Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 4:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ကျွန်ုပ်တို့​သည် ဆိတ်ကွယ်ရာ​၌ ပြုသော ရှက်ရွံ့ဖွယ်​အမှုတို့​ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်​ကို မသုံးကြ။ ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကိုလည်း မှောက်လှန်​၍ မဟောပြောကြ။ ဘုရားသခင်​ရှေ့တော်​၌ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သူတို့​စိတ်​ထဲက သိနိုင်​ရန် အမှန်တရား​ကိုသာ အတိအလင်း​ဖော်ပြကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ငါ​တို့​သည်​ရှက်​ဖွယ်​ရာ​လျှို့​ဝှက်​မှု​အ​ပေါင်း တို့​ကို​စွန့်​ပယ်​ကြ​၏။ ငါ​တို့​သည်​ကောက်​ကျစ် စဉ်း​လဲ​မှု​ကို​မ​ပြု။ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​မှောက်​လှန်​၍​မ​ဟော​မ​ပြော။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​မျက်​မှောက်​တော် ၌​သမ္မာ​တ​ရား​တော်​၏​အ​လင်း​တွင် သက်​ရှင် လှုပ်​ရှား​၍​လူ​အ​ပေါင်း​တို့​သြတ္တ​ပ္ပ​စိတ် ကြည်​လင်​အောင်​ပြု​မူ​ဆောင်​ရွက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ရှက် ဖွယ် ရာ လျှို့ ဝှက် မှု များ ကို စွန့် ပယ် ပြီး လျှင် စဉ်း လဲ စွာ ကျင် လည် ခြင်း၊ ဘု ရား သ ခင့် တ ရား တော် ကို ရော စပ် ခြင်း မ ပြု ဘဲ သ မ္မာ တ ရား တော် ကို ဖော် ပြ ခွင့် အား ဖြင့် သာ ဘု ရား သ ခင့် မျက် မှောက် တော် တွင် လူ တိုင်း၏ သြတ္တ ပ္ပ စိတ် ရှေ့ ကိုယ် ကို ထောက် ခံ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ဆိတ်​ကွယ်​ရာ​အ​ရပ်၌​ပြု​သော ရှက်​ဖွယ်​သော အ​မှု​များ​ကို​ပယ်​ကြ၏။ ပ​ရိ​ယာယ်​ကို​မ​သုံး၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိမ်​ဝှက်​မှောက်​လှန်​ခြင်း မ​ရှိ။ သ​မ္မာ​တ​ရား​ကို အ​တည့်​အ​လင်း ဖော်​ပြ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​အ​ပေါင်း​တို့၏ စိတ်​အ​ထင်​အ​တိုင်း ချီး​မွမ်း​ဖွယ်​သော အ​ကျင့်​ဓ​လေ့​ကို ကျင့်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ငါ​တို့​သည် ကွယ်ဝှက်​ထား​သည့် ရှက်ဖွယ်ရာ​များ​ကို​စွန့်ပယ်​၍ ပရိယာယ်​၌​ကျင်လည်​ခြင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို မလိမ့်တပတ်​လုပ်​ခြင်း​တို့​မ​ရှိ​ဘဲ သမ္မာတရား​ကို အတိအလင်း​ဖော်ပြ​ခြင်း​အားဖြင့် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​အပေါင်း​တို့​၏​အသိစိတ်​တွင် မိမိတို့ကိုယ်ကို​ထင်ရှား​စေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 4:2
16 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​အတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထို​သတင်းကောင်း​သည် ယုံကြည်သောသူများ​ဖြစ်သည့် ဦးစွာ ဂျူး​လူမျိုးများ၊ ထို့နောက် လူမျိုးခြားများ​ကို ကယ်တင်သော ဘုရားသခင်​၏ တန်ခိုးတော်​ဖြစ်​သောကြောင့်​ပင်။


ထိုစဉ်​က ပြုကျင့်ခဲ့သော​အရာ​မှ မည်သည့် အကျိုး​ကို ရသနည်း။ သင်တို့​သည် ယခင်က ကျူးလွန်ခဲ့ဖူးသော​အရာများ​အတွက် ယခု​ရှက်ကြောက်ရ၏။ ထို​အရာတို့​သည် သေခြင်း​၌ လမ်းဆုံး၏။


ထို့ကြောင့် သခင်ဘုရား ပြန်လည်​ကြွလာတော်မမူ​မီ မည်သူ့​ကိုမျှ ကြိုတင်​၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်​၌ ဝှက်ထားသော​အရာများ​ကို ကိုယ်တော်​သည် အလင်း​သို့ ယူလာ​၍ ကျွန်ုပ်တို့​၏ အတွင်း​စိတ် အကြံအစည်များ​ကို ဖော်ထုတ်မည်​ဖြစ်​သောကြောင့်​ဖြစ်၏။ ထို့နောက်​တွင်မူ ဘုရားသခင်​သည် လူ​အသီးသီးတို့​ကို ချီးမွမ်းတော်မူ​လိမ့်မည်။


ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။


သို့သော် ဧဝ​သည် မြွေ​၏ ပရိယာယ်​ဖြင့် လှည့်ဖြားခံရ​သကဲ့သို့ သင်တို့​၏​စိတ်နှလုံး​သည်လည်း ခရစ်တော်​အား ရိုးသား​ဖြူစင်​စွာ ကိုးကွယ်ရာ​မှ သွေဖည်စေခြင်း​ခံရမည်​ကို ကျွန်ုပ်​စိုးရိမ်၏။


ကျွန်ုပ်​သည် အဟောအပြော​ပိုင်း​၌ မကျွမ်းကျင်​သော်လည်း ခရစ်တော်​အကြောင်း​နှင့်ဆိုင်သော​အသိပညာ​ပိုင်း​၌ မချို့တဲ့။ ဤ​အချက်​နှင့်​ပတ်သက်၍ ကျွန်ုပ်တို့​သည် နည်းအမျိုးမျိုး​ဖြင့် သင်တို့​အား ရှင်းလင်း​စွာ ပြောပြထားပြီ​ဖြစ်၏။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


ကျွန်ုပ်တို့​သည် အဘယ်ကြောင့် သခင်ဘုရား​ကို ကြောက်ရွံ့ရကြောင်း​ကို သိ​သဖြင့် အခြား​သူများ​အား ဘုရားသခင်​ထံတော်သို့ လှည့်ပြန်​ရန် တိုက်တွန်း​စည်းရုံးကြ၏။ ကျွန်ုပ်တို့​အကြောင်း​ကိုမူ ဘုရားသခင်​အကြွင်းမဲ့​သိတော်မူ​၍ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သင်တို့​၏ စိတ်​ထဲက အကြွင်းမဲ့​သိကြမည်​ဟု မျှော်လင့်၏။


ချီးမွမ်းခံရခြင်း​နှင့် ကဲ့ရဲ့ခံရခြင်း၊ အကောင်း​ပြောခံရခြင်း​နှင့် မကောင်း​ပြောခံရခြင်း​အားဖြင့်​လည်းကောင်း အရာရာတို့​၌ ဘုရားသခင်​၏ အစေခံများ​ဖြစ်ကြောင်း ပေါ်လွင်စေကြ၏။ ကျွန်ုပ်တို့​သည် လှည့်ဖြားသူများ​အဖြစ် သတ်မှတ်ခံရ​သော်လည်း ဖြောင့်မှန်သောသူများ​ဖြစ်ကြ၏။


ကျွန်ုပ်​သည် သင်တို့​အကြောင်း​ကို တိတု​အား ကြွားဝါခဲ့​သော်လည်း သင်တို့​သည် ကျွန်ုပ်​ကို အရှက်​မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့​အား ကျွန်ုပ်​ပြောခဲ့သော အရာ​အားလုံး​သည် မှန်နေ​သကဲ့သို့ တိတု​ကို ကျွန်ုပ်တို့​ကြွားဝါခဲ့သော သင်တို့​အကြောင်း​သည်လည်း မှန်နေ​သောကြောင့်​ဖြစ်၏။


ထိုအခါ ကျွန်ုပ်တို့​သည် မရင့်ကျက်သေးသော ကလေးသူငယ်များ​ကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေ​သည် လှိုင်းလေတို့​၌ လွန့်လူးနေ​သကဲ့သို့ ကျွန်ုပ်တို့​သည် ပရိယာယ်​ဖြင့် လမ်းလွဲ​စေရန် လှည့်ဖြားတတ်သော သူတို့​၏ အမျိုးမျိုးသော သွန်သင်မှု​နောက်သို့ ပါသွားမည် မဟုတ်ပေ။


မနာခံသော​သူတို့​က ဆိတ်ကွယ်​ရာတွင် ပြုသော​အမှု​အကြောင်း​ကို ကျွန်ုပ်တို့​သည် ပြောဆို​ရန်ပင် ရှက်ဖွယ်​ကောင်း၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ