Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 4:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ဟောပြောသောသူ​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အတိုင်း ဟောပြော​ရမည်။ အစေခံသောသူ​သည် ဘုရားသခင်​ပေးတော်မူသော ခွန်အား​ရှိသည့်​အတိုင်း အစေခံ​ရမည်။ ဤသည်​မှာ ပြုလေသမျှတို့​၌ ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​ဘုန်းတော်​ထင်ရှား​ရန်​ဖြစ်၏။ ဘုရားသခင်​သည် အစဉ်​ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်​တို့​နှင့် ပြည့်စုံတော်မူ၏။ အာမင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 တ​ရား​ဟော​ပြော​သူ​သည်​ဘု​ရား​သ​ခင်​၏ ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော​စေ။ အ​စေ​ခံ​သော သူ​သည်​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​စွမ်း သတ္တိ​အ​တိုင်း​လုပ်​ဆောင်​စေ။ သို့​မှ​သာ​ပြု​လေ သ​မျှ​သော​အ​မှု​တို့​တွင် ယေ​ရှု​ခ​ရစ်​အား ဖြင့်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​ထွန်း​လင်း လိမ့်​မည်။ အ​ရှင်​ယေ​ရှု​ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အ ရာ ရာ၌ ယေ ရှု ခ ရစ် အား ဖြင့် ဘု ရား သ ခင့် ဘုန်း တော် ထင် ပေါ် စေ ရန် ဟော ပြော သူ သည် ဘု ရား သ ခင့် နှုတ် သ တ္တိ နှင့် လည်း ကောင်း၊ အ မှု တော် ဆောင် ရွက် သူ သည် ဘု ရား သ ခင် သ နား တော် မူ သော အ စွမ်း သ တ္တိ နှင့် လည်း ကောင်း ပြု စေ။ ထို အ ရှင် ယေရှု ခ ရစ် သည် က မ္ဘာ အ ဆက် ဆက် ဘုန်း တော်၊ တန် ခိုး တော် ကြီး ပါ စေ သ တည်း အာ မင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဘု​ရား​သ​ခင်​သည် အ​ရာ​ရာ၌ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​စေ​မည်​အ​ကြောင်း၊ ဟော​ပြော​သော​သူ​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ဟော​ပြော​စေ။ အ​ခြား​သော​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည်၊ ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​စွမ်း​သ​တ္တိ​အ​တိုင်း ဆောင်​ရွက်​စေ။ ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဟောပြော​သော​သူ​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​အတိုင်း​ဟောပြော​စေ။ အမှု​တော်​ဆောင်ရွက်​သော​သူ​သည် ဘုရားသခင်​ပြင်ဆင်​ပေး​တော်မူ​သော​အစွမ်းသတ္တိ​အတိုင်း​ဆောင်ရွက်​စေ။ ဤသည်ကား ဘုရားသခင်​သည် ခပ်သိမ်း​သော​အရာ​တို့​၌ ယေရှု​ခရစ်တော်​အားဖြင့် ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း​တည်း။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​အသရေ​နှင့်​တန်ခိုး​အရှိန်အဝါ​ရှိ​ပါစေသော။ အာမင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 4:11
47 ပူးပေါင်းရင်းမြစ်များ  

ဖြားယောင်း​သွေးဆောင်ရာ​သို့ မကျရောက်စေဘဲ မာရ်နတ်​၏ လက်​မှ အကျွန်ုပ်တို့​ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်​နှင့် ဘုန်းတော်​သည် ကမ္ဘာအဆက်ဆက်​ကိုယ်တော်​၌ ရှိပါ၏။ အာမင်။


ယုဒ​ထွက်သွား​ပြီးနောက် ယေရှု​က “လူသား​သည် ဘုန်းတော်​ထင်ရှားမည့် အချိန် ယခု​ကျရောက်ပြီ။ ဘုရားသခင်​သည်လည်း လူသား​အားဖြင့် ဘုန်းထင်ရှားတော်မူ​လိမ့်မည်။


သူ​သည် သိနာတောင်​တွင် သူ့​အား စကားပြောသော ကောင်းကင်တမန်​နှင့်​လည်းကောင်း၊ ကျွန်ုပ်တို့​၏​ဘိုးဘေးများ​နှင့်​လည်းကောင်း၊ တောကန္တာရ​တွင် စုဝေးသော​လူတို့​နှင့်​လည်းကောင်း ရှိခဲ့သောသူ​ဖြစ်၏။ သူ​သည် ကျွန်ုပ်တို့​အား ပေးအပ်​ရန် အသက်ရှင်စေသော ဗျာဒိတ်တော်​ကို လက်ခံရရှိလေ၏။


အရာခပ်သိမ်းတို့​သည် ဘုရားသခင်​ထံတော်မှ လာ၏။ အရာခပ်သိမ်းတို့​သည် ဘုရားသခင်​၏ တန်ခိုးတော်​ကြောင့် ဖြစ်တည်၏။ အရာခပ်သိမ်းတို့​သည် ဘုန်းတော်​အတွက်​ဖြစ်ကြ၏။ ဘုရားသခင်​သည် ထာဝရ​ဘုန်းကြီးတော်မူပါစေ။ အာမင်။


ကျွန်ုပ်​အား ဘုရားသခင်​ပေးအပ်တော်မူသော တမန်တော်​ဖြစ်ခြင်း အခွင့်ထူး​ဖြင့် သင်တို့​တစ်ဦးချင်း​ကို ကျွန်ုပ်​ပြော​လိုသည်​မှာ သင်တို့​သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်​ထက် ပို၍ အထင်​မကြီးကြနှင့်။ မိမိတို့​အတွက် ဘုရားသခင်​ခွဲဝေ​ပေးသနားတော်မူသော ယုံကြည်ခြင်း​ပမာဏ​အတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်​ရိုးသား​စွာ သုံးသပ်ကြလော့။


ဉာဏ်ပညာတော်​နှင့် ပြည်စုံတော်မူသည့် တစ်ဆူတည်းသော​ဘုရားသခင်​သည် ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရောမ​ဩဝါဒစာ ပြီးပါပြီ။


စင်စစ် အဘက်ဘက်​၌ အကျိုး​များစွာ​ရှိ၏။ ဦးစွာ ဂျူးလူမျိုးတို့​သည် ဘုရားသခင်​၏​ဗျာဒိတ်တော်​ကို ခံယူ​ရရှိကြ၏။


ထို့ကြောင့် သင်တို့​သည် စားသည်​ဖြစ်စေ၊ သောက်သည်​ဖြစ်စေ၊ တစ်စုံတစ်ရာ​ကို ပြုလုပ်သည်​ဖြစ်စေ အရာ​အားလုံး​ကို ဘုရားသခင်​၏ ဘုန်းတော်​အတွက် ပြုကြလော့။


ဝိညာဉ်​ဆုကျေးဇူး​အမျိုးမျိုး​ရှိ​သော်လည်း ဝိညာဉ်တော်​တစ်ပါးတည်း​ရှိ၏။


ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​အားဖြင့် ကျွန်ုပ်​သည် ဗိသုကာ​ပညာရှင်​ကဲ့သို့ အုတ်မြစ်​ကို ချထား၏။ ယခု​တွင် အခြားသူ​သည် ထို​အုတ်မြစ်​ပေါ်​၌ တည်ဆောက်နေပြီ​ဖြစ်၏။ သို့ရာတွင် ထို​အုတ်မြစ်​ပေါ်၌ တည်ဆောက်သော​သူ​တိုင်း အလွန် ဂရုစိုက်​ရမည်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် သင်တို့​ကို အဖိုးအခ​ပေး​၍ ရွေးနုတ်​ဝယ်ယူတော်မူခဲ့​သောကြောင့်​ဖြစ်၏။ ထို့ကြောင့် သင်တို့​၏ ကိုယ်ခန္ဓာ​အားဖြင့် ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှားစေကြလော့။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


သင်တို့​၏ လှူဒါန်းခြင်း​အမှု​ကြောင့် လက်ခံရရှိသော​သူတို့​သည် ဘုရားသခင်​ကို ချီးမွမ်းကြ​လိမ့်မည်။ သူတို့​မှစ၍ ယုံကြည်သူ​အပေါင်းတို့​အား ရက်ရော​စွာ လှူဒါန်းခြင်း​သည် ခရစ်တော်​၏ သတင်းကောင်း​ကို သင်တို့​နာခံကြောင်း သက်သေပြ​လိမ့်မည်။


သင်တို့​၏ နှုတ်​မှ ဆိုးညစ်သော​စကား တစ်ခွန်း​ကိုမျှ မထွက်စေနှင့်။ နားထောင်သူတို့​အတွက် အကျိုးရှိ​စေရန် အချိန်အခါ​ကို ကြည့်​၍ ကောင်းသော​စကား​ကို အပြုသဘော​နှင့် ပြောကြလော့။


ကျွန်ုပ်တို့​သခင် ယေရှု​ခရစ်တော်​၏ အမည်​နာမတော်​ကို အမှီပြု​၍ အရာ​အားလုံး​အတွက် ခမည်းတော်​ဘုရားသခင်​အား အစဉ် ကျေးဇူးတင်ကြလော့။


နိဂုံးချုပ်​အားဖြင့် ဆိုရ​လျှင် သင်တို့​သည် သခင်ဘုရား​အားဖြင့်​လည်းကောင်း၊ ကိုယ်တော်​၏ သာလွန်​ထူးကဲသော​တန်ခိုးတော်​အားဖြင့်​လည်းကောင်း ကြံ့ခိုင်ကြလော့။


ထို့ပြင် သင်တို့​သည် ယေရှု​ခရစ်တော်​ကြောင့် ရရှိ​သည့် ဖြောင့်မတ်ခြင်း​၏ အသီးအပွင့်​နှင့် ပြည့်​လျက် လူတို့​သည် ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှား​စေရန်​နှင့် ဘုရားသခင်​ကို ချီးမွမ်းကြ​ရန် ကျွန်ုပ်​ဆုတောင်း၏။


“ယေရှု​ခရစ်တော်​သည် သခင်​ဖြစ်တော်မူသည်” ဟု နှုတ်​ဖြင့် ဝန်ခံ​လျက် ခမည်းတော်​ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားကြ​စေရန် ဖြစ်၏။


လူတိုင်း​ကို မှန်ကန်​သင့်လျော်​စွာ တုံ့ပြန်​ပြောဆိုနိုင်​ရန် သင်တို့​ပြောသော​စကား​သည် နားဝင်ချို​ပြီး နှစ်လိုဖွယ်​ဖြစ်ပါစေ။


ထိုသို့​ပြုမည့်​အစား ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ယုံကြည်ထိုက်သူများ​အဖြစ် လက်ခံတော်မူသည်​နှင့်အညီ သတင်းကောင်း ဟောပြော​ရန်အတွက် တာဝန်ပေးတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် လူ​ကို ကျေနပ်​စေရန် မဟုတ်ဘဲ ကျွန်ုပ်တို့​၏ စိတ်နှလုံးသား​ကို စစ်ဆေး​တော်မူသော ဘုရားသခင်​ကို ကျေနပ်​စေရန် ဟောပြောကြ၏။


ထာဝရ​ဘုရင်​ဖြစ်တော်မူသော၊ ထာဝရ​အသက်ရှင်တော်မူသော၊ လူ့​မျက်စိ​ဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်​သည် ကမ္ဘာ​အဆက်ဆက် ဂုဏ်သရေ၊ ဘုန်းသရေ ရှိတော်မူပါစေသော။ အာမင်။


ဘုရားသခင်​တစ်ပါးတည်း​သာလျှင် သေခြင်း​နှင့်​ကင်းတော်မူ​၍ ကိုယ်တော်​သည် မည်သူ​မျှ မချဉ်းကပ်နိုင်သည့် အလင်း​၌ ကိန်းဝပ်တော်မူ၏။ ကိုယ်တော်​ကို မည်သူမျှ မမြင်ဖူး​သကဲ့သို့ မြင်​လည်း မမြင်နိုင်။ ကိုယ်တော်​၌ ဂုဏ်အသရေ​နှင့် ထာဝရ​ဘုန်းတန်ခိုး ရှိတော်မူပါစေသော။ အာမင်။


သင်​သည် မှန်ကန်သော​အယူဝါဒ​နှင့် ကိုက်ညီသည့်​အရာများ​ကို သွန်သင်​ရမည်။


သင်​သည် အထက်ပါ​အကြောင်းအရာများ​ကို သွန်သင်လော့။ အခွင့်​အာဏာ အပြည့်အဝ​ဖြင့် တိုက်တွန်း​၍ ဆုံးမလော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင် မပြုပါစေနှင့်။


ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို သင်တို့​အား ဟောပြောခဲ့သော သင်တို့​၏​ခေါင်းဆောင်များ​ကို သတိရကြလော့။ သူတို့​၏ အသက်ရှင်​နေထိုင်ပုံ​မှ ရရှိသော အကျိုး​ရလဒ်​ကို ဆင်ခြင်​၍ သူတို့​၏ ယုံကြည်ခြင်း​ကို အတုယူကြလော့။


သင်တို့​သည် လေ့လာ​ဆည်းပူးခဲ့သော​ကာလ​အရ ဆရာများ​ဖြစ်သင့်​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့်​ဆိုင်သော​အခြေခံ​အကြောင်းအရာများ​ကို အခြားသူ​ထံမှ ထပ်မံ​သင်ယူ​ရန် လိုအပ်နေ​သေး၏။ သင်တို့​သည် မာသော​အစာ​ကို မစားနိုင်​ဘဲ နို့​ကို​သာ သောက်နိုင်ကြသေး၏။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ဤ​အချက်​ကို မှတ်သားကြလော့။ လူတိုင်း​သည် ကြားနာရာ​တွင် လျင်မြန်​၍ ပြောဆိုရာ​နှင့် ဒေါသထွက်ရာ​တွင် နှေးကွေး​သင့်၏။


တစ်စုံတစ်ယောက်​သည် မိမိကိုယ်ကိုယ် ဘာသာတရား​ကိုင်းရှိုင်းသူ​ဟု ထင်မြင်​သော်လည်း မိမိ​လျှာ​ကို မချုပ်တည်း​လျှင် မိမိကိုယ်မိမိ လှည့်ဖြားသူ​ဖြစ်၏။ သူ​၏ ဘာသာတရား​ကိုင်းရှိုင်းခြင်း​သည် အချည်းနှီး​ဖြစ်၏။


ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​အလယ်တွင် ကောင်းမွန်စွာ​ပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထို​သူတို့​သည် သင်တို့​ကို မကောင်းမှု​ပြုသူများ​ဟု အသရေဖျက်ကြ​သော်လည်း သင်တို့​၏ ကောင်းသော​အကျင့်​ကို ထောက်​၍ ဘုရားသခင် ကြည့်ရှု​စီရင်တော်မူသော​နေ့​၌ ကိုယ်တော်​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


သင်တို့​သည်လည်း အသက်ရှင်သော​ကျောက်များ​ကဲ့သို့ ဝိညာဉ်ရေးရာ​အိမ်တော်​တည်ဆောက်ရာ​တွင် ပါဝင်​အသုံးခံကြ၏။ ဤ​သည်​မှာ သင်တို့​သည် သန့်ရှင်းသော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​၍ ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​နှစ်သက်ဖွယ် ဝိညာဉ်ရေးရာ​ပူဇော်စရာများ​ကို ပူဇော်​နိုင်ရန်​ဖြစ်၏။


သင်တို့​တစ်ဦးစီ​သည် ဘုရားသခင်​ထံမှ ဆုကျေးဇူး​အသီးသီး​ကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်း​အဖြစ် ထို​ဆုကျေးဇူးတို့​ကို အသုံးပြု​၍ အချင်းချင်း ကူညီ​ဆောင်ရွက်ကြလော့။


သင်တို့​သည် ခရစ်ယာန်​ဖြစ်သောကြောင့် ဆင်းရဲဒုက္ခ​ခံရ​လျှင် မရှက်ကြောက်ဘဲ ခရစ်ယာန်​ဖြစ်ခြင်း​အတွက် ဘုရားသခင်​၏​ဘုန်းတော်​ကို ချီးမွမ်းလော့။


ဘုရားသခင်​သည် အစဉ်​ထာဝရ​တန်ခိုး​ကြီးတော်မူပါစေသော။ အာမင်။


ကျွန်ုပ်တို့​၏​ကယ်တင်ရှင်၊ တစ်ဆူတည်းသော​ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ယခင်​ကာလ​အစဉ်အဆက်၊ ယခု​ကာလ​နှင့် နောင်​ကာလ​အစဉ်အဆက် ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်၊ အစွမ်းသတ္တိ​နှင့် အာဏာစက်တို့​ရှိတော်မူပါစေသော။ အာမင်။ ရှင်ယုဒ​ဩဝါဒစာ ပြီးပါပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ