ရောမ 2:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible16 သို့ဖြစ်၍ငါဟောပြောကြေညာသည့်သတင်း ကောင်းအရ တရားစီရင်တော်မူရာနေ့၌ ဘုရား သခင်သည်ယေရှုခရစ်အားဖြင့်လူခပ်သိမ်း တို့၏လျှို့ဝှက်သောအကြံအစည်များကို ထို သို့စစ်ဆေးစီရင်တော်မူပေအံ့။ အခန်းကိုကြည့်ပါ။Judson Bible16 ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှားသော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့၌ ထိုသို့စီရင်တော်မူလတ္တံ့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 ကျွန်ုပ်ဟောပြောသော သတင်းကောင်းအရ လူအပေါင်းတို့၏ လျှို့ဝှက်သောအကြံအစည်တို့ကို ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်စီရင်တော်မူသောနေ့၌ အထက်တွင် ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။