Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 16:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 သင်တို့​သည် လောကီ​စည်းစိမ်များ​နှင့်​ပတ်သက်၍ ယုံကြည်စိတ်ချရ​သူများ မဟုတ်ကြလျှင် စစ်မှန်သော​စည်းစိမ်များ​ကို သင်တို့​ထံ မည်သူ​အပ်နှံ​လိမ့်မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သို့​ဖြစ်​၍​သင်​တို့​သည်​လော​က​စည်း​စိမ်​ချမ်း​သာ နှင့်​ပတ်​သက်​၍​သစ္စာ​မ​ရှိ​ပါ​မူ အ​ဘယ်​သူ​သည် သင်​တို့​အား​စည်း​စိမ်​ချမ်း​သာ​အ​စစ်​အ​မှန်​ကို အပ်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထို ကြောင့် မ ဖြောင့် မတ် သော ဓ န နှင့် စပ် လျဉ်း၍ သင် တို့ သ စ္စာ မဲ့ ခဲ့ လျှင် မှန် သော ဝ တ္ထု ကို မည် သူ အပ် နှံ အံ့ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သို့​ဖြစ်၍ မ​မြဲ​သော လော​ကီ​စည်း​စိမ်​ကို သုံး​ရာ​တွင် သင်​တို့​သည် သ​စ္စာ​မ​ရှိ​လျှင်၊ မှန်​သော​စည်း​စိမ်​ကို သင်​တို့၌ အ​ဘယ်​သူ​အပ်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သို့ဖြစ်၍ သင်​တို့​သည် မ​ဖြောင့်မတ်​သော​လောကီ​စည်းစိမ်​၌ သစ္စာ​မ​ရှိ​ကြ​လျှင် စစ်မှန်​သော​စည်းစိမ်​ကို မည်သူ​က သင်​တို့​၌ ယုံကြည်​အပ်နှံ​ထား​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

11 သို့​ဖြစ်၍ မ​မြဲ​သော လော​ကီ​စည်း​စိမ်​ကို သုံး​ရာ​တွင် သင်​တို့​သည် သ​စ္စာ​မ​ရှိ​လျှင်၊ မှန်​သော​စည်း​စိမ်​ကို သင်​တို့၌ အ​ဘယ်​သူ​အပ်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 16:11
9 ပူးပေါင်းရင်းမြစ်များ  

မည်သူ​မျှ သခင်​နှစ်ဦး​ကို အစေမခံနိုင်ပေ။ သခင်​တစ်ဦး​ကို မုန်း​၍ ကျန်​တစ်ဦး​ကို ချစ်မည်။ သို့မဟုတ် သခင်​တစ်ဦး​ကို ကြည်ညိုလေးစား​၍ ကျန်​တစ်ဦး​ကို မခန့်လေးစားပြုမည်။ သင်တို့​သည် ဘုရားသခင်​နှင့် ငွေ​အား တစ်ချိန်တည်း​တွင် အစေခံ​ရန် မဖြစ်နိုင်ပါ။


သင်တို့​၏​ဥစ္စာပစ္စည်းများ​ကို ရောင်း​၍ ဆင်းရဲသော​သူတို့​အား ပေးကမ်းကြလော့။ သင်တို့​အတွက် မဆွေးမြေ့နိုင်​သည့် ပိုက်ဆံအိတ်များ​ကို ပြုလုပ်​၍ သူခိုး​မကပ်၊ ပိုး​မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ​၌ မကုန်ခန်း​နိုင်သော​ဘဏ္ဍာ​ကို သိုထားကြလော့။


ထို​နည်းတူ သင်တို့​သည် သူ​တစ်ပါး​၏​ဥစ္စာများ​နှင့်​ပတ်သက်၍ သစ္စာ​မရှိကြ​လျှင် မည်သူ​သည် သင်တို့​ကိုယ်ပိုင်ဥစ္စာ​အဖြစ် ပေးမည်နည်း။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ လောကီ​စည်းစိမ်များ​အားဖြင့် မိတ်ဆွေ​ရ​ရန် လုပ်ဆောင်ကြလော့။ ထို​စည်းစိမ်များ ကုန်ဆုံး​သောအခါ သင်တို့​ကို ထာဝရ​တည်သော​နေရာ​၌ လက်ခံကြိုဆိုကြ​လိမ့်မည်။


ထို​သူ​၏​စကား​ကို ကြား​သောအခါ ယေရှု​က “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သင်​၏​ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ လာ​၍ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


ကျွန်ုပ်​သည် ယုံကြည်သူများ​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်​သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း​သည် လူမျိုးခြားတို့​ကို ခရစ်တော်​၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း​အကြောင်း ဟောပြော​ရန်​နှင့်


ချစ်ခင်ရသော ညီအစ်ကို​မောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲသောသူတို့​ကို ယုံကြည်ခြင်း​၌ ကြွယ်ဝစေ​၍ မိမိ​ကို​ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် နိုင်ငံတော်​ကို အမွေဆက်ခံသူများ​ဖြစ်​စေရန် ရွေးချယ်တော်မူသည်​မဟုတ်လော။


‘စစ်မှန်သော​ချမ်းသာမှု​ကို ရ​ရန် မီး​ဖြင့်​သန့်စင်ထားသော​ရွှေ​ကို​လည်းကောင်း၊ သင်​၏​အဝတ်​မပါသည့်​အရှက်​ကို ဖုံးအုပ်​ရန် အဝတ်ဖြူ​ကို​လည်းကောင်း၊ သင်​၏​မျက်စိ​မြင်​နိုင်ရန် ခတ်စရာ​မျက်စဉ်း​ကို​လည်းကောင်း ငါ့​ထံ​မှ ဝယ်ယူလော့’ ဟု သင့်​အား ငါ​အကြံပေး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ