၁ သက် 2:4 - မြန်မာ့စံမီသမ္မာကျမ်း4 ဘုရားသခင်သည် ငါတို့ကိုအသိအမှတ်ပြုလျက် ကောင်းမြတ်သောသတင်းကို ငါတို့၌ယုံကြည်အပ်နှံထားသည့်အလျောက် ငါတို့သည် လူတို့ကိုနှစ်သက်စေရန်မဟုတ်ဘဲ ငါတို့၏စိတ်နှလုံးကိုစစ်ဆေးတော်မူသောဘုရားသခင်ကို နှစ်သက်စေရန် ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ယင်းသို့ပြုမည့်အစားသခင်ဘုရားသည် ငါတို့အားထိုက်တန်သူများအဖြစ်လက်ခံ တော်မူသဖြင့် သတင်းကောင်းကြေညာရန် လွှဲအပ်တော်မူသည်နှင့်အညီငါတို့သည် ကိုယ်တော်ဟောပြောစေသည့်အတိုင်းအစဉ် ပင်ဟောပြောကြ၏။ ငါတို့သည်လူတို့နှစ် သက်မှုကိုရရန်မကြိုးစား။ ငါတို့စိတ် နှလုံးကိုစစ်ဆေးကြည့်ရှုတော်မူတတ် သော၊ ဘုရားသခင်နှစ်သက်မှုကိုသာ လျှင်ရရန်ကြိုးစားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 သ တင်း တော် မြတ် ကြား ပြော ခွင့် လွှဲ အပ် ရန် ဘု ရား သ ခင့် သ ဘော တော် ရှိ သည့် အ တိုင်း ငါ တို့ သည် လူ စိတ် နှင့် မ ဟုတ်။ ငါ တို့ နှ လုံး များ ကို စစ် ဆေး တော် မူ သော ဘု ရား သ ခင့် စိတ် တော် နှင့် တွေ့ ရန် ကြား ပြော ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင် လက်ခံတော်မူသည်နှင့်အညီ၊ လူကို နှစ်သက်စေသကဲ့သို့ မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေသကဲ့သို့ ဟောပြောကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ထိုသို့ပြုမည့်အစား ဘုရားသခင်သည် ကျွန်ုပ်တို့အား ယုံကြည်ထိုက်သူများအဖြစ် လက်ခံတော်မူသည်နှင့်အညီ သတင်းကောင်း ဟောပြောရန်အတွက် တာဝန်ပေးတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် လူကို ကျေနပ်စေရန် မဟုတ်ဘဲ ကျွန်ုပ်တို့၏ စိတ်နှလုံးသားကို စစ်ဆေးတော်မူသော ဘုရားသခင်ကို ကျေနပ်စေရန် ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။
ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်သည် လူသားအားလုံးတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူသည်နှင့်အညီ သူတို့ကို စီရင်တော်မူပါ။ သူတို့၏အကျင့်အတိုင်း သူတို့ကို ပြန်ပေးဆပ်စေတော်မူပါ။
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။