Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 3:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထို​နည်းလမ်း​မှာ ယေရှု​ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရသည့်​နည်းလမ်း​ဖြစ်၏။ ခွဲခြားထားခြင်း​မရှိဘဲ ယုံကြည်သော​သူတိုင်း​အတွက်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 လူ​တို့​အား​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​နိုင်​သော​နည်း​လမ်း​မှာ​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ခြင်း​ဖြစ်​သည်။ လူ​တို့​သည်​ခြား နား​ခြင်း​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်၊ ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​အ​ဖို့ ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့ အ​ပေါ်​သို့​ရောက်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထင်​ရှား​ခဲ့​ပြီ။ ခြား​နား​ခြင်း အ​လျှင်း​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ၎င်း​မှာ ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ယုံကြည်​သူ​အပေါင်း​တို့​အပေါ်​သက်ရောက်​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်​၏။ ဤ​တွင် မည်သည့်​ခြားနား​မှု​မျှ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 3:22
30 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဖခင်​က အစေခံတို့​အား ‘အကောင်းဆုံး​ဝတ်ရုံ​ကို အမြန်​ယူလာ​၍ သူ့​အား​ဝတ်ပေးကြလော့။ သူ့​လက်​၌ လက်စွပ်​ကို စွပ်ပေး​၍ သူ့​ခြေထောက်​၌ ဖိနပ်​ကို စီးပေးကြလော့။


ထို့နောက် ဝိညာဉ်တော်​က ကျွန်ုပ်​အား မတွန့်ဆုတ်ဘဲ ထို​သူတို့​နှင့် လိုက်သွား​ရန် မိန့်တော်မူ၏။ ဤ​ညီအစ်ကို​ခြောက်ဦး​သည်လည်း ကျွန်ုပ်​နှင့်​လိုက်ပါ​၍ ထို​သူ​၏​အိမ်​သို့ ဝင်ရောက်ကြ၏။


ယုံကြည်ခြင်း​အားဖြင့် လူမျိုးခြားတို့​၏​စိတ်နှလုံး​ကို သန့်စင်ပေး​ကာ ထို​သူတို့​နှင့် ကျွန်ုပ်တို့​အကြား ခွဲခြားတော်မူခြင်း​မရှိ။


ထို​သခင်​ကို ယုံကြည်ခြင်း​အားဖြင့် ထို​သခင်​၏ နာမတော်​သည် ဤ​လူ​ကို သန်စွမ်းစေတော်မူ၏။ ယခင်​က ဤ​လူ​သည် ခြေမသန်စွမ်းသူ​ဖြစ်ကြောင်း သင်တို့​သိမြင်ကြ၏။ ထို​သခင်​အားဖြင့် ရရှိသော ယုံကြည်ခြင်း​သည်လည်း ဤ​ခြေမသန်စွမ်းသူ​အား သင်တို့​အားလုံး​ရှေ့​၌ အကောင်း​ပကတိ​အတိုင်း ဖြစ်စေပြီ။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို မည်သို့​ဖြောင့်မတ်​စေတော်မူကြောင်း ထို​သတင်းကောင်း​က ဖော်ပြ၏။ ထိုသို့​ဖြောင့်မတ်​ရန် ယုံကြည်ခြင်း​နှင့် စတင်​၍ ယုံကြည်ခြင်း​နှင့် အဆုံးသတ်၏။ ဤ​အရာ​သည် ကျမ်းစာ​၌ “ဖြောင့်မတ်သောသူ​သည် ယုံကြည်ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်” ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်၏။


ဂျူးလူမျိုး၊ ဂရိလူမျိုး​ဟူ၍ ခွဲခြားခြင်း​မရှိ။ သူတို့​၌ သခင်​တစ်ပါးတည်း ရှိ​၍ ထို​သခင်​ထံ ဆုတောင်းသော​သူတို့​အား ရက်ရော​စွာ ပေးသနားတော်မူ၏။


ခရစ်တော်​သည် ပညတ်တရား​ကို အဆုံးသတ်​စေတော်မူပြီ​ဖြစ်​သောကြောင့် ယုံကြည်သော​သူတို့​သည် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရကြ၏။


ထို့ကြောင့် သူတစ်ပါး​ကို အပြစ်​စီရင်တတ်သောသူ… သင်​သည် မိမိ​၌​အပြစ်​မရှိ​ဟု ဆင်ခြေ​ပေး​၍ မရ။ အဘယ်ကြောင့်ဆိုသော် သင်​သည်လည်း ထို​ဆိုးယုတ်မှုများ​ကို ကိုယ်တိုင် ကျူးလွန်နေသူ​ဖြစ်သောကြောင့် သူတစ်ပါး​ကို အပြစ်တင်​လျှင် သင့်ကိုယ်သင်​အပြစ်တင်ရာ​ရောက်၏။


ဘုရားသခင် တစ်ဆူတည်း​သာ ရှိတော်မူ၏။ ဂျူးလူမျိုး​ဖြစ်စေ၊ လူမျိုးခြား​ဖြစ်စေ ကိုယ်တော်​ကို ယုံကြည်သော​သူတို့​ကို ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ၏။


ထို့ကြောင့် ဘုရားသခင်​၏​ကတိတော်​ကို ယုံကြည်ခြင်း​အားဖြင့် လက်ခံရရှိ၏။ ထို​ကတိတော်​ကို ကျေးဇူးတော်​အားဖြင့် အာဗြဟံ​၏ မျိုးဆက်​အားလုံး လက်ခံရရှိမည်​မှာ အမှန်​ပင်​ဖြစ်၏။ ပညတ်တရား​ကို လိုက်နာကျင့်သုံးသော​သူတို့​ဖြစ်စေ၊ မကျင့်သုံးသော​သူတို့​ဖြစ်စေ အာဗြဟံ​၌​ရှိသည့် ယုံကြည်ခြင်း​မျိုး ရှိသောသူ​မှန်​လျှင် လက်ခံရရှိမည်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံ​သည် ယုံကြည်သော​သူတို့​၏ ဖခင်ကြီး​ဖြစ်​သောကြောင့်​ပင်​ဖြစ်၏။


ထို့ကြောင့် ယခုအခါ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သူတို့​သည် အပြစ်စီရင်ခြင်း မခံရ။


ထို​အကြောင်းအရာများ​မှာ မည်သို့ ဆိုလိုသနည်း။ လူမျိုးခြားတို့​မှာ ဘုရားသခင်​သတ်မှတ်တော်မူသည့် ဖြောင့်မတ်ခြင်း​စံနှုန်းတို့​ကို မီအောင် မလိုက်နိုင်​သော်လည်း ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရကြ၏။ ထိုသို့ သတ်မှတ်ခံရခြင်း​မှာ ယုံကြည်ခြင်း​အားဖြင့်​သာ ဖြစ်၏။


ထိုကဲ့သို့​ပင် ကျွန်ုပ်တို့​အားလုံး​သည် ဂျူးလူမျိုး​ဖြစ်စေ၊ ဂရိလူမျိုး​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လွတ်လပ်သူ​ဖြစ်စေ ဝိညာဉ်တော်​တစ်ပါးတည်း​အားဖြင့် ကိုယ်ခန္ဓာ​တစ်ခုတည်း​ထဲသို့ နှစ်ခြင်း​မင်္ဂလာ​ခံယူကြပြီး ကျွန်ုပ်တို့​အားလုံး​သည် ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကို သောက်သုံးကြ၏။


မည်သူ​သည် သင့်​ကို အခြားသူ​ထက် ထူးခြား​စေသနည်း။ ဘုရားသခင် ပေးတော်မမူ​လျှင် သင်​၌ မည်သည့်​အရာ​ရှိမည်နည်း။ သင်​၌ ရှိသော​အရာ​မှန်သမျှ​သည် ဘုရားသခင်​ထံတော်​မှ ဖြစ်​ပါလျက်နှင့် ဘုရားသခင်​ထံတော်​မှ ရရှိသည့်​အရာ​မဟုတ်​သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။


သို့သော်လည်း လူ​သည် ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရသည်​မဟုတ်ဘဲ ယေရှု​ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့်​သာ သတ်မှတ်​ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့​သည်လည်း ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့်​မဟုတ်ဘဲ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရ​ရန် ယေရှု​ခရစ်တော်​ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရမည်​မဟုတ်​သောကြောင့် ဖြစ်၏။


ကျွန်ုပ်​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​၌ သတ်ခြင်း​ခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်​သည် အသက်​မရှင်တော့ဘဲ ခရစ်တော်​သာလျှင် ကျွန်ုပ်​ထဲ၌ အသက်ရှင်တော်မူ၏။ ယခု​ကိုယ်ခန္ဓာ​၌ ကျွန်ုပ်​အသက်ရှင်သည်​မှာ ကျွန်ုပ်​ကို ချစ်​၍ ကျွန်ုပ်​အတွက် အသက်ပေးတော်မူသော ဘုရားသခင်​၏ သားတော်​ကို ယုံကြည်ခြင်း​ဖြင့် အသက်ရှင်ခြင်း ဖြစ်၏။


သို့သော် လူ​အပေါင်းတို့​သည် အပြစ်​၏ ချုပ်နှောင်မှု​အောက်၌ ကျရောက်​လျက်​ရှိကြောင်း ကျမ်းစာ​တွင် ဖော်ပြထား၏။ ဤသည်​မှာ ဘုရားသခင်​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်သောသူတို့​အား မိမိ​ကတိထားတော်မူသည့် ကောင်းချီး​မင်္ဂလာ​ကို ပေးသနားတော်မူ​ရန် ဖြစ်၏။


ထိုသို့ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြ​သောကြောင့် ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ ကျွန်​နှင့် လွတ်လပ်သူ၊ ယောက်ျား​နှင့် မိန်းမ​ဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။


ကျွန်ုပ်တို့​သည် ထို​သခင်​နှင့် တပေါင်းတစည်းတည်း ဖြစ်ခြင်း​အားဖြင့်​သော်လည်းကောင်း၊ ထို​သခင်​ကို ယုံကြည်ခြင်း​အားဖြင့်​သော်လည်းကောင်း ဘုရားသခင်​ထံသို့ ရဲရင့်မှု​နှင့် စိတ်ချယုံကြည်မှု​ဖြင့် ဝင်ရောက်​ချဉ်းကပ်ခွင့်​ကို ရရှိကြ၏။


ခရစ်တော်​နှင့် တပေါင်းတစည်းတည်း အသက်ရှင်​ရန် ဖြစ်၏။ ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ရရှိသော ကျွန်ုပ်​၏ ဖြောင့်မတ်ခြင်း​ကို အားမကိုးတော့ဘဲ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း​ကိုသာ အားကိုး၏။ ထို​ဖြောင့်မတ်ခြင်း​သည် ဘုရားသခင်​သတ်မှတ်တော်မူသော​အရာ ဖြစ်ပြီး ယုံကြည်ခြင်း​ကို အခြေခံ​၍ ရရှိသော​ဖြောင့်မတ်ခြင်း ဖြစ်၏။


သို့ဖြစ်၍ ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသူ​နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်​နှင့် လွတ်လပ်သူ​ဟူ၍ ခြားနားမှု​မရှိပေ။ ခရစ်တော်​သည်သာ အရေးပါ​၍ ကျွန်ုပ်တို့​အားလုံး​အထဲတွင် ကိန်းအောင်းတော်မူ၏။


“အာဗြဟံ​သည် ဘုရားသခင်​ကို ယုံကြည်​သဖြင့် ထို​ယုံကြည်ခြင်း​ကို ထောက်​၍ ဘုရားသခင်​သည် အာဗြဟံ​အား ဖြောင့်မတ်သူ​အဖြစ် သတ်မှတ်တော်မူ၏” ဟူသော ကျမ်းစကား​သည် လက်တွေ့​ဖြစ်လာ၏။ ဘုရားသခင်​သည် အာဗြဟံ​အား “ငါ့​မိတ်ဆွေ” ဟု ခေါ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ