Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 12:42 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 ထိုအခါ သခင်ဘုရား​က “သစ္စာရှိ​၍ ပညာ​အလိမ္မာ​နှင့်​ပြည့်စုံသော​စီမံခန့်ခွဲသူ​သည် မည်သူနည်း။ ထို​သူ​သည် အစေခံများ​ကို အုပ်ချုပ်​ရန်​နှင့် အချိန်တန်​သောအခါ စားနပ်ရိက္ခာ​ကို ခွဲဝေ​စေရန် သခင်​ခန့်ထားသော​သူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

42 သ​ခင်​ဘု​ရား​က ``သစ္စာ​ရှိ​၍​လိမ္မာ​သော​အ​စေ​ခံ ကား အ​ဘယ်​သူ​နည်း။ အိမ်​ရှင်​သည်​အ​စေ​ခံ​များ ကို​အုပ်​ချုပ်​ရန်​နှင့်​အ​ချိန်​တန်​လျှင် ရိက္ခာ​များ ထုတ်​ပေး​ရန်​အ​စေ​ခံ​တစ်​ယောက်​ကို​ခန့်​ထား သည်​ဆို​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

42 အ ရှင် ဘု ရား က လုပ် သား တို့ အ ပေါ် တွင် ထိုက် သင့် ရာ အ ခ စား နပ် ရိ က္ခာ ကို ဝေ ပေး ရန် အ ရှင် ခန့် ထား၍ သ စ္စာ နှင့် သ တိ ပ ညာ ရှိ သော ဘ ဏ္ဍာ စိုး ကား မည် သူ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 သ​ခင်​ဘု​ရား​က၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​သား​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 သခင်​ဘုရား​က​လည်း“မိမိ​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​များ​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ခေါင်းဆောင်​ကား မည်သူ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

42 သ​ခင်​ဘု​ရား​က၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​သား​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 12:42
29 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​က “ကောင်းကင်​နိုင်ငံတော်​တွင် တပည့်​ဖြစ်လာသော ကျမ်းတတ်ဆရာ​သည် မိမိ​၏ ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာသစ်​နှင့် ဥစ္စာဟောင်းတို့​ကို ထုတ်ယူလာသော အိမ်ရှင်​နှင့်​တူ၏” ဟု မိန့်တော်မူ၏။


ညချမ်း​အချိန်​ရောက်​သောအခါ စပျစ်ခြံ​ပိုင်ရှင်​သည် သူ​၏​စီမံခန့်ခွဲရေးမှူး​အား ‘လုပ်သားများ​ကို ခေါ်​ကာ နောက်ဆုံး​အလုပ်​ဝင်သူ​မှစ၍ အဦးဆုံး​အလုပ်​ဝင်သူ​အထိ လုပ်အားခ​ကို​ပေးလော့’ ဟု ဆို၏။


သခင်​သည် ပြန်လာ​သောအခါ ထိုသို့ အလုပ်​လုပ်နေသော အစေခံ​ကို တွေ့မြင်​လျှင် ထို​အစေခံ​သည် မင်္ဂလာရှိ၏


ယေရှု​သည် မုဆိုးမ​ကို မြင်​သောအခါ သနားစိတ်​ရှိတော်မူ​သဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။


ယေရှု​ထံတော်သို့​စေလွှတ်​၍ “အရှင်​သည် အကျွန်ုပ်တို့​စောင့်မျှော်နေသော ခရစ်တော်​မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့​သည် အခြားသူ​ကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။


ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။


သို့မှသာ ကျွန်ုပ်​၏​ခရီး ကြန့်ကြာနေခဲ့လျှင်​လည်း ဘုရားသခင်​၏ အိမ်တော်​တွင် မည်သို့ ပြုမူရမည်​ကို သင်​သိနိုင်မည်။ ထို​အိမ်တော်​သည် အသက်ရှင်သော​ဘုရားသခင်​၏ အသင်းတော်​ဖြစ်ပြီး သမ္မာတရား​၏ မဏ္ဍိုင်​နှင့် အုတ်မြစ်​လည်း ဖြစ်၏။


အသင်းတော်​ကို ကောင်းမွန်စွာ ဦးဆောင်​စီမံသော​သင်းအုပ်များ၊ အထူး​သဖြင့် တရားဟောခြင်း​နှင့် သွန်သင်ပေးခြင်းတို့​ကို ကြိုးစား​၍ ဆောင်ရွက်သော သင်းအုပ်များ​သည် နှစ်ဆသော​ထောက်ပံ့ခြင်း​ကို ရထိုက်၏။


အခွင့်အခါ​သင့်သည်​ဖြစ်စေ၊ မသင့်သည်​ဖြစ်စေ အဆင်သင့်​ဖြစ်​၍ နှုတ်ကပတ်​တရားတော်​ကို ဟောပြောလော့။ အလွန်​စိတ်ရှည်​စွာ သွန်သင်​၍ အပြစ်​ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေး​တိုက်တွန်းခြင်း​တို့ကို ပြုလော့။


သင်းအုပ်​သည် ဘုရားသခင်​၏ အမှုတော်​တွင် စီမံခန့်ခွဲသူ​ဖြစ်၏။ ထို့ကြောင့် သူ​သည် အပြစ်ကင်းသူ​ဖြစ်ရမည်။ သူ​သည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စား​မူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်း​ဖြင့် ငွေရှာသူ မဖြစ်ရ။


သင်တို့​ခေါင်းဆောင်များ​၏​စကား​ကို နာခံ​၍ နားထောင်ကြလော့။ သူတို့​သည် မိမိတို့​ပြုသည့်​အမှု​ကို ဘုရားသခင်​ထံ အစီရင်​ခံရမည်​ဖြစ်၍ သင်တို့​၏​စိတ်ဝိညာဉ်​ကို အစဉ်​စောင့်ရှောက်ကြ၏။ သင်တို့​နာခံ​လျှင် သူတို့​သည် ဝမ်းမြောက်​စွာ လုပ်ဆောင်ကြ​လိမ့်မည်။ မလိုက်နာ​လျှင် သူတို့​ဝမ်းနည်းရ​သဖြင့် သင်တို့​အတွက် မည်သည့်​အကျိုး​မျှ ရှိမည်​မဟုတ်။


ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို သင်တို့​အား ဟောပြောခဲ့သော သင်တို့​၏​ခေါင်းဆောင်များ​ကို သတိရကြလော့။ သူတို့​၏ အသက်ရှင်​နေထိုင်ပုံ​မှ ရရှိသော အကျိုး​ရလဒ်​ကို ဆင်ခြင်​၍ သူတို့​၏ ယုံကြည်ခြင်း​ကို အတုယူကြလော့။


မောရှေ​သည် အစေခံ တစ်ဦး​အနေဖြင့် ဘုရားသခင်​၏ အိမ်တော်​တစ်ခုလုံး​အပေါ် သစ္စာရှိ​ပြီး အနာဂတ်​တွင် ဘုရားသခင်​ဟောပြောမည့်​အရာ​အတွက် သက်သေ​တစ်ဦး​ဖြစ်၏။


သင်တို့​တစ်ဦးစီ​သည် ဘုရားသခင်​ထံမှ ဆုကျေးဇူး​အသီးသီး​ကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်း​အဖြစ် ထို​ဆုကျေးဇူးတို့​ကို အသုံးပြု​၍ အချင်းချင်း ကူညီ​ဆောင်ရွက်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ