၁ ကော 7:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း25 အိမ်ထောင်မပြုသေးသူများနှင့်ပတ်သက်၍ သခင်ဘုရားထံမှ လာသောပညတ်ကို ကျွန်ုပ်မရသော်လည်း သခင်ဘုရား၏ ကျေးဇူးတော်ကို ခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ကျွန်ုပ်၏ ထင်မြင်ချက်ကို ပေးပါမည်။ အခန်းကိုကြည့်ပါ။Common Language Bible25 သင်တို့စာရေးမေးမြန်းသည့်အိမ်ထောင်မပြုဘဲ နေရေးကိစ္စနှင့်ပတ်သက်၍ငါပြောမည့်စကား သည် ငါ့အားသခင်ဘုရားမိန့်တော်မူချက်အရ ပြောသောစကားမဟုတ်။ သို့ရာတွင်သခင်ဘုရား ၏ကရုဏာတော်ကြောင့်ယုံကြည်ထိုက်သူတစ် ယောက်အနေဖြင့် ငါ၏ထင်မြင်ချက်ကိုဖော်ပြ လိုက်ပါသည်။ အခန်းကိုကြည့်ပါ။Garrad Bible25 သ မီး က ညာ ဖြစ် သူ တို့ နှင့် စပ်၍ ငါ၌ အ ရှင် ဘုရား ၏ အ မိန့် တော် မ ရှိ သော် လည်း အ ရှင် ဘု ရား ထံ က ရု ဏာ တော် ကို ခံ စား၍ သ စ္စာ စောင့် သူ အ ဖြစ် ငါ အ ကြံ ပေး သည် မှာ ယ ခု သင့် အံ့ ဆဲ ဒု က္ခ ကို ထောက် ၍၊ အခန်းကိုကြည့်ပါ။Judson Bible25 ခင်ပွန်းမရှိသောသူတို့၏ အမှုမှာ၊ သခင်ဘုရား၏ပညတ်တော်သည် ငါ၌မရှိသော်လည်း၊ ငါသည် သစ္စာရှိသောသူ ဖြစ်အံ့သောငှာ၊ သခင်ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 အပျိုကညာတို့နှင့်ပတ်သက်၍မူကား သခင်ဘုရား၏ပညတ်ချက်ကို ငါမရရှိခဲ့ချေ။ သို့သော် သခင်ဘုရား၏ကရုဏာတော်ကိုခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ငါ၏ထင်မြင်ချက်ကိုပေးရမည်ဆိုလျှင် အခန်းကိုကြည့်ပါ။ |
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် တမန်တော်ဖြစ်လာခဲ့၏။ ကျွန်ုပ်အပေါ် ထားရှိသော ကိုယ်တော်၏ ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်ဘဲ ကျွန်ုပ်သည် အခြားတမန်တော်များထက် သာ၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျွန်ုပ်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သောဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာဖြစ်၏။
ထို့ကြောင့် သူသည် စိတ်နှစ်ခွဖြစ်နေတတ်၏။ ထိုနည်းတူ အိမ်ထောင်မရှိသောအမျိုးသမီး၊ သို့မဟုတ် အပျိုစင်သည် ခန္ဓာနှင့် စိတ်နှစ်ခုလုံး သန့်ရှင်းစေရန် သခင်ဘုရား၏ အမှုတော်ကို ဂရုစိုက်တတ်၏။ သို့သော် အိမ်ထောင်ရှိသောအမျိုးသမီးမှာမူ မိမိခင်ပွန်းအား မည်သို့ နှစ်သက်စေရမည်ကို တွေးတောလျက် လောကီဆိုင်ရာဝတ္တရားများကို ဂရုစိုက်တတ်၏။