Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 2:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ဤသို့ဖြင့် သူတို့​သည် မိမိတို့​၏ နှလုံးသား​၌ ဘုရားသခင်​၏ ပညတ်တရား​ကို ရေးမှတ်ထားကြောင်း​ဖော်ပြကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့​၏ ကိုယ်ပိုင်​အသိစိတ်​နှင့် အတွေးများ​က သူတို့​ကို ပြစ်တင်​တစ်လှည့် ထောက်ခံ​တစ်လှည့် ပြု​လျက်​ရှိကြ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​သည်​ထို သူ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား​ထား​လျက် ရှိ​ကြောင်း သူ​တို့​၏​အ​ပြု​အ​မူ​များ​က​ထောက် ခံ​၏။ သူ​တို့​၏​သြတ္တပ္ပ​စိတ်​က​လည်း​ထောက်​ခံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​စိတ်​နှ​လုံး သည် တစ်​ခါ​တစ်​ရံ​သူ​တို့​ကို​ပြစ်​တင်​၍ တစ်​ခါ တစ်​ရံ​လည်း​သူ​တို့​ကို​ထောက်​ခံ​သော​ကြောင့် ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ကိုယ်​ကို​ကိုယ်​သိ​သော​စိတ်​နှ​လုံး​သည် သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ အ​ချင်း​ချင်း ဆွေး​နွေး​ဆင်​ခြင်၍ အ​ပြစ်​တင်​လျက်၊ လွှတ်​လျက်​နေ​သ​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​စိတ်​နှ​လုံး​ထဲ၌ မှတ်​သား​သော တ​ရား၏​အ​ကျိုး​ကို ထင်​ရှား​စွာ ပြ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မိမိ​တို့​စိတ်နှလုံး​ထဲ၌​ရေး​ထား​သည့် ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကို ပြသ​လျက်​ရှိ​ကြ​၏။ သူ​တို့​၏​အသိစိတ်​သည်​လည်း အတူတကွ​သက်သေခံ​၍ သူ​တို့​၏​စဉ်းစား​ဆင်ခြင်​မှု​တို့​သည် အချင်းချင်း​စွပ်စွဲ​တစ်ခါ ကာကွယ်​တစ်လှည့်​ပြု​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 2:15
18 ပူးပေါင်းရင်းမြစ်များ  

ထို​သူတို့​သည် ယေရှု​၏ စကားတော်​ကို ကြား​သောအခါ အသက်ကြီးသူများ​က အစပြု​၍ တစ်ယောက်ပြီး​တစ်ယောက် ထွက်သွားကြ၏။ ထိုအခါ ယေရှု​သာလျှင် ထို​နေရာ​၌​ရပ်နေသော ထို​အမျိုးသမီး​နှင့် ကျန်ရစ်တော်မူ၏။


ပေါလု​သည် တရားလွှတ်တော်​အဖွဲ့ဝင်များ​ကို စေ့စေ့​ကြည့်​လျက် “ညီအစ်ကိုတို့… ကျွန်ုပ်​သည် ယနေ့​တိုင်အောင် ဘုရားသခင်​ရှေ့တော်​၌ လိပ်ပြာသန့်​စွာ အသက်ရှင်သည်” ဟု ဆို၏။


ထို့ကြောင့် အကျွန်ုပ်​သည် ဘုရားသခင်​နှင့် လူ​အများ​ရှေ့​တွင် အစဉ်အမြဲ လိပ်ပြာသန့်​နိုင်ရန် ကြိုးစားပါ၏။


ဘုရားသခင်​၏ ပညတ်တရား​ကို မသိသော လူမျိုးခြားတို့​ပင်လျှင် ထို​ပညတ်တရား​၌ ပြဋ္ဌာန်းထားသော​အချက်များ​ကို အလိုအလျောက် ပြုကျင့်မိ​သောအခါ ပညတ်တရား​ကို မသိ​သော်လည်း ၎င်းတို့​သည် သူတို့​အတွက် ပညတ်တရား​ဖြစ်လာ၏။


သင်​သည် ပညတ်ကျမ်း​နှင့် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ရရှိ​ခံယူထား​လျက်နှင့် ထို​ပညတ်တရား​ကို​ချိုးဖောက်၏။ သို့ဖြစ်လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို မခံယူ​သော်လည်း ပညတ်တရား​ကို လိုက်နာကျင့်သုံးသော​လူမျိုးခြားတို့​သည် သင်တို့​ကို အပြစ်တင်ကြ​လိမ့်မည်။


ကျွန်ုပ်​သည် အလွန်​ဝမ်းနည်း​လျက် စိတ်နှလုံး​ထဲ၌​လည်း ဖြေဆည်​၍ မရနိုင်သော ကြေကွဲခြင်း​ရှိကြောင်း ခရစ်တော်​ကို တိုင်တည်​၍ အမှန်​ကို​ပြော၏။ လိမ်လည်​၍ မပြော။ ထိုသို့ အမှန်​ပြောကြောင်း​ကို သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် လိပ်ပြာသန့်​စွာ အတည်ပြု၏။


ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။


ကျွန်ုပ်တို့​သည် အဘယ်ကြောင့် သခင်ဘုရား​ကို ကြောက်ရွံ့ရကြောင်း​ကို သိ​သဖြင့် အခြား​သူများ​အား ဘုရားသခင်​ထံတော်သို့ လှည့်ပြန်​ရန် တိုက်တွန်း​စည်းရုံးကြ၏။ ကျွန်ုပ်တို့​အကြောင်း​ကိုမူ ဘုရားသခင်​အကြွင်းမဲ့​သိတော်မူ​၍ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သင်တို့​၏ စိတ်​ထဲက အကြွင်းမဲ့​သိကြမည်​ဟု မျှော်လင့်၏။


ထို​အယူဝါဒ​ကို သွန်သင်သူများ​၏ အမှားအမှန်​ခွဲခြားသော အသိစိတ်​သည် သံပူ​နှင့်​ခတ်ခံရ​သကဲ့သို့ ထုံထိုင်းနေ၏။ သူတို့​သည် သူတော်ကောင်း​ယောင်ဆောင်သော လူလိမ်များ​ဖြစ်၏။


နှလုံးသား​ဖြူစင်သူတို့​အတွက် အရာ​အားလုံး​သည် စင်ကြယ်၏။ သို့သော် ညစ်ညူး​၍ ခရစ်တော်​ကို မယုံကြည်သူတို့​အတွက် မည်သည့်​အရာမျှ မစင်ကြယ်။ သူတို့​၏ အတွေးအခေါ်​နှင့် အသိစိတ်တို့​သည် ညစ်ညူး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ