လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ရောမ 2:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ဟောပြောသော သတင်းကောင်းအရ လူအပေါင်းတို့၏ လျှို့ဝှက်သောအကြံအစည်တို့ကို ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်စီရင်တော်မူသောနေ့၌ အထက်တွင် ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။ Common Language Bible သို့ဖြစ်၍ငါဟောပြောကြေညာသည့်သတင်း ကောင်းအရ တရားစီရင်တော်မူရာနေ့၌ ဘုရား သခင်သည်ယေရှုခရစ်အားဖြင့်လူခပ်သိမ်း တို့၏လျှို့ဝှက်သောအကြံအစည်များကို ထို သို့စစ်ဆေးစီရင်တော်မူပေအံ့။ Judson Bible ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှားသော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့၌ ထိုသို့စီရင်တော်မူလတ္တံ့။ မြန်မာ့စံမီသမ္မာကျမ်း ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။ |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ငါနှင့် ငါ့စကားကို ငြင်းပယ်သောသူတို့သည် ငါဟောပြောသော တရားစကားများအတိုင်း တရားစီရင်ရာနေ့တွင် အပြစ်စီရင်ခြင်း ခံကြရမည်။
ယေရှုခရစ်တော်က မိမိသည် အသက်ရှင်သောသူနှင့် သေသောသူတို့အား တရားစီရင်သူအဖြစ် ဘုရားသခင်ခန့်အပ်ထားတော်မူသောသူ ဖြစ်ကြောင်းကို လူတို့အား သက်သေခံဟောပြောရန် ကျွန်ုပ်တို့အား မှာကြားထား၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိခန့်အပ်သော အရှင်အားဖြင့် လောကကို မှန်ကန်စွာ တရားစီရင်ရန် နေ့တစ်နေ့ကို သတ်မှတ်ထားတော်မူသောကြောင့်ဖြစ်၏။ ထိုအရှင်ကိုလည်း သေရာမှ ထမြောက်စေတော်မူခြင်းဖြင့် ထိုသို့ဖြစ်မည့်အကြောင်းကို ကျွန်ုပ်တို့အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။
ကျွန်ုပ်ဟောသော သတင်းကောင်း၌ဆိုထားသည့်အတိုင်း သင်တို့အား ခိုင်ခံ့မြဲမြံစေနိုင်တော်မူသော ဘုရားသခင်သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှုခရစ်တော်အကြောင်းဖြစ်သော ဤသတင်းကောင်းက ကာလကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်၏ လျှို့ဝှက်နက်နဲသောအကြံအစည်တော်ကို လူမျိုးခြားဖြစ်သော သင်တို့အား ဖော်ပြပေး၏။
ထိုသို့ သင်သည် ခေါင်းမာ၍ နောင်တရသောစိတ်မရှိ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်း ထင်ရှားလာမည့်အချိန်ဖြစ်သည့် အမျက်တော်နေ့တွင် ပို၍ကြီးလေးသောပြစ်ဒဏ်ကို သင်ခံရလိမ့်မည်။
ထိုသို့ မဟုတ်ပါ။ ဘုရားသခင်သည် မဖြောင့်မတ်လျှင် လောကီသားများကို မည်သို့ တရားစီရင်တော်မူမည်နည်း။
ညီအစ်ကိုမောင်နှမတို့… ယခင်က ကျွန်ုပ်ဟောပြောခဲ့သော သတင်းကောင်းကို သင်တို့အား ပြန်၍ သတိရစေလို၏။ သင်တို့သည် ထိုသတင်းကောင်းကို ခံယူခဲ့ပြီး ထိုအပေါ်၌ မှီခိုအားထားခဲ့ကြ၏။
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ခန္ဓာ၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသောအမှုအတွက်ဖြစ်စေ၊ မကောင်းသောအမှုအတွက်ဖြစ်စေ ထိုက်သင့်ရာအကျိုးအပြစ် အသီးသီးကို ခံစားရန် ခရစ်တော်၏ တရားပလ္လင်ရှေ့မှောက်သို့ ရောက်ရှိလာကြရမည်ဖြစ်သောကြောင့်ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဟောပြောခဲ့သော သတင်းကောင်းမှာ လူတို့ဖန်တီးထားသောသတင်းကောင်း မဟုတ်ကြောင်း သင်တို့အား သိစေလို၏။
ထိုမှန်ကန်သောအယူဝါဒသည် မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ ဘုန်းကြီးသော သတင်းကောင်းနှင့် ညီ၏။ ထိုသတင်းကောင်းကို ဟောပြောရန် ဘုရားသခင်သည် ကျွန်ုပ်ကို တာဝန်ပေးတော်မူ၏။
ကျွန်ုပ်ဟောပြောသည့် သတင်းကောင်းအတိုင်း ဒါဝိဒ်မင်း၏မျိုးနွယ်မှ ဆင်းသက်လာပြီး သေခြင်းမှထမြောက်တော်မူသောယေရှုခရစ်တော်ကို သတိရလော့။
နိုင်ငံတော်တည်ထောင်ရန် ကြွလာပြီး အသက်ရှင်သောသူနှင့် သေသောသူတို့ကို တရားစီရင်မည့်ယေရှုခရစ်တော်၏ ရှေ့တော်၌လည်းကောင်း၊ ဘုရားသခင်ရှေ့တော်၌လည်းကောင်း သင့်အား ကျွန်ုပ်အလေးအနက်တိုက်တွန်းလိုက်ပါ၏။
ယခုမှစ၍ ဖြောင့်မတ်ခြင်းဆုသရဖူသည် ကျွန်ုပ်အတွက် အသင့်ရှိနေ၏။ ဖြောင့်မတ်စွာ တရားစီရင်သူဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် ထိုဆုသရဖူကို ကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တစ်ဦးတည်းသာမက ကိုယ်တော်၏ပြန်လည်ကြွလာခြင်းကို တောင့်တသူအားလုံးတို့အားလည်း ပေးတော်မူလိမ့်မည်။
လူတို့သည် တစ်ကြိမ်တည်းသာ သေရပြီးနောက် တရားစီရင်တော်မူခြင်းကို ရင်ဆိုင်ရသကဲ့သို့
ထိုသူတို့သည် အသက်ရှင်သောသူနှင့် သေသောသူတို့ကို တရားစီရင်ရန် အသင့်ရှိတော်မူသော ဘုရားသခင်ထံ၌ ဖြေရှင်းချက်ပေးရလိမ့်မည်။
ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။