Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 5:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ကျွန်ုပ်တို့​သည် အဘယ်ကြောင့် သခင်ဘုရား​ကို ကြောက်ရွံ့ရကြောင်း​ကို သိ​သဖြင့် အခြား​သူများ​အား ဘုရားသခင်​ထံတော်သို့ လှည့်ပြန်​ရန် တိုက်တွန်း​စည်းရုံးကြ၏။ ကျွန်ုပ်တို့​အကြောင်း​ကိုမူ ဘုရားသခင်​အကြွင်းမဲ့​သိတော်မူ​၍ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သင်တို့​၏ စိတ်​ထဲက အကြွင်းမဲ့​သိကြမည်​ဟု မျှော်လင့်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သ​ခင်​ဘု​ရား​အား ကြောက်​ရွံ့​ရ​ကြောင်း​ကို​သိ​သ​ဖြင့် လူ​တို့​အား တိုက်​တွန်း​နှိုး​ဆော်​၏။ ငါ​တို့​၏​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​အ​ကြွင်း​မဲ့​သိ​တော်​မူ​၏။ သင် တို့​သည်​လည်း​စိတ်​နှ​လုံး​ထဲ​က​ငါ့​အ​ကြောင်း ကို​လည်း ကောင်း​စွာ​သိ​ကြ​လိမ့်​မည်​ဟု​ငါ မျှော်​လင့်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထို သို့ အ ရှင် ဘု ရား အား ကြောက် ရွံ့ ဖွယ် ရာ ကို ထောက် ရှု လျက် လူ တို့ ကို သ ဘော ကျ စေ ကြ သော ငါ တို့ သည် ဘု ရား သ ခင့် ရှေ့ ထင် ရှား ပြီး ဖြစ် သည့် အ လျောက် သင် တို့ သြ တ္တ ပ္ပ စိတ် ရှေ့ လည်း ထင် ရှား ကြ ပြီ ဟု ငါ အောက် မေ့ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သို့​ဖြစ်၍ သ​ခင်​ဘု​ရား​နှင့်​ဆိုင်​သော ကြောက်​မက်​ဖွယ်​သော အ​ကြောင်း​အ​ရာ​တို့​ကို ငါ​တို့​သည် သိ​လျှင်၊ လူ​များ​ကို နှိုး​ဆော်​သွေး​ဆောင်​ရ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ထင်​ရှား​ကြ၏။ သင်​တို့၏​စိတ်​ရှေ့၌​လည်း ထင်​ရှား​ကြ​သည်​ဟု ငါ​ထင်​မှတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို့ကြောင့် ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​နှင့်ပတ်သက်​သည့်​အကြောင်း​ကို ငါ​တို့​သိ​သဖြင့် လူ​တို့​ကို​စည်းရုံး​ကြ​၏။ ငါ​တို့​အကြောင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ ထင်ရှား​ပြီ​ဖြစ်၍ သင်​တို့​၏​အသိစိတ်​၌​လည်း ထင်ရှား​ပြီ​ဟု ငါ​မျှော်လင့်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 5:11
39 ပူးပေါင်းရင်းမြစ်များ  

ကိုယ်ခန္ဓာ​ကိုသာ သတ်​၍ စိတ်ဝိညာဉ်​ကို​မသတ်နိုင်သော​သူတို့​ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာ​နှင့် စိတ်ဝိညာဉ်​နှစ်မျိုးလုံး​ကို ငရဲ​တွင် ဖျက်ဆီးနိုင်သော​ဘုရားသခင်​ကိုသာ ကြောက်ကြလော့။


ထို့ကြောင့် ထို​သူများ​သည် ထာဝရ​အပြစ်ဒဏ်ခံရသော​နေရာ​သို့ သွားကြ​လိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သော​သူတို့​မှာမူ ထာဝရ​အသက်ရှင်ရာ နေရာ​သို့ သွားကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သို့သော်လည်း သင်တို့​ကြောက်ရမည့်​သူ​ကို ငါ​ပြောမည်။ ကိုယ်ခန္ဓာ​ကို သတ်​၍ ငရဲ​သို့​ပစ်ချနိုင်သော ဘုရားသခင်​ကိုသာ ကြောက်ကြလော့။ မှန်ပါ၏။ သင်တို့​ကြောက်ရွံ့ရမည်​သူ​မှာ ထို​အရှင်​ဖြစ်၏။


ထိုအခါ အာဗြဟံ​က ‘မောရှေ​နှင့် ပရောဖက်တို့​၏​စကား​ကို​နားမထောင်ကြ​လျှင် သေရာ​မှ ပြန်ရှင်လာသော​သူ​ကိုလည်း ယုံကြည်ကြ​လိမ့်မည်​မဟုတ်ပါ’ ဟူ၍ ဆိုလေသည်” ဟု​မိန့်တော်မူ၏။


ဂျူးဝတ်ပြုဆောင်​မှ အစည်းအဝေး​ရုပ်သိမ်း​သောအခါ ဂျူး​အများအပြား​နှင့် ဘုရားသခင်​ကို​ကိုးကွယ်သော​ဂျူးဘာသာဝင်​ဖြစ်လာသူတို့​သည် ပေါလု​နှင့်​ဗာနဗ​နောက်​သို့ လိုက်ကြ၏။ သူတို့​နှစ်ဦး​သည်လည်း ထို​သူတို့​အား ဘုရားသခင်​၏​ကျေးဇူးတော်​ကို အမှီပြု​၍ ဆက်လက်​ရှင်သန်​ရန် ပြောဆို​တိုက်တွန်းကြ၏။


သူတို့​က “ဤ​သူ​သည် ပညတ်ကျမ်း​နှင့် ဆန့်ကျင်ဘက်​ပြု​လျက် ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်ကြ​စေရန် လူတို့​အား သွေးဆောင်နေပါ၏” ဟူ၍ စွဲချက်တင်ကြ၏။


ပေါလု​သည် ဥပုသ်နေ့​တိုင်း ဂျူးဝတ်ပြုဆောင်​၌ တရား​ဆွေးနွေး​၍ ဂျူးလူမျိုးများ​နှင့် ဂရိလူမျိုးများ ယုံကြည်လာ​ရန် စည်းရုံး​လျက်​နေ၏။


သို့သော် ဧဖက်မြို့​သာမက အာရှပြည်​တစ်ပြည်လုံး​တွင်​ရှိသော​သူတို့​အား ဤ​ပေါလု​ဆိုသူ​က လူ့​လက်​ဖြင့် ထုလုပ်သော​ဘုရားများ​သည် ဘုရား​လုံးဝ​မဟုတ်ကြောင်း ဖြားယောင်း​သွေးဆောင်​၍ လမ်းလွဲ​စေလျက်​ရှိသည်​ကို သင်တို့​လည်း မြင်ကြ​ကြားကြ​ရပြီ။


ဤ​အကြောင်းအရာများ​ကို အဂြိပ္ပမင်းကြီး​သိရှိ​သောကြောင့် ထို​မင်း​ရှေ့​၌ အကျွန်ုပ်​သည်လည်း ရဲဝံ့​စွာ​လျှောက်ထားခြင်း​ဖြစ်ပါ၏။ ထို​အကြောင်းအရာတို့​သည် ဆိတ်ကွယ်ရာ​တွင် ဖြစ်ပျက်ခဲ့သည့်​ကိစ္စများ​မဟုတ်​သောကြောင့် အရှင်မင်းကြီး​မသိဘဲ​မနေပါ​ဟု အကျွန်ုပ်​ယုံကြည်ပါ၏။


ထို့နောက် သူတို့​သည် ပေါလု​နှင့်​တွေ့ဆုံ​ရန် ရက်ချိန်း​ရွေး​ကြ၏။ ချိန်းသည့်​နေ့​ရောက်သော် သူတို့​သည် လူပေါင်း​များစွာ​နှင့်တကွ ပေါလု​တည်းခိုရာ​နေရာ​သို့​ရောက်လာကြ၏။ ပေါလု​သည် နံနက်​အချိန်​မှ ည​အချိန်​တိုင်အောင် ထို​သူတို့​အား ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို​ရှင်းပြ​လျက် သက်သေခံလေ၏။ မောရှေ​၏​ပညတ်တရား​နှင့် ပရောဖက်ကျမ်းများ​ကိုလည်း ကိုးကား​၍ ယေရှု​အကြောင်း​ကို လက်ခံယုံကြည်​လာရန် ကြိုးစား​ဟောပြောလေ၏။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


ထိုသို့ ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သံတမန်များ​ဖြစ်ကြ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​အားဖြင့် လူတို့​အား တိုက်တွန်း​နှိုးဆော်​လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်​နှင့် ပြန်လည်​သင့်မြတ်ကြလော့” ဟု ခရစ်တော်​၏ ကိုယ်စား သင်တို့​ကို ကျွန်ုပ်တို့​အနူးအညွတ်​မေတ္တာရပ်ခံကြ၏။


ဘုရားသခင်​၏ လုပ်ဖော်ကိုင်ဖက်များ​အနေဖြင့် သင်တို့​အား ကျွန်ုပ်တို့​တိုက်တွန်း​နှိုးဆော်လိုသည်​မှာ “သင်တို့​သည် ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရရှိသူများ​ဖြစ်ကြသည်​နှင့်အညီ ထို​ကျေးဇူးတော်​ကို အချည်းနှီး​မဖြစ်စေကြနှင့်” ဟူ၍​ဖြစ်၏။


ကျွန်ုပ်​သည် လူတို့​၏ မျက်နှာသာ​ပေးခြင်း​ကို ရ​ရန် ကြိုးစားနေသလော။ ဘုရားသခင်​၏ မျက်နှာသာ​ပေးခြင်း​ကို ရ​ရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်​သဘောကျ​စေရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်​သဘောကျ​စေရန် ကြိုးစား​နေသေး​လျှင် ကျွန်ုပ်​သည် ခရစ်တော်​၏ အစေအပါး​တစ်ယောက် မဟုတ်ပေ။


ခရစ်တော်​ကို ရိုသေသော​စိတ်​ဖြင့် တစ်ဦး​ကို တစ်ဦး နာခံကြလော့။


အသက်ရှင်​တော်မူသော ဘုရားသခင်​၏ လက်တော်​သို့ ကျရောက်ရခြင်း​သည် ကြောက်မက်ဖွယ်​ကောင်းလှ၏။


“ကျွန်ုပ်တို့​၏ ဘုရားသခင်​သည် လောင်ကျွမ်း​စေတတ်သော​မီး​ကဲ့သို့ ဖြစ်တော်မူ၏။”


အချို့သော​သူတို့​ကို မီး​ထဲမှ ဆွဲထုတ်​၍ ကယ်ကြလော့။ လူ့​ဗီဇစိတ်​၏ အညစ်အကြေး​စွန်းထင်းနေသည့် သူတို့​၏​အဝတ်​ကို​ပင် ရွံမုန်း​၍ ကြောက်ရွံ့သော​စိတ်​နှင့် သူတို့​ကို သနားကြလော့။


အသက်​စာစောင်​တွင် စာရင်း​မဝင်သော​သူတို့​သည်လည်း မီးအိုင်​ထဲသို့ ပစ်ချ​ခံရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ