Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 4:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ယခု​မှစ၍ ဖြောင့်မတ်ခြင်း​ဆုသရဖူ​သည် ကျွန်ုပ်​အတွက် အသင့်​ရှိနေ၏။ ဖြောင့်မတ်​စွာ တရားစီရင်သူ​ဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်​နေ့တွင် ထို​ဆုသရဖူ​ကို ကျွန်ုပ်​အား ပေးတော်မူ​လိမ့်မည်။ ကျွန်ုပ်​တစ်ဦးတည်း​သာမက ကိုယ်တော်​၏​ပြန်လည်ကြွလာခြင်း​ကို တောင့်တသူ​အားလုံး​တို့​အားလည်း ပေးတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​သူ​အား​ပေး​အပ်​သည့်​အောင်​ဆု​သည် ငါ့​အ​တွက်​အ​သင့်​ရှိ​နေ​ပြီ။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​တော်​မူ​သော​တ​ရား​သူ​ကြီး တည်း​ဟူ​သော​သ​ခင်​ဘု​ရား​သည် ထို​ဆု​ကို တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ငါ့​အား​ပေး အပ်​တော်​မူ​လိမ့်​မည်။ ငါ့​ကို​သာ​မ​က​ဤ လော​က​သို့​နောက်​တစ်​ဖန်​ကိုယ်​တော်​ပေါ် ထွန်း​တော်​မူ​မည်​ကို​တောင့်​တ​စောင့်​မျှော်​သူ အ​ပေါင်း​တို့​အား​လည်း​ပေး​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ယ ခု မှ စ၍ ငါ့ အ ဖို့ ဖြောင့် မတ် ခြင်း ဆိုင် ရာ သ ရ ဖူ ရန် ထား လျက် ရှိ သ ဖြင့် ဖြောင့် မတ် သော တ ရား မင်း တည်း ဟူ သော အ ရှင် ဘု ရား သည် ထို သ ရ ဖူ ကို ငါ့ အား သာ မ ဟုတ်၊ ထင် ရှား တော် မူ ခြင်း ကို နှစ် သက် သူ ရှိ သ မျှ တို့ အား လည်း နေ့ တော် ကြီး၌ သ နား တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ယ​ခု​မှ​စ၍ ဓ​မ္မ​သ​ရ​ဖူ​သည် ငါ့​အ​ဖို့ သို​ထား​လျက်​ရှိ၏။ ထို​နေ့​ရက်၌ တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ​တည်း​ဟူ​သော သ​ခင်​ဘု​ရား​သည် ထို​သ​ရ​ဖူ​ကို ငါ၌​အပ်​ပေး​တော်​မူ​မည်။ ထို​မျှ​မ​က၊ ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို တောင့်​တ​သော​သူ​အ​ပေါင်း​တို့၌​လည်း အပ်​ပေး​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ယခု​အခါ​တွင် ဖြောင့်မတ်​ခြင်း​သရဖူ​သည် ငါ့​အတွက် အသင့်​ရှိ​နေ​၏။ ထို​နေ့​၌ ဖြောင့်မတ်​သည့်​တရား​စီရင်​သူ​ဖြစ်​တော်မူ​သော သခင်​ဘုရား​သည် ထို​သရဖူ​ကို ငါ့​အား​ပေး​တော်မူ​လိမ့်မည်။ ငါ့​ကို​သာ​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​ကို လိုလား​တောင့်တ​သူ​အားလုံး​တို့​ကို​လည်း ပေး​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 4:8
39 ပူးပေါင်းရင်းမြစ်များ  

သို့သော် ထို​အရာများ​သည် မည်သည့်​နေ့ရက်၊ မည်သည့်​အချိန်နာရီ​၌ ဖြစ်ပျက်​လာမည်​ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံ​ရှိ ကောင်းကင်တမန်များ​လည်း မသိ။ သားတော်​လည်း မသိ။ ခမည်းတော်​တစ်ပါးတည်း​သာလျှင် သိတော်မူ၏။


တရားစီရင်သော​နေ့​တွင် ‘သခင်… သခင်… အကျွန်ုပ်တို့​သည် သခင်​၏​အမည်​နာမတော်​အားဖြင့် ဟောပြော​သွန်သင်ခဲ့ကြသည်​မဟုတ်လော။ သခင်​၏​အမည်​နာမတော်​အားဖြင့် နတ်ဆိုးတို့​ကို နှင်ထုတ်ခဲ့ကြသည်​မဟုတ်လော။ သခင်​၏​အမည်​နာမတော်​အားဖြင့် အံ့ဖွယ်တန်ခိုး​များစွာ​ကို ပြခဲ့ကြသည်​မဟုတ်လော’ ဟူ၍ လူတို့​သည် ငါ့​အား လျှောက်ကြ​လိမ့်မည်။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ တရားစီရင်သော​နေ့​တွင် သောဒုံမြို့​ထက် ထို​မြို့​သည် ပို၍​အပြစ်ဒဏ်ခံရ​လိမ့်မည်။


ထိုသို့ သင်​သည် ခေါင်းမာ​၍ နောင်တရသော​စိတ်​မရှိ။ ထို့ကြောင့် ဘုရားသခင်​၏ ဖြောင့်မတ်သော တရားစီရင်ခြင်း ထင်ရှားလာမည့်​အချိန်​ဖြစ်သည့် အမျက်တော်​နေ့​တွင် ပို၍​ကြီးလေးသော​ပြစ်ဒဏ်​ကို သင်​ခံရ​လိမ့်မည်။


ဖန်ဆင်းခံ​လောက​သာ ညည်းတွား​နေသည်​မဟုတ်။ ဘုရားသခင်​၏ အဦးဆုံး​ဆုကျေးဇူး​ဖြစ်သည့် ဝိညာဉ်တော်​ကို ရရှိသော ကျွန်ုပ်တို့​သည်လည်း ခန္ဓာ​ရွေးနုတ်ခြင်း​ဟူသော သားသမီး​ဖြစ်ခွင့်​ကို စောင့်မျှော်​၍ ညည်းတွား​နေကြ၏။


ထို​အရာ​မှာ ကျမ်းစာ​၌ “မိမိ​ကို ချစ်သော​သူတို့​အတွက် ဘုရားသခင်​ပြင်ဆင်တော်မူသော​အရာတို့​ကို လူ့​မျက်စိ​ဖြင့် မမြင်၊ လူ့​နား​ဖြင့် မကြား၊ လူ့​စိတ်​ဖြင့် မတွေးမိဖူးသေး” ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်၏။


ထို​သူ​အသီးသီးတို့​၏ လုပ်ဆောင်မှု​သည် ပေါ်​လာ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တရားစီရင်ရာ​နေ့​၌ ထို​သူတို့​၏ လုပ်ဆောင်မှု​ကို မီး​သည် ဖော်ပြမည်​ဖြစ်သောကြောင့်​ပင်။ ထို​မီး​သည် လူ​အသီးသီးတို့​၏ လုပ်ဆောင်မှု​အရည်အသွေး​ရှိမရှိ​ကို စစ်ဆေး​လိမ့်မည်။


အားကစားသမား​တိုင်း​သည် လေ့ကျင့်​ရာတွင် အရာရာ​၌ မိမိ​ကိုယ်ကိုယ် ထိန်းချုပ်ရ၏။ ထို​သူတို့​သည် ပျောက်ကွယ်​ပျက်စီးမည့် ဆုသရဖူ​ကို ရ​ရန် ထိုသို့​ပြုကြ၏။ ကျွန်ုပ်တို့​မှာမူ ထာဝရ​မပျောက်ကွယ်​မပျက်စီးမည့် ဆုသရဖူ​ကို ရ​ရန် ထိုသို့​ပြုကြ၏။


ကျွန်ုပ်တို့​သည် ကောင်းကင်ဘုံ​ရှိ ကိုယ်ခန္ဓာ​ကို အဝတ်သစ်​ကဲ့သို့ ဝတ်ဆင်ရမည့်​နေ့​အတွက် စိတ်အားထက်သန်​စွာ စောင့်မျှော်​၍ လက်ရှိ​ကိုယ်ခန္ဓာ​၌ ညည်းတွား​လျက်​နေကြ၏။


ဤသည်​မှာ ကျွန်ုပ်​ကိုယ်တိုင် သေခြင်း​မှ ရှင်ပြန်ထမြောက်ခွင့်​ကို တစ်နည်းနည်း​ဖြင့် ရနိုင်​ရန် ဖြစ်၏။


ထို​ယုံကြည်ခြင်း​နှင့်​ချစ်ခြင်း​သည် ကောင်းကင်ဘုံ​၌ သင်တို့​အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာ​အကြောင်း​ကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရား​ဟူသော သတင်းကောင်း​ကို သင်တို့ ပထမဆုံး​အကြိမ် ကြားနာရ​သောအခါ ထို​မျှော်လင့်ရာ​အကြောင်း​ကို သင်တို့ ကြားသိခဲ့ရ၏။


ထို့ပြင် ကောင်းကင်းဘုံ​မှ ကြွလာမည့် သားတော်​ကို သင်တို့​မည်သို့ မျှော်လင့်ကြောင်း​ကိုလည်း သူတို့​ပြောပြကြ၏။ ဘုရားသခင်​သည် ထို​သားတော်​ကို သေခြင်း​မှ ထမြောက်စေတော်မူ​ပြီး ထို​သားတော်​သည် ကျရောက်လာမည့်​ဘုရားသခင်​၏ အမျက်တော်​မှ ကျွန်ုပ်တို့​ကို ကယ်တင်တော်မူသော ယေရှု​ဖြစ်၏။


သို့သော်လည်း ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် အမှောင်​၌ မရှိ​သောကြောင့် ထို​နေ့ရက်​သည် သင်တို့​ထံ သူခိုး​ကဲ့သို့ ရောက်လာစရာ​အကြောင်း မရှိ။


ထို့နောက် တရားမဲ့သူ​သည် ပေါ်လာ​လိမ့်မည်။ သို့သော် သခင်​ယေရှု​ကြွလာတော်မူ​သောအခါ ထို​တရားမဲ့သူ​ကို နှုတ်တော်ထွက်​လေ​ဖြင့် ဖျက်ဆီး​၍ ဘုန်းရောင်ခြည်​ဖြင့် ပယ်ရှားတော်မူ​လိမ့်မည်။


ဤ​နည်း​ဖြင့် သူတို့​သည် အနာဂတ်​အတွက် ခိုင်မာသော​အခြေခံ​အုတ်မြစ်​အဖြစ် မိမိတို့​၏ ဘဏ္ဍာ​ကို စုဆောင်း​၍ စစ်မှန်သော​အသက်​ကို ရရှိကြ​လိမ့်မည်။


ထို​ကျေးဇူးတော်​သည် ကျွန်ုပ်တို့​၏ ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကြွလာတော်မူခြင်း​ဖြင့် ယခု​ထင်ရှားပြီ။ ခရစ်တော်​သည် သေခြင်း​ကို ဖျက်ဆီးပြီး မပျက်စီး​မယိုယွင်းသော​အသက်ရှင်ခြင်း​အကြောင်း​ကို သတင်းကောင်း​ဖြင့် ပေါ်လွင်​ထင်ရှားစေတော်မူ၏။


ထို​အကြောင်း​ကြောင့် ဤ​ဆင်းရဲဒုက္ခ​ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်​မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ယုံကြည်သော​အရှင်​ကို သိ​ပြီး ကိုယ်တော်​ထံ၌ မိမိ​အပ်ထားသော​အရာ​ကိုလည်း ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်းတော်မူမည်​ဟု စိတ်ချ​သောကြောင့်​ဖြစ်၏။


ဧဖက်မြို့​၌ ကျွန်ုပ်​ရှိစဉ် သူ​သည် မည်မျှ​အကူအညီ​ပေးခဲ့သည်​ကို သင်​ကောင်းစွာ​သိ၏။ သခင်ဘုရား ပြန်ကြွလာတော်မူမည့် ထို​နေ့​၌ သခင်ဘုရား​သည် သူ့​အား ကရုဏာတော်​ခံစားရသော​အခွင့်​ကို ပေးသနားတော်မူပါစေသော။


ထိုနည်းတူ အားကစားသမား​သည် ပြိုင်ပွဲ​စည်းကမ်း​ကို မလိုက်နာ​ပါက ဆုသရဖူ​ကို မရနိုင်။


နိုင်ငံတော်​တည်ထောင်​ရန် ကြွလာပြီး အသက်ရှင်သောသူ​နှင့် သေသောသူတို့​ကို တရားစီရင်မည့်​ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း၊ ဘုရားသခင်​ရှေ့တော်​၌​လည်းကောင်း သင့်​အား ကျွန်ုပ်​အလေးအနက်​တိုက်တွန်းလိုက်ပါ၏။


တစ်ချိန်တည်း​မှာပင် ကျွန်ုပ်တို့​သည် ကြီးမြတ်သည့်​ဘုရားသခင်​ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှု​ခရစ်တော် ဘုန်းအသရေ​နှင့် ကြွလာမည့် မင်္ဂလာ​ရက်မြတ်​ကို စောင့်မျှော်နေကြ၏။


ဆုံးမခြင်း​သည် ခံရ​စဉ်တွင် ဝမ်းမြောက်စရာ​ဟု မထင်မှတ်ဘဲ နာကျင်စရာ​ဟု ထင်မှတ်ရ၏။ သို့သော်လည်း ထို​ဆုံးမခြင်း​အားဖြင့် လေ့ကျင့်ပေးခြင်း​ခံရသူများ​သည် နောက်​မှ ဖြောင့်မတ်ခြင်း​နှင့်​ဆိုင်သည့် ငြိမ်းချမ်းခြင်း​အကျိုးကျေးဇူး​ကို ခံစားရ​လိမ့်မည်။


ခရစ်တော်​သည် လူ​များစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန် မိမိ​ကိုယ်ကိုယ် တစ်ကြိမ်တည်း​သာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များ​ကို ဖယ်ရှား​ရန် မဟုတ်ဘဲ ကိုယ်တော်​ကို စောင့်မျှော်နေ​သူတို့​အား ကယ်တင်​ရန် ဒုတိယ​အကြိမ်​ပေါ်ထွန်းတော်မူ​လိမ့်မည်။


ဒုက္ခဆင်းရဲတို့​ဖြင့် စမ်းသပ်ခြင်း​ကို အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် မင်္ဂလာ​ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ​သည် ထို​စမ်းသပ်ခြင်း​ကို အောင်မြင်​သောအခါ ဘုရားသခင်​ကို ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် အသက်​ဆုသရဖူ​ကို ရမည်​ဖြစ်သောကြောင့်​ပင်။


ထို့ပြင် မပျက်စီး၊ မညစ်ညမ်း၊ မပျောက်ကွယ်နိုင်သော အမွေ​ကိုလည်း ရရှိစေတော်မူ၏။ ဤ​အမွေ​ကို သင်တို့​အတွက် ကောင်းကင်ဘုံ​၌ ထိန်းသိမ်းထား၏။


သို့ပြုလျှင် သိုးထိန်းကြီး​ပေါ်ထွန်းတော်မူ​သောအခါ မမှေးမှိန်သော​ဘုန်းအသရေ​ရှိသည့် ဆုသရဖူ​ကို သင်တို့​ရရှိကြ​လိမ့်မည်။


ကြည့်ရှုလော့။ ကိုယ်တော်​သည် မိုးတိမ်များ​ဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်​ကို လှံ​နှင့် ထိုးဖောက်ခဲ့သူများ​အပါအဝင် လူတိုင်း​က မြင်ကြရ​လိမ့်မည်။ ကမ္ဘာလောက​ရှိ လူမျိုး​အပေါင်းတို့​သည် ကိုယ်တော်​ကြောင့် ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ ထို​အရာ​သည် အမှန်​ပင်​ဖြစ်၏။ အာမင်။


ထိုအခါ ကောင်းကင်ဘုံ​သည် ပွင့်​လျက်​ရှိသည်​ကို ကျွန်ုပ်​မြင်၏။ ထို​နေရာ​၌ မြင်းဖြူ​တစ်ကောင်​ရှိ၏။ ထို​မြင်းဖြူ​ကို စီးတော်မူသောသူ​သည် သစ္စာရှိသူ​နှင့် ဖြောင့်မှန်သူ​ဟု အမည်​ရ၏။ သူ​သည် ဖြောင့်မှန်​စွာ တရားစီရင်​၍ ဖြောင့်မှန်​စွာ စစ်တိုက်တော်မူ၏။


သင်​ခံစားရမည့်​ဆင်းရဲဒုက္ခ​ကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်​သည် သင့်​ကို စမ်းသပ်​ရန် သင်တို့​ထဲမှ တချို့​ကို ထောင်ချ​လိမ့်မည်။ သင်​သည်​ဆယ်ရက်​တိုင် ဆင်းရဲဒုက္ခ ခံရ​လိမ့်မည်။ သေသည်​တိုင်အောင် သစ္စာ​ရှိလော့။ ထိုသို့​ပြု​လျှင် အသက်​ဆုသရဖူ​ကို သင့်​အား ငါ​ပေးမည်။


ဤ​အကြောင်းအရာများ​ကို သက်သေခံတော်မူသော​အရှင်​က “ဧကန်​အမှန်​ပင် ငါ​သည် မကြာမီ​လာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်​ယေရှု… ကြွလာတော်မူပါ။


အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ရာဇပလ္လင်တော်​ပေါ်တွင် ထိုင်တော်မူသော​အရှင်​ရှေ့၌ ဝပ်တွားခယ​၍ အစဉ်​ထာဝရ​အသက်ရှင်တော်မူသော​အရှင်​ကို ကိုးကွယ်ကြ၏။ ထို​အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် မိမိတို့​၏​သရဖူများ​ကို ရာဇပလ္လင်တော်​ရှေ့​၌ ချထား​လျက်


ရာဇပလ္လင်တော်​ပတ်လည်​တွင် အခြား​ပလ္လင်​နှစ်ဆယ့်လေး​ခု​ရှိ​ပြီး အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ထို​ပလ္လင်များ​ပေါ်တွင် ထိုင်နေကြ၏။ သူတို့​သည် ဝတ်ရုံဖြူ​ကို ဝတ်ဆင်​လျက် ဦးခေါင်းများ​ပေါ်​တွင် ရွှေ​သရဖူများ​ကို ဆောင်းထားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ