တော်ကို လောကီရှုထောင့်မှ အကဲဖြတ်ခဲ့ကြသော်လည်း ယခုတွင်မူ ထိုသို့အကဲမဖြတ်ကြတော့ပေ။
ကျွန်ုပ်သည် လူတို့၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသေးလျှင် ကျွန်ုပ်သည် ခရစ်တော်၏ အစေအပါးတစ်ယောက် မဟုတ်ပေ။
သို့သော် သူတို့သဘောပေါက်ကြသည်မှာ ပေတရုသည် ဂျူးလူမျိုးတို့ထံ သတင်းကောင်းကို ဟောပြောရန် တာဝန်ပေးအပ်ခံရသကဲ့သို့ ကျွန်ုပ်သည် လူမျိုးခြားတို့ထံ သတင်းကောင်းကို ဟောပြောရန် တာဝန်ပေးအပ်ခံရကြောင်း ဖြစ်၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
မျက်နှာသာရရန်အတွက် သူတို့ရှေ့၌သာ နာခံသည် မဟုတ်ဘဲ ခရစ်တော်၏ ကျွန်များကဲ့သို့ ဘုရားသခင်၏ အလိုတော်အတိုင်း စိတ်ရောကိုယ်ပါ နာခံကြလော့။
ကျွန်ဖြစ်သူတို့… အရာရာ၌ သင်တို့၏ လောကီသခင်ကို နာခံကြလော့။ မျက်နှာသာရရန်အတွက် သူ့ရှေ့၌သာ နာခံသည်မဟုတ်ဘဲ သခင်ဘုရားကို ကြောက်ရွံ့ရိုသေလျက် ရိုးသားသောစိတ်ဖြင့် နာခံကြလော့။
တိမောသေ… သင့်ထံ အပ်နှင်းထားသည့်အရာကို စောင့်ရှောက်လော့။ ဘုရားတရားမဲ့သည့် အကျိုးမရှိသောစကားများနှင့် အသိပညာဟု လွဲမှားစွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်အယူအဆများကို ရှောင်ကြဉ်လော့။
သင့်ထံ၌ အပ်ထားသောသတင်းကောင်းတရားကို ကျွန်ုပ်တို့ထဲ၌ ကိန်းဝပ်တော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကာကွယ်စောင့်ရှောက်လော့။
အသိသက်သေများစွာ ရှေ့၌ ကျွန်ုပ်သွန်သင်သည့်အရာများကို သင်ကြားသိရ၏။ ထိုအရာများကို ယုံကြည်စိတ်ချရ၍ သွန်သင်တတ်သောသူတို့အား လက်ဆင့်ကမ်းလော့။
ဘုရားသခင်သည် အချိန်တန်သောအခါ လူ၏ဟောပြောခြင်းနည်းဖြင့် တရားတော်ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်သည် ကယ်တင်ရှင်ဘုရားသခင်၏ အမိန့်တော်ဖြင့် ဤတရားတော်ကို ဟောပြော၏။
ဖန်ဆင်းတော်မူသောအရာမှန်သမျှသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှား၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မထင်ရှားသည့်အရာ တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ချက်များအတွက် ထိုအရှင်ထံ ဝန်ခံကြရမည်။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။