Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 2:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 သင်တို့​သိသည့်​အတိုင်း ကျွန်ုပ်တို့​သည် မြှောက်ပင့်သော​စကား​ဖြင့် တစ်ခါမျှ မပြောဆိုကြောင်း၊ လောဘ​စိတ်​ဖြင့် ဟန်မဆောင်ကြောင်း ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ သက်သေ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သင်​တို့​သိ​သည်​အ​တိုင်း​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​မြှောက်​ပင့်​၍​မ​ပြော။ ငါ​တို့ လော​ဘ​ရှိ​၍​ဟန်​ဆောင်​သော​စိတ်​နှင့်​မ​ကြေ ညာ​မ​ဟော​ပြော​ကြောင်း​ကို ဘု​ရား​သ​ခင် သည်​ငါ​တို့​သက်​သေ​ဖြစ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သင် တို့ သိ ကြ သည့် အ တိုင်း မြှောက် ပင့် သော စ ကား နှင့် လည်း ကောင်း၊ ဘု ရား သ ခင် သက် သေ ဖြစ် တော် မူ သည့် အ တိုင်း လော ဘ ရှိ၍ ဟန် ဆောင် သော စိတ် နှင့်လည်း ကောင်း၊ မည် သည့် အ ခါ မျှ မ ရောက်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ချော့​မော့​သော​စ​ကား​ကို တစ်​ခါ​မျှ​မ​သုံး၊ ဝှက်​ထား​သော လော​ဘ​စိတ်​အ​လျှင်း​မ​ရှိ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​သက်​သေ ဖြစ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အကြောင်းမူကား သင်​တို့​သိ​ကြ​သည့်​အတိုင်း ငါ​တို့​သည် မြှောက်ပင့်​သော​စကား​ကို တစ်ကြိမ်​တစ်ခါ​မျှ​မ​သုံး၊ လောဘ​စိတ်​ဖြင့်​ဟန်ဆောင်​ခြင်း​လည်း​မ​ရှိ​ခဲ့​ပေ။ ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ ဘုရားသခင်​သည် ငါ​တို့​၏​သက်သေ​ဖြစ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 2:5
34 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သူတို့​၏​တပည့်များ​ကို ဟေရုဒ်​ဘက်တော်သားများ​နှင့်တကွ ယေရှု​ထံတော်သို့ စေလွှတ်​၍ “ဆရာတော်… ဆရာတော်​သည် ဖြောင့်မှန်သော​သူ​ဖြစ်ပြီး ဘက်မလိုက်တတ်ကြောင်း အကျွန်ုပ်တို့​သိကြပါ၏။ ဆရာတော်​သည် လူ့​မျက်နှာ​ကို မထောက်ဘဲ ဘုရားသခင်​၏​တရားလမ်း​အား မှန်ကန်​စွာ သွန်သင်တတ်ပါ၏။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏​တံခါး​ကို လူတို့​ရှေ့​မှ ပိတ်ထား​၍ သင်တို့​ကိုယ်တိုင်​လည်း​မဝင်၊ ဝင်လိုသည့်​သူများ​ကိုလည်း ဝင်ခွင့်​မပေးဘဲ နေကြ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​သည် မည်သူ​၏​ရွှေ၊ ငွေ​နှင့် အဝတ်အစား​ကိုမျှ မတပ်မက်ပါ။


သင်တို့​အတွက် ကျွန်ုပ်​အစဉ်မပြတ် ဆုတောင်းပေး​လျက်​ရှိ၏။ ထိုသို့​ဆုတောင်းပေးခြင်း​နှင့်​ပတ်သက်၍ သားတော်​၏​သတင်းကောင်း​ကို ဟောပြော​ကာ စိတ်နှလုံး​အပြည့်အဝ​ဖြင့် ကျွန်ုပ်​အစေခံ​လျက်​ရှိသော ဘုရားသခင်​သည် သက်သေ​ဖြစ်တော်မူ၏။


ထို​သူတို့​သည် ကျွန်ုပ်တို့​သခင်​ခရစ်တော်​၏ အမှု​ကို မဆောင်ရွက်ဘဲ ကိုယ်ကျိုး​ကိုသာ ဆောင်ရွက်သော​သူများ ဖြစ်ကြ၏။ ထို​သူတို့​သည် ချိုသာသောစကား​နှင့် မြှောက်ပင့်သော​စကား​ဖြင့် ရိုးသားသော​သူတို့​၏ စိတ်​ကို လှည့်ဖြားတတ်ကြ၏။


ကျွန်ုပ်​သည် အလွန်​ဝမ်းနည်း​လျက် စိတ်နှလုံး​ထဲ၌​လည်း ဖြေဆည်​၍ မရနိုင်သော ကြေကွဲခြင်း​ရှိကြောင်း ခရစ်တော်​ကို တိုင်တည်​၍ အမှန်​ကို​ပြော၏။ လိမ်လည်​၍ မပြော။ ထိုသို့ အမှန်​ပြောကြောင်း​ကို သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် လိပ်ပြာသန့်​စွာ အတည်ပြု၏။


ထိုသို့​ဆို​လျှင် သင်တို့​ထံသို့ ကျွန်ုပ်​စေလွှတ်ခဲ့သောသူ​တစ်စုံတစ်ယောက်​အားဖြင့် သင်တို့​အပေါ် အမြတ်ထုတ်​ခဲ့ဖူးသလော။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


ကျွန်ုပ်တို့​သည် ဆိတ်ကွယ်ရာ​၌ ပြုသော ရှက်ရွံ့ဖွယ်​အမှုတို့​ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်​ကို မသုံးကြ။ ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကိုလည်း မှောက်လှန်​၍ မဟောပြောကြ။ ဘုရားသခင်​ရှေ့တော်​၌ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သူတို့​စိတ်​ထဲက သိနိုင်​ရန် အမှန်တရား​ကိုသာ အတိအလင်း​ဖော်ပြကြ၏။


ကျွန်ုပ်တို့​အပေါ်​ထားသော သင်တို့​၏​မေတ္တာ​ကို ကြီးမားစေကြလော့။ ကျွန်ုပ်တို့​သည် မည်သူ့​ကိုမျှ မပြစ်မှားခဲ့။ မည်သူ့​ကိုမျှ မဖျက်ဆီးခဲ့။ မည်သူ့​ကိုမျှ အမြတ်မထုတ်ခဲ့။


သင်တို့​ထံသို့ ရေးသော​စာ​၌ လိမ်လည်သည့်​အကြောင်းအရာ​မပါကြောင်း ဘုရားသခင်​ကို တိုင်တည်​၍ ကျွန်ုပ်​ပြောဆို​ဝံ့၏။


ယုံကြည်သော သင်တို့​နှင့် ဆက်ဆံ​ရာတွင် ကျွန်ုပ်တို့​သည် မည်သို့​သန့်ရှင်း ဖြောင့်မတ်​ပြီး အပြစ်ဆိုဖွယ်​မရှိသူများ​ဖြစ်ကြောင်း​ကို သင်တို့​နှင့် ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ သက်သေများ​ဖြစ်၏။


သူ​သည် သောက်စား​မူးယစ်သူ၊ ခက်ထန်​ကြမ်းကြုတ်သူ၊ ခိုက်ရန်​ဖြစ်ပွားသူ၊ ငွေမက်သူ​မဟုတ်ဘဲ ထောက်ထား​ညှာတာသူ ဖြစ်ရမည်။


ထိုနည်းတူ သင်းထောက်တို့​သည် ကိုယ်ကျင့်တရား​ကောင်းသူ ဖြစ်ရမည်။ လျှာ​နှစ်ခွ​ဖြင့် ပြောဆိုတတ်သူ၊ သေရည်သေရက်​သောက်ကြူးသူ၊ မသမာနည်း​ဖြင့် ငွေရှာသူ​မဖြစ်ရ။


သင်းအုပ်​သည် ဘုရားသခင်​၏ အမှုတော်​တွင် စီမံခန့်ခွဲသူ​ဖြစ်၏။ ထို့ကြောင့် သူ​သည် အပြစ်ကင်းသူ​ဖြစ်ရမည်။ သူ​သည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စား​မူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်း​ဖြင့် ငွေရှာသူ မဖြစ်ရ။


သင်တို့​အား ဘုရားသခင်​အပ်ထားတော်မူသည့် သိုးစု​ကဲ့သို့သော လူတို့​ကို အုပ်ထိန်းလော့။ မဖြစ်မနေ​အုပ်ထိန်းရခြင်း​ကြောင့် မဟုတ်ဘဲ ဘုရားသခင်​အလိုတော်​နှင့်အညီ စိတ်ပါလက်ပါ အုပ်ထိန်းလော့။ အကျိုးစီးပွား​အတွက် မဟုတ်ဘဲ စိတ်အားထက်သန်​စွာ အုပ်ထိန်းလော့။


အဘယ်ကြောင့်ဆိုသော် သူတို့​သည် အကျိုးမဲ့ ချဲ့ကား​ကြွားဝါ​ပြောဆို​လျက် မှားယွင်း​စွာ ပြုမူ​နေထိုင်ကြ​သူတို့​ထဲမှ လွတ်မြောက်​ခါစ​ဖြစ်သော သူများ​ကို လူ့​ဗီဇစိတ်​၏​တပ်မက်မှုများ​နှင် ကိလေသာ​လွန်ကြူးခြင်း​တို့​ဖြင့် ဆွဲဆောင်ကြ​သောကြောင့်​ဖြစ်၏။


ထို​သူတို့​သည် မိမိတို့​၏ လောဘစိတ်​နှင့် လုပ်ကြံ​ဇာတ်လမ်းများ​ဖြင့် သင်တို့​အပေါ် အမြတ်ထုတ်ကြ​လိမ့်မည်။ ဘုရားသခင်​သည် ထို​သူတို့ ခံရမည့်​ပြစ်ဒဏ်​ကို ယခင်​ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့​၏ ပျက်စီးခြင်း​ကိုလည်း နှောင့်နှေး​စေတော်မူမည် မဟုတ်။


သူတို့​သည် အမင်္ဂလာ​ရှိကြ၏။ သူတို့​သည် ကာဣန​၏​လမ်းစဉ်​သို့ လိုက်ကြပြီ။ ဗာလမ်​သည် အခကြေးငွေ​ကို ရလို​၍ မှားယွင်း​သကဲ့သို့ ဗာလမ်​နည်းတူ အလျင်အမြန်​မှားယွင်းကြပြီ။ ကောရ​ကဲ့သို့ ပုန်ကန်​သဖြင့် ပျက်စီး​ဆုံးရှုံးကြပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ