Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 2:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ငါ​တို့​သည်​အ​ခြား​သူ​အ​မြောက်​အ​မြား ကဲ့​သို့​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို အ​ပေါ​စား​ကုန်​ပစ္စည်း​သ​ဖွယ်​ရောင်း ဝယ်​ဖောက်​ကား​မှု​ကို​မ​ပြု​ကြ။ ငါ​တို့​သည် ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ​များ ဖြစ်​၍ ခ​ရစ်​တော်​၏​အ​စေ​ခံ​များ​အ​နေ ဖြင့်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို​စိတ်​ကြည် လင်​စွာ​ဟော​ပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 အ များ တို့ ကဲ့ သို့ ဘု ရား သ ခင့် တ ရား တော် ကို ရော စပ် မြတ် စွန်း မှု မ ပြု ဘဲ ကြည် လင် သူ အ ဖြစ်၊ ဘု ရား သ ခင် သွန် သင် သူ အ ဖြစ်၊ မျက် မှောက် တော် တွင် ခ ရစ် တော် ကို အ မှီ ပြု၍ ဟော ပြော သော ငါ တို့ ပင် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို မှောက်​လှန်​သော​သူ​များ​တို့​နှင့် ငါ​တို့​သည်​မ​တူ​ဘဲ ကြည်​ဖြူ​သော​စိတ်​ရှိ၍ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အကြောင်းမူကား ငါ​တို့​သည် များစွာ​သော​သူ​တို့​ပြု​သကဲ့သို့ ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​ကို လှည့်လည်​ရောင်းစား​၍​အမြတ်ထုတ်​ကြ​သည်​မ​ဟုတ်​ဘဲ ဖြူစင်​သော​သူ၊ ဘုရားသခင်​ထံမှ စေလွှတ်​ခြင်း​ခံရ​သော​သူ​အဖြစ် ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​ကို​အမှီပြု​၍ ငါ​တို့​ဟောပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 2:17
30 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက် အတုအယောင်များ ပေါ်လာ​လိမ့်မည်​ဖြစ်​သောကြောင့်ပင်။ ထို​သူတို့​သည် ဖြစ်နိုင်​လျှင် ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာကြီးများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြကြ​လိမ့်မည်။


ဤသို့ဖြင့် လူထု​ပရိသတ်​ရှေ့​တွင်​ဖြစ်စေ၊ တစ်အိမ်ဝင်​တစ်အိမ်ထွက်​ဖြစ်စေ၊ သွန်သင်ရာ​တွင် ကျွန်ုပ်​သည် သင်တို့​အတွက် အကျိုး​ရှိသော​အရာ​ကို ဟောပြော​ရန် မတွန့်ဆုတ်။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​အကြံစည်တော်​ရှိသမျှ​ကို သင်တို့​အား ဟောပြောရာ​၌ ကျွန်ုပ်​သည် မတွန့်ဆုတ်ခဲ့​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် မကောင်းမှု​နှင့် ဆိုးယုတ်မှု​ဟူသော တဆေးဟောင်း​ပါသည့်​မုန့်​နှင့် မဟုတ်ဘဲ ဖြူစင်မှု​နှင့် မှန်ကန်မှု​ဟူသော တဆေး​မပါသည့် မုန့်​နှင့် ပသခါ​ပွဲတော်​ကို ကျင်းပကြပါစို့။


ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။


ဘုရားသခင်​သစ္စာ​ရှိတော်မူသည်​နှင့်အမျှ သင်တို့​အား ပြောဆိုသော ကျွန်ုပ်တို့​၏ စကား​သည် “ဟုတ်၏” နှင့် “မဟုတ်ပါ” ဟူ၍ နှစ်ခွ​ဖြစ်သည် မဟုတ်။


အဘယ်ကြောင့် ကျွန်ုပ်​သည် သင်တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မဖြစ်ရ​သနည်း။ သင်တို့​ကို မချစ်​သောကြောင့်လော။ သင်တို့​ကို ကျွန်ုပ်​ချစ်ကြောင်း ဘုရားသခင်​သိတော်မူ၏။


ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ကာကွယ်​ပြောဆိုနေကြသည်​ဟု သင်တို့ တစ်ချိန်လုံး​ထင်မှတ်​နေကြသလော။ ကျွန်ုပ်တို့​သည် ခရစ်တော်​ပြောဆို​စေတော်မူလိုသည့်​အတိုင်း ဘုရားသခင် ရှေ့တော်မှောက်​၌ ပြောဆိုကြ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်တို့​လုပ်ဆောင်သမျှ အရာရာတိုင်း​သည် သင်တို့​ကို ဆောက်တည်ပေး​နိုင်ရန်​ဖြစ်၏။


ကျွန်ုပ်တို့​သည် ဆိတ်ကွယ်ရာ​၌ ပြုသော ရှက်ရွံ့ဖွယ်​အမှုတို့​ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်​ကို မသုံးကြ။ ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကိုလည်း မှောက်လှန်​၍ မဟောပြောကြ။ ဘုရားသခင်​ရှေ့တော်​၌ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သူတို့​စိတ်​ထဲက သိနိုင်​ရန် အမှန်တရား​ကိုသာ အတိအလင်း​ဖော်ပြကြ၏။


သမ္မာတရား​ကို ဟောပြောခြင်း၊ ဘုရားသခင်​၏ တန်ခိုးတော်​ကို ပြခြင်းတို့​ဖြင့်​လည်းကောင်း၊ လက်ဝဲ လက်ယာ​၌ ကိုင်ဆောင်ထားသော ဖြောင့်မတ်ခြင်း​လက်နက်များ​အားဖြင့်​လည်းကောင်း၊


ခရစ်တော်​၏ ကျေးဇူးတော်​ကို ခံစား​စေရန် သင်တို့​ကို ခေါ်တော်မူသော ဘုရားသခင်​အား သင်တို့​သည် လျင်မြန်​စွာ စွန့်ပယ်​၍ အခြား​သတင်းကောင်း​ကို လက်ခံကြ​သောကြောင့် ကျွန်ုပ်​အံ့ဩရ၏။


ထိုသို့​ပြုမည့်​အစား ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ယုံကြည်ထိုက်သူများ​အဖြစ် လက်ခံတော်မူသည်​နှင့်အညီ သတင်းကောင်း ဟောပြော​ရန်အတွက် တာဝန်ပေးတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် လူ​ကို ကျေနပ်​စေရန် မဟုတ်ဘဲ ကျွန်ုပ်တို့​၏ စိတ်နှလုံးသား​ကို စစ်ဆေး​တော်မူသော ဘုရားသခင်​ကို ကျေနပ်​စေရန် ဟောပြောကြ၏။


ထို​သူတို့​ကို နှုတ်ဆိတ်​စေရမည်။ သူတို့​သည် မသမာနည်း​ဖြင့် ငွေရှာ​လို​သောကြောင့် မသွန်သင်​သင့်သော အရာများ​ကို သွန်သင်​လျက် အချို့​မိသားစုများ​၏ ယုံကြည်ခြင်း​ကို ပျက်စီးစေကြ၏။


ရှင်ဘုရင်​၏​အမျက်​ကို မကြောက်ဘဲ ယုံကြည်ခြင်း​ဖြင့် အီဂျစ်ပြည်​ကို စွန့်ခွာ​၍ မမြင်နိုင်သော ဘုရားသခင်​ကို မြင်ရ​သကဲ့သို့ ဇွဲလုံ့လ​ထားခဲ့၏။


ဟောပြောသောသူ​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အတိုင်း ဟောပြော​ရမည်။ အစေခံသောသူ​သည် ဘုရားသခင်​ပေးတော်မူသော ခွန်အား​ရှိသည့်​အတိုင်း အစေခံ​ရမည်။ ဤသည်​မှာ ပြုလေသမျှတို့​၌ ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​ဘုန်းတော်​ထင်ရှား​ရန်​ဖြစ်၏။ ဘုရားသခင်​သည် အစဉ်​ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်​တို့​နှင့် ပြည့်စုံတော်မူ၏။ အာမင်။


ချစ်ရသော​သူတို့… ဝိညာဉ်တော်​အားဖြင့် ဟောပြောသည်​ဟု ပြောဆိုသူ​တိုင်း​ကို မယုံကြနှင့်။ ထို​ဝိညာဉ်တို့​သည် ဘုရားသခင်​ထံမှ လာသော​ဝိညာဉ်တော်​ဟုတ်မဟုတ်​ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်​အတုအယောင်​များစွာတို့​သည် ဤ​လောက​၌ ပေါ်လာကြ​သောကြောင့်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူ​တချို့​သည် သင်တို့​ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြ​သောကြောင့်​ဖြစ်၏။ ထို​သူတို့​မှာ ပြစ်ဒဏ်စီရင်​ခံရမည်​ဟု ရှေးယခင်​ကတည်းက သတ်မှတ်ထားခြင်း​ခံရသူများ​ဖြစ်ကြ၏။ သူတို့​သည် ကျွန်ုပ်တို့​ဘုရားသခင်​၏ ကျေးဇူးတော်​ကို ကာမဂုဏ်​လိုက်စားခြင်း​အတွက် အခွင့်အရေး​အဖြစ် အလွဲသုံးစား​လုပ်​၍ ကျွန်ုပ်တို့​၏​တစ်ပါးတည်းသော​အရှင်၊ သခင် ယေရှု​ခရစ်တော်​ကို ငြင်းပယ်ကြ၏။


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


သို့ရာတွင် သားရဲ​သည် မိမိ​ကိုယ်စား နိမိတ်​လက္ခဏာများ​ပြသော ပရောဖက်​အတုအယောင်​နှင့်အတူ ဖမ်းဆီးခံရ၏။ ထို​ပရောဖက်​မှာ သားရဲ​၏​အမှတ်တံဆိပ်​ကို ခံယူကြ​လျက် သားရဲ​၏​ရုပ်တု​ကို ကိုးကွယ်ကြသော​သူတို့​အား ထို​နိမိတ်​လက္ခဏာများ​ဖြင့် လှည့်ဖြားသူ​ဖြစ်၏။ သူတို့​နှစ်ဦး​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ အရှင်​လတ်လတ် ပစ်ချခံကြရ၏။


သို့သော်လည်း ငါ​သည် သင့်​အား အပြစ်​ပြောစရာ တစ်ခု​ရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မ​ဟု​ဆိုသော​ယေဇဗေလ​အမည်​ရှိသည့် အမျိုးသမီး​ကို သင်​ခွင့်ပြုထားခဲ့၏။ သူ​သည် ငါ​၏​အစေခံများ​အား တရား​နှင့်​မညီသော မေထုန်​ကို​ပြု​ရန်​လည်းကောင်း၊ ရုပ်တု​အား ပူဇော်သည့်​အစားအစာများ​ကို​စား​ရန်​လည်းကောင်း သွန်သင်​၍ လမ်းမှားစေခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ