Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 4:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ထို​သူတို့​သည် အသက်​ရှင်သော​သူ​နှင့် သေသော​သူတို့​ကို တရားစီရင်​ရန် အသင့်​ရှိတော်မူသော ဘုရားသခင်​ထံ​၌ ဖြေရှင်းချက်​ပေးရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ဤ​သို့​ပြု​ကြ​သည့်​အ​တွက်​သူ​တို့​သည်​အ​သက် ရှင်​သူ​နှင့်​သေ​သူ​များ​အား တ​ရား​စီ​ရင်​ရန် အ​သင့်​ရှိ​နေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ ထံ​တော်​၌​စစ်​ဆေး​စီ​ရင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ရှင် သူ သေ သူ တို့ ကို စီ ရင် ဆုံး ဖြတ် ရန် အ သင့် ရှိ နေ တော် မူ သော အ ရှင့် ထံ သူ တို့ သည် အ ကြောင်း ပြ ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သို့​ဖြစ်၍၊ အ​သက်​ရှင်​သော သူ​တို့​ကို​လည်း​ကောင်း၊ သေ​သော​သူ​တို့​ကို​လည်း​ကောင်း တ​ရား​စီ​ရင်​ခြင်း​ငှာ အ​သင့်​ရှိ​တော်​မူ​သော​သူ ရှေ့၌၊ ထို​သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သူ​တို့​သည် အသက်ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို တရား​စီရင်​ရန် အသင့်​ရှိ​တော်မူ​သော​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 4:5
17 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​၏ အကျိုးမဲ့​ပြောဆိုသော​စကားများ​အတွက် တရားစီရင်သော​နေ့ရက်​တွင် ဖြေရှင်းချက်​ပေးရ​လိမ့်မည်။


ထိုအခါ သူဌေး​သည် သူ့​ကို​ခေါ်​၍ ‘သင့်​အကြောင်း ငါ​ကြားရသည်​မှာ မည်သို့နည်း။ သင်​မှတ်ထားသော ငွေစာရင်းများ​ကို ငါ့​အား​ပေးလော့။ သင့်​ကို စီမံခန့်ခွဲသူ​နေရာ​တွင် ဆက်​၍ ခန့်ထား​နိုင်တော့မည်​မဟုတ်’ ဟု ပြောလေ၏။


ယေရှု​ခရစ်တော်​က မိမိ​သည် အသက်ရှင်သောသူ​နှင့် သေသောသူတို့​အား တရားစီရင်သူ​အဖြစ် ဘုရားသခင်​ခန့်အပ်ထားတော်မူသော​သူ ဖြစ်ကြောင်း​ကို လူတို့​အား သက်သေခံ​ဟောပြော​ရန် ကျွန်ုပ်တို့​အား မှာကြားထား၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​ခန့်အပ်သော အရှင်​အားဖြင့် လောက​ကို မှန်ကန်​စွာ တရားစီရင်​ရန် နေ့​တစ်နေ့​ကို သတ်မှတ်ထား​တော်မူ​သောကြောင့်​ဖြစ်၏။ ထို​အရှင်​ကိုလည်း သေရာ​မှ ထမြောက်စေတော်မူခြင်း​ဖြင့် ထိုသို့​ဖြစ်မည့်​အကြောင်း​ကို ကျွန်ုပ်တို့​အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။


ခရစ်တော်​သည် သေလွန်သောသူများ​နှင့် အသက်ရှင်သောသူများ​၏ အရှင်သခင်​ဖြစ်​ရန်အတွက် အသေခံ​ပြီး ရှင်ပြန်​ထမြောက်တော်မူခဲ့၏။


နိုင်ငံတော်​တည်ထောင်​ရန် ကြွလာပြီး အသက်ရှင်သောသူ​နှင့် သေသောသူတို့​ကို တရားစီရင်မည့်​ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း၊ ဘုရားသခင်​ရှေ့တော်​၌​လည်းကောင်း သင့်​အား ကျွန်ုပ်​အလေးအနက်​တိုက်တွန်းလိုက်ပါ၏။


ညီအစ်ကို​မောင်နှမတို့… အပြစ်စီရင်ခြင်း မခံရ​ရန် အချင်းချင်း အပြစ်တင်​၍ မညည်းတွားကြနှင့်။ ကြည့်လော့။ တရားစီရင်သော​အရှင်​သည် တံခါးဝ​တွင် ရပ်နေတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ