၂ ပေ 2:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း
9 ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
9-10 သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
9-11 လော ဘ ဆိုင် ရာ တ ဏှာ အား ဖြင့် ဇာ တိ သ ဘော နောက် သို့ လျှောက် လိုက် သူ အာ ဏာ ပိုင် များ ကို မ ထီ လေး စား ပြု သူ တို့ မှ စ၍ မ တ ရား သူ တို့ အား စီ ရင် ဆုံး ဖြတ် ချိန် မ တိုင် မ ချင်း ဒဏ် ခတ် လျက် အ ကျဉ်း ထား ခြင်း၊ ဘု ရား တ ရား ကြည် ညို သူ တို့ ကို စုံ စမ်း ရာ မှ ကယ် နှုတ် ခြင်း ကို ထာ ဝ ရ ဘု ရား ပြု တော် မူ တတ်၏။ ဘုန်း ရှင် များ ကို ခွန် အား တန် ခိုး ကြီး သော စေ တ မန် တော် တို့ ပင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ ကဲ့ ရဲ၍ စွဲ ဆို ချက် ကို မ ထား ဝံ့ ကြ ဘဲ လျက် ဆို ခဲ့ သည့် ရဲ ဝံ့ စော် ကား သော လူ ယုတ် တို့ သည် ကဲ့ ရဲ့ ဝံ ကြ သည် တ ကား။
အခန်းကိုကြည့်ပါ။ ကော်ပီ
9-10 ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည် အကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့်တကွ၊ ကာမဂုဏ်အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူးသဖြင့် ဒဏ်ခံစေမည်အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဖို့ ချုပ်ထားခြင်းငှာလည်းကောင်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့ လိုက်တတ်သောသူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
9 သို့ဖြစ်၍ ထာဝရဘုရားသည် ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့ရက်၌ အပြစ်ဒဏ်ခံစေရန်ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ