လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ဂလာတိ 2:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။ Common Language Bible သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။- Garrad Bible ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။ Judson Bible ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဖို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါအသက်ရှင်သည်မှာ ငါကိုယ်တိုင်မဟုတ်တော့ဘဲ ခရစ်တော်သည် ငါ၌အသက်ရှင်တော်မူ၏။ ယခု ကိုယ်ကာယ၌ ငါအသက်ရှင်သည်မှာ ငါ့ကိုချစ်၍ ငါ့အတွက် မိမိကိုယ်ကိုစွန့်တော်မူသော ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်၏။ |
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ထိုအခါ မာရ်နတ်သည် လာ၍ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤကျောက်ခဲများကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
ထိုအခါ နာသနေလက “ဆရာတော်… ဆရာတော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏၊ အစ္စရေးတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။
ငါသည် သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်းသည် သိုးတို့အတွက် မိမိအသက်ကို စွန့်တတ်၏။
မိမိမိတ်ဆွေတို့အတွက် အသက်ပေးချစ်သော ချစ်ခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သောချစ်ခြင်းမေတ္တာမရှိပေ။
အို အဖ… အကျွန်ုပ်နှင့် ကိုယ်တော်သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည် တစ်သားတည်းဖြစ်ရန် ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၌ တည်တော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ တည်သကဲ့သို့ သူတို့ကို အကျွန်ုပ်တို့၌ တည်စေတော်မူပါ။ ဤသည်မှာ အကျွန်ုပ်အား ကိုယ်တော်စေလွှတ်တော်မူကြောင်းကို လောကီသားတို့ ယုံကြည်လာနိုင်စေရန်ဖြစ်၏။
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသဖြင့် အရာအားလုံးကို သားတော်လက်သို့ ပေးအပ်ထားတော်မူပြီ။
အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍ ငါသည် ခမည်းတော်ကြောင့် အသက်ရှင်၏။ ထိုကဲ့သို့ပင် ငါ့အသားကို စားသောသူသည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။
ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းတော်မူသောသူဖြစ်တော်မူကြောင်းကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါ၏” ဟု ဖြေဆိုလေ၏။
ထိုသို့ ခရီးပြုစဉ်တွင် ရေရှိရာသို့ရောက်သော် အမတ်က “ဤနေရာ၌ ရေရှိပါ၏။ ကျွန်ုပ်ကို နှစ်ခြင်းမင်္ဂလာ မခံယူစေနိုင်ရန် တားဆီးသည့်အကြောင်း ရှိသလော” ဟု မေး၏။
ထို့နောက် ချက်ချင်းပင် ရှောလုက “ယေရှုသည် ဘုရားသားတော်ဖြစ်ပေသည်” ဟူ၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလေ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ဖြောင့်မတ်စေတော်မူကြောင်း ထိုသတင်းကောင်းက ဖော်ပြ၏။ ထိုသို့ဖြောင့်မတ်ရန် ယုံကြည်ခြင်းနှင့် စတင်၍ ယုံကြည်ခြင်းနှင့် အဆုံးသတ်၏။ ဤအရာသည် ကျမ်းစာ၌ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
ကျွန်ုပ်တို့တွင် ကိုယ့်အတွက် အသက်ရှင်သောသူမရှိ။ ကိုယ့်အတွက် သေသောသူလည်း မရှိ။
ထိုနည်းလမ်းမှာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည့်နည်းလမ်းဖြစ်၏။ ခွဲခြားထားခြင်းမရှိဘဲ ယုံကြည်သောသူတိုင်းအတွက်ဖြစ်၏။
ထိုအရှင်သည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အသေခံရန် အပ်နှံခြင်းကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရစေရန်လည်း ရှင်ပြန်ထမြောက်တော်မူခဲ့၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့အား ယခုကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို မျှဝေခံစားရန် မျှော်လင့်၍ ဂုဏ်ယူဝမ်းမြောက်ကြ၏။
ကျွန်ုပ်တို့အားကိုးရာမဲ့ ဖြစ်လျက်ရှိနေကြစဉ် အချိန်တန်၍ ခရစ်တော်သည် ဘုရားတရားမဲ့သူများအတွက် အသေခံတော်မူ၏။
သို့သော် ကျွန်ုပ်တို့ အပြစ်သားများဖြစ်နေစဉ်ကပင် ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ခရစ်တော်ကို အသေခံရန် စေလွှတ်တော်မူခြင်းအားဖြင့် သူ၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား သက်သေပြတော်မူ၏။
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။
ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အသေခံခဲ့ပြီးဖြစ်၍ ခရစ်တော်နှင့်အတူ အသက်ရှင်ရမည်ကို ယုံကြည်ကြ၏။
ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူလျှင် သင်တို့၏ ကိုယ်ခန္ဓာသည် အပြစ်ကြောင့် သေရသော်လည်း သင်တို့၏ ဝိညာဉ်မှာမူ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသဖြင့် အသက်ရှင်ရ၏။ အကြောင်းမှာ သင်တို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ဖြစ်၏။
မကွဲကွာစေသည်သာမက ထိုအခက်အခဲများကြားမှပင် ကျွန်ုပ်တို့ကို ချစ်တော်မူသောခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် အထူးအောင်မြင်ကြ၏။
သို့သော် ကျွန်ုပ်တို့သည် သင်တို့၏ ယုံကြည်ခြင်းကို ချုပ်ကိုင်ထားသည်ဟူ၍ မဆိုလိုပါ။ ကျွန်ုပ်တို့သည် သင်တို့ ဝမ်းမြောက်နိုင်ရန် သင်တို့နှင့်အတူ လက်တွဲလုပ်ဆောင်နေခြင်းသာ ဖြစ်၏။ သင်တို့သည်လည်း ယုံကြည်ခြင်းဖြင့် ခိုင်မြဲစွာ ရပ်တည်နေပြီဖြစ်၏။
ကျွန်ုပ်တို့သည် လောကီသားများအဖြစ် ပြုမူနေထိုင်သော်လည်း လောကီသားများက မိမိတို့၏ ရန်ဘက်များကို ဆန့်ကျင်တိုက်ခိုက်သကဲ့သို့ ကျွန်ုပ်တို့မတိုက်ခိုက်။
ဤသို့ ကျွန်ုပ်ကြွားဝါသည်ကို အခါယပြည်တစ်လျှောက်၌ မည်သူမျှ တားဆီး၍ ရမည်မဟုတ်ကြောင်း ခရစ်တော်၏ သမ္မာတရားကျွန်ုပ်၌ ရှိသည်နှင့်အညီ ကျွန်ုပ်ဆို၏။
ခရစ်တော်သည် ကျွန်ုပ်အားဖြင့် မိန့်တော်မူသည်ဟူသော သက်သေကို သင်တို့တောင်းဆိုသည့်အတိုင်း ကျွန်ုပ်ပြမည်။ ကိုယ်တော်သည် သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းတော်မမူပါ။ တန်ခိုးတော်သည် သင်တို့အလယ်၌ အားကြီးတော်မူ၏။
သင်တို့သည် ယုံကြည်ခြင်း၌ တည်သောသူများ ဖြစ်သည်၊ မဖြစ်သည်ကို မိမိကိုယ်ကိုယ် ဆန်းစစ်ကြလော့။ မိမိကိုယ်ကိုယ် စစ်ဆေးကြလော့။ ယေရှုခရစ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူကြောင်း သင်တို့မသိကြသလော။ စစ်ဆေးရာတွင် ကျရှုံးလျှင်မူ ယေရှုခရစ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်မဟုတ်။
ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ကို လွှမ်းမိုးလျက်ရှိ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံလျှင် လူအပေါင်းတို့သည် ထိုသူနှင့်အတူ အသေခံကြောင်းကို ကျွန်ုပ်တို့သိကြပြီ။
ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့ကိုယ်ကျိုးအတွက် အသက်မရှင်ဘဲ မိမိတို့အတွက် အသေခံ၍ တစ်ဖန်ရှင်ပြန်ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ရန် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် မြင်ရခြင်းအားဖြင့် မပြုမူမနေထိုင်ဘဲ ယုံကြည်ခြင်းအားဖြင့် ပြုမူနေထိုင်သောကြောင့်ဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်တို့ အဖဘုရားသခင်၏ အလိုတော်အတိုင်း ဤဆိုးညစ်သောကာလထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ရန် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသက်ပေးတော်မူ၏။
သို့သော်လည်း လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ သတ်မှတ်ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့သည်လည်း ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ယေရှုခရစ်တော်ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်သောကြောင့် ဖြစ်၏။
တစ်ဖန် ကျမ်းစာတွင် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟူ၍ ဖော်ပြထား၏။ ထို့ကြောင့် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်ကြောင်း သိသာထင်ရှား၏။
ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။
ကျွန်ုပ်မှာမူ သခင်ယေရှုခရစ်တော်၏ လက်ဝါးကပ်တိုင်အတွက်မှလွဲ၍ အခြား မည်သည့်အရာအတွက်မျှ ကြွားဝါလိမ့်မည်မဟုတ်။ ထိုလက်ဝါးကပ်တိုင်ကြောင့် ဤလောကနှင့်ဆိုင်သောအရာတို့သည် ကျွန်ုပ်နှင့် အဆက်ပြတ်၍ ကျွန်ုပ်သည်လည်း ဤလောကနှင့်ဆိုင်သော အရာတို့နှင့် အဆက်ပြတ်ပြီ။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် သင်တို့၏နှလုံးသားထဲ၌ ကိန်းဝပ်တော်မူရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍ တည်နေသဖြင့်
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
ခင်ပွန်းသည်တို့… ခရစ်တော်သည် အသင်းတော်ကို ချစ်သောကြောင့် အသင်းတော်အတွက် အသက်ပေးတော်မူသကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။
ကျွန်ုပ်အတွက်ဆိုရလျှင် အသက်ရှင်ခြင်းသည် ခရစ်တော်အတွက်ဖြစ်၏။ သေခြင်းဖြစ်လျှင် ပို၍ အကျိုးရှိ၏။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ခရစ်တော်အားဖြင့် ထိုအခြေအနေအားလုံးကို ကျွန်ုပ်ရင်ဆိုင်နိုင်၏။
ဤလျှို့ဝှက်နက်နဲသောအရာ၏ ဘုန်းစည်းစိမ်သည် လူမျိုးခြားတို့အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိစေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာသည် သင်တို့ထဲ၌ ကိန်းအောင်းတော်မူသည့်ခရစ်တော်ပင် ဖြစ်၏။ ခရစ်တော်ကြောင့် သင်တို့သည် ဘုရားသခင်၏ ဘုန်းအသရေကို ရရှိရန် မျှော်လင့်ရ၏။
ထို့ပြင် ကောင်းကင်းဘုံမှ ကြွလာမည့် သားတော်ကို သင်တို့မည်သို့ မျှော်လင့်ကြောင်းကိုလည်း သူတို့ပြောပြကြ၏။ ဘုရားသခင်သည် ထိုသားတော်ကို သေခြင်းမှ ထမြောက်စေတော်မူပြီး ထိုသားတော်သည် ကျရောက်လာမည့်ဘုရားသခင်၏ အမျက်တော်မှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ယေရှုဖြစ်၏။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံခဲ့သောကြောင့် ကျွန်ုပ်တို့သည် အသက်ရှင်ဆဲရှိသည်ဖြစ်စေ၊ သေလွန်ပြီးသည်ဖြစ်စေ ထိုသခင်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
ယဇ်ပုရောဟိတ်မင်းဟူသည် ပူဇော်စရာများနှင့် ယဇ်များကို ဘုရားသခင်ထံ ပူဇော်ရန် ခန့်အပ်ခြင်းခံရသူဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာတစ်စုံတစ်ခုရှိရမည်။
သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်ကို မတွေ့ရသေးသော်လည်း ယုံကြည်ကြ၏။ သင်တို့တွင် ဘုန်းအသရေနှင့်ပြည့်စုံသည့် ပြောမပြနိုင်လောက်သော ဝမ်းမြောက်ခြင်းရှိ၏။
သို့ရာတွင် ဘုရားသခင်သည် အလင်းတွင် ရှိတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း အလင်းတွင် ကျင်လည်ကြလျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်းရှိသဖြင့် သားတော်ယေရှု၏အသွေးတော်သည် ကျွန်ုပ်တို့ကို အပြစ်အားလုံးမှ ကင်းစင်စေတော်မူ၏။
ခမည်းတော်သည် သားတော်ကို ဤလောက၏ကယ်တင်ရှင်ဖြစ်ရန် စေလွှတ်တော်မူခဲ့သည်ကို ကျွန်ုပ်တို့မြင်၍ သက်သေခံကြ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ တစ်စုံတစ်ဦးသည် ငါ့အသံကို ကြား၍တံခါးဖွင့်လျှင် ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။