Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထို​မှန်ကန်သော​အယူဝါဒ​သည် မင်္ဂလာ​ရှိတော်မူသော ဘုရားသခင်​၏ ဘုန်းကြီးသော သတင်းကောင်း​နှင့် ညီ၏။ ထို​သတင်းကောင်း​ကို ဟောပြော​ရန် ဘုရားသခင်​သည် ကျွန်ုပ်​ကို တာဝန်ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ဤ​သွန်​သင်​ချက်​သည်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့် ဝ​၍ မင်္ဂ​လာ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ တော်​မှ​လာ​သည့်​သ​တင်း​ကောင်း​အ​တိုင်း​ဖြစ် ပေ​သည်။ ထို​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​သို့​ဆို​သော်၊ မင်္ဂ​လာ​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်၏​ဘုန်း​ကြီး​သော ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် ညီ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဤသည်ကား မင်္ဂလာရှိ​တော်မူ​သော​ဘုရားသခင်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့် ကောင်းမြတ်​သော​သတင်း​နှင့် ကိုက်ညီ​၏။ ထို​ကောင်းမြတ်​သော​သတင်း​ကို ငါ့​အား​ယုံကြည်​အပ်နှံ​ထား​တော်မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:11
25 ပူးပေါင်းရင်းမြစ်များ  

“အမြင့်ဆုံးသော​ကောင်းကင်ဘုံ​၌ ရှိတော်မူသော​ဘုရားသခင်​သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီး​ပေါ်​၌ ဘုရားသခင်​နှစ်သက်တော်မူသော သူတို့​အပေါ်​တွင် ငြိမ်းချမ်းခြင်း​ရှိပါစေ” ဟု ဆိုကြ၏။


ကျွန်ုပ်​ဟောပြောသော သတင်းကောင်း​အရ လူအပေါင်းတို့​၏ လျှို့ဝှက်သော​အကြံအစည်တို့​ကို ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​စီရင်တော်မူသော​နေ့​၌ အထက်​တွင် ဖော်ပြသည့်​အတိုင်း ဖြစ်ပျက်​လိမ့်မည်။


ကျွန်ုပ်​သည် ဤ​အမှု​ကို မိမိ​အလိုဆန္ဒ​ကြောင့် ဆောင်ရွက်ခြင်း​ဖြစ်​လျှင် ဆုလာဘ်​ကို ရသင့်၏။ သို့သော် ဘုရားသခင်​က ဤ​တာဝန်​ကို ကျွန်ုပ်​ထံ ယုံယုံကြည်ကြည်​အပ်နှံထား​သောကြောင့် ဝတ္တရား​ရှိ​၍ ဆောင်ရွက်ရခြင်း​ဖြစ်၏။


ဤ​လောက​၏ ဘုရား​ဖြစ်သော စာတန်​သည် မယုံကြည်သောသူတို့​၏ စိတ်နှလုံး​ကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့​သည် ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​ဖြစ်သည့် ခရစ်တော်​၏ ဘုန်းအသရေ​နှင့်​ပြည့်စုံသော သတင်းကောင်း​၏​အလင်း​ကို မမြင်နိုင်ခြင်း​ဖြစ်၏။


“အမှောင်​ထဲမှ အလင်း​ထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏ မျက်နှာတော်​၌ ထွန်းလင်းသည့် မိမိ​ဘုန်းတော်​ကို သိနိုင်သော​ဉာဏ်​အလင်း​ကို ကျွန်ုပ်တို့​၏​နှလုံးသား​ထဲ၌ ထွန်းလင်း​စေတော်မူ၏။


သို့သော် သူတို့​သဘောပေါက်ကြသည်​မှာ ပေတရု​သည် ဂျူးလူမျိုးတို့​ထံ သတင်းကောင်း​ကို ဟောပြော​ရန် တာဝန်​ပေးအပ်​ခံရ​သကဲ့သို့ ကျွန်ုပ်​သည် လူမျိုးခြားတို့​ထံ သတင်းကောင်း​ကို ဟောပြော​ရန် တာဝန်​ပေးအပ်​ခံရကြောင်း ဖြစ်၏။


ဤသည်​မှာ ခရစ်တော်​ကို ဦးစွာ မျှော်လင့်ထားခဲ့သော ဂျူးလူမျိုး ဖြစ်သည့် ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ ဘုန်းတော်​ကို ချီးမွမ်းကြ​ရန် ဖြစ်၏။


ထို့ကြောင့် ချစ်တော်မူသော သားတော်​အားဖြင့် ကျွန်ုပ်တို့​ကို ရက်ရော​စွာ ပေးသနားတော်မူသည့် ဘုန်းကြီးသော​ကျေးဇူးတော်​အတွက် ကျွန်ုပ်တို့​သည် ဘုရားသခင်​ကို ချီးမွမ်းကြရမည်​ဖြစ်၏။


ဤသည်​မှာ ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​အပေါ် ကျေးဇူးပြု​၍ သာလွန်ထူးကဲသော ကျေးဇူးတော်​၏​ကြွယ်ဝခြင်း​ကို အနာဂတ်​အစဉ်အဆက်​တွင် ဖော်ပြ​ရန် ဖြစ်၏။


ဤသို့​ပြုခြင်း​သည် ကောင်းကင်​အရပ်​ရှိ အုပ်ချုပ်သူများ​နှင့် အာဏာရှိသူများ​က အဘက်ဘက်​၌ ပြည့်စုံသော ဘုရားသခင်​၏ ပညာတော်​ကို အသင်းတော်​မှတစ်ဆင့် သိမြင်လာကြ​စေရန် ဖြစ်၏။


ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို သင်တို့​အား အပြည့်အစုံ​ဟောပြော​ရန် ကိုယ်တော်​သည် သင်တို့​အတွက် ကျွန်ုပ်​အား တာဝန်ပေး​၍ ခန့်ထားတော်မူ​သဖြင့် ကျွန်ုပ်​သည် အသင်းတော်​၏ အမှုဆောင်​ဖြစ်လာ၏။


ထိုသို့​ပြုမည့်​အစား ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ယုံကြည်ထိုက်သူများ​အဖြစ် လက်ခံတော်မူသည်​နှင့်အညီ သတင်းကောင်း ဟောပြော​ရန်အတွက် တာဝန်ပေးတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် လူ​ကို ကျေနပ်​စေရန် မဟုတ်ဘဲ ကျွန်ုပ်တို့​၏ စိတ်နှလုံးသား​ကို စစ်ဆေး​တော်မူသော ဘုရားသခင်​ကို ကျေနပ်​စေရန် ဟောပြောကြ၏။


ထို့ကြောင့် လူမျိုးခြားတို့​ကို ယုံကြည်ခြင်း​နှင့် သမ္မာတရား​အကြောင်း သင်ကြား​ရန် ကျွန်ုပ်​သည် တရားဟောဆရာ​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်​သည် မလိမ်ညာဘဲ အမှန်​အတိုင်း​သာ ပြောဆိုခြင်း​ဖြစ်၏။


မင်္ဂလာအပေါင်း​နှင့် ပြည့်စုံတော်မူသည့် တစ်ဆူတည်းသော​အရှင်၊ ဘုရင်​တကာ​တို့​၏ ဘုရင်၊ သခင်​တကာ​တို့​၏ သခင်​သည် အချိန်တန်​သောအခါ ယေရှု​ခရစ်တော်​ကို ပေါ်ထွန်းစေတော်မူ​လိမ့်မည်။


တိမောသေ… သင့်​ထံ အပ်နှင်းထားသည့်​အရာ​ကို စောင့်ရှောက်လော့။ ဘုရားတရား​မဲ့သည့် အကျိုး​မရှိသော​စကားများ​နှင့် အသိပညာ​ဟု လွဲမှား​စွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်​အယူအဆများ​ကို ရှောင်ကြဉ်လော့။


ဤ​သတင်းကောင်း​အတွက် တရားဟောဆရာ၊ တမန်တော်​နှင့် ဆရာ​အဖြစ် ကျွန်ုပ်​ကို ခန့်ထားတော်မူပြီ။


သင့်​ထံ၌ အပ်ထားသော​သတင်းကောင်း​တရား​ကို ကျွန်ုပ်တို့​ထဲ၌ ကိန်းဝပ်တော်မူသည့်​သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ကာကွယ်​စောင့်ရှောက်လော့။


အသိ​သက်သေ​များစွာ ရှေ့​၌ ကျွန်ုပ်​သွန်သင်သည့်​အရာများ​ကို သင်​ကြားသိရ၏။ ထို​အရာများ​ကို ယုံကြည်စိတ်ချရ​၍ သွန်သင်တတ်သော​သူတို့​အား လက်ဆင့်ကမ်းလော့။


ဘုရားသခင်​သည် အချိန်တန်​သောအခါ လူ​၏​ဟောပြောခြင်း​နည်း​ဖြင့် တရားတော်​ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်​သည် ကယ်တင်ရှင်​ဘုရားသခင်​၏ အမိန့်တော်​ဖြင့် ဤ​တရားတော်​ကို ဟောပြော၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ