Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 8:37 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 မကွဲကွာစေသည်​သာမက ထို​အခက်အခဲများ​ကြားမှ​ပင် ကျွန်ုပ်တို့​ကို ချစ်တော်မူသော​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​သည် အထူး​အောင်မြင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 မ​ကွဲ​မ​ကွာ​စေ​သည်​သာ​မ​က​ငါ​တို့​သည်​ထို အ​တွေ့​အ​ကြုံ​ခပ်​သိမ်း​တို့​နှင့်​ဆိုင်​ရာ​တွင် ငါ တို့​ကို​ချစ်​တော်​မူ​သော​အ​ရှင်​အား​ဖြင့်​အ​ထူး အောင်​မြင်​လျက်​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 မ​ကွာ​စေ​သည်​သာ​မ​က၊ ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 သို့သော် ငါ​တို့​သည် ငါ​တို့​ကို​ချစ်​တော်မူ​သော​အရှင်​အားဖြင့် ထို​အမှု​ခပ်သိမ်း​တို့​ကို​ခံရ​စဉ်​၌​ပင် လုံးလုံးလျားလျား​အောင်မြင်​လျက်​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 8:37
25 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကြောင့် သင်တို့​ငြိမ်းချမ်းခြင်း​ရှိ​စေရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ ဤ​ကမ္ဘာလောက​၌ သင်တို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံတွေ့ကြရ​လိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါ​သည် ဤ​လောက​ကို အောင်ပြီ” ဟု မိန့်တော်မူ၏။


မည်သည့်​အရာ​က ကျွန်ုပ်တို့​ကို ခရစ်တော်​၏ ချစ်ခြင်းမေတ္တာ​နှင့် ကွဲကွာ​စေမည်နည်း။ ဆင်းရဲဒုက္ခ၊ ဘေးဆိုး၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစာခေါင်းပါးခြင်း၊ မွဲတေခြင်း၊ ဘေးအန္တရာယ်​နှင့် ဓားဘေးတို့​က ကွဲကွာ​စေမည်လော။


ပုပ်ပျက်တတ်သော​ခန္ဓာ​သည် မပုပ်ပျက်​နိုင်သော​ခန္ဓာ​အဖြစ်သို့ လည်းကောင်း၊ သေတတ်သော​ခန္ဓာ​သည် မသေနိုင်သော​ခန္ဓာ​အဖြစ်သို့​လည်းကောင်း ပြောင်းလဲလာ​သောအခါ “သေခြင်း​တရား​သည် အောင်မြင်ခြင်း​၌ နစ်မြုပ်လေပြီ” ဟု ရေးထားသော​ကျမ်း​အတိုင်း ဖြစ်လာ​လိမ့်မည်။


ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​အား အောင်မြင်​စေတော်မူသော ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ကာကွယ်​ပြောဆိုနေကြသည်​ဟု သင်တို့ တစ်ချိန်လုံး​ထင်မှတ်​နေကြသလော။ ကျွန်ုပ်တို့​သည် ခရစ်တော်​ပြောဆို​စေတော်မူလိုသည့်​အတိုင်း ဘုရားသခင် ရှေ့တော်မှောက်​၌ ပြောဆိုကြ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်တို့​လုပ်ဆောင်သမျှ အရာရာတိုင်း​သည် သင်တို့​ကို ဆောက်တည်ပေး​နိုင်ရန်​ဖြစ်၏။


သို့သော် ကိုယ်တော်​က “ငါ​ပြုသော​ကျေးဇူး​သည် သင့်​အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့​တန်ခိုး​သည် သင်​အားနည်း​သောအခါ အပြည့်အဝ​ထင်ရှား​သောကြောင့်​ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်​အပေါ် ခရစ်တော်​၏​တန်ခိုး တည်နေ​ရန် ကျွန်ုပ်​သည် ကျွန်ုပ်​၏ အားနည်းချက်​ကို ပို၍ ဝမ်းမြောက်​စွာ ကြွားဝါမည်။


သို့သော် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သုံ့ပန်းများ​အဖြစ် သတ်မှတ်​ပြီး ခရစ်တော်​၏​အောင်ပွဲခံ​အခမ်းအနား လှည့်လည်ရာ​တွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်​ကို သိကျွမ်းခြင်း​၏ မွှေးရနံ့​ကိုလည်း ကျွန်ုပ်တို့​အားဖြင့် အရပ်ရပ်တို့​၌ ပျံ့နှံ့စေတော်မူ၏။


ကျွန်ုပ်​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​၌ သတ်ခြင်း​ခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်​သည် အသက်​မရှင်တော့ဘဲ ခရစ်တော်​သာလျှင် ကျွန်ုပ်​ထဲ၌ အသက်ရှင်တော်မူ၏။ ယခု​ကိုယ်ခန္ဓာ​၌ ကျွန်ုပ်​အသက်ရှင်သည်​မှာ ကျွန်ုပ်​ကို ချစ်​၍ ကျွန်ုပ်​အတွက် အသက်ပေးတော်မူသော ဘုရားသခင်​၏ သားတော်​ကို ယုံကြည်ခြင်း​ဖြင့် အသက်ရှင်ခြင်း ဖြစ်၏။


ခရစ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်တော်မူ​၍ ကျွန်ုပ်တို့​အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သော​ပူဇော်စရာ​ယဇ်​အဖြစ် ဘုရားသခင်​ထံ ဆက်သတော်မူ​သကဲ့သို့ သင်တို့​သည်လည်း မေတ္တာ​ပွား​လျက် ပြုမူနေထိုင်ကြလော့။


ကျွန်ုပ်တို့​ကို ချစ်​၍ ကျေးဇူးတော်​ဖြင့် ထာဝရ​နှစ်သိမ့်ခြင်း​နှင့် ခိုင်မြဲသော​မျှော်လင့်ခြင်းတို့​ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖ​ဘုရားသခင်​နှင့် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည်


ချစ်ခြင်းမေတ္တာ​ဟူသည်​မှာ ဘုရားသခင်​အပေါ် ထားသော ကျွန်ုပ်တို့​၏ ချစ်ခြင်းမေတ္တာ​ကို မဆိုလို။ ကျွန်ုပ်တို့​၏ အပြစ်​အတွက် အပြစ်ဖြေရာ​ယဇ်​အဖြစ် သားတော်​ကို စေလွှတ်တော်မူ​၍ ကျွန်ုပ်တို့​အပေါ်​ထားသော ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို ဆိုလို၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ဦးစွာ ချစ်တော်မူ​သောကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ကို ချစ်ကြ၏။


သားသမီးတို့… သင်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်​၍ ထို​သူတို့​ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့​ထဲ၌ ကိန်းအောင်းသော​ဝိညာဉ်တော်​သည် လောကီသားတို့​ထဲ၌ ကိန်းအောင်းသော​ဝိညာဉ်​ထက် ပို​၍ ကြီးမြတ်​သောကြောင့် ဖြစ်၏။


သင်တို့​အား အပြစ်နွံ​ထဲသို့ လဲကျခြင်း​မှ ကင်းဝေးစေနိုင်ပြီး အပြစ်​ကင်းစင်​လျက် ရွှင်လန်း​ဝမ်းမြောက်သော​စိတ်​နှင့် မိမိ​ဘုန်းအသရေတော်​ရှေ့သို့ ဝင်ရောက်စေနိုင်သည့်


ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်​ပါစေသော။ ယေရှု​ခရစ်တော်​သည် သစ္စာရှိသော​သက်သေခံ၊ သေခြင်း​မှ အဦးဆုံး​ထမြောက်သောသူ၊ လောကီ​ဘုရင်တို့​၏​မင်း ဖြစ်တော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်​၍ အသေခံတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အပြစ်များ​မှ လွတ်မြောက်စေတော်မူ၏။


ညီအစ်ကို​မောင်နှမတို့​သည် ထို​သူ​ကို သိုးသငယ်​၏ အသွေးတော်​ဖြင့်​လည်းကောင်း၊ မိမိတို့​သက်သေခံ​ဟောပြောသော​နှုတ်ကပတ်တော်​ဖြင့်​လည်းကောင်း အောင်နိုင်ခဲ့ကြ၏။ သူတို့​သည် အသေ​ခံရမည်​ဆိုလျှင်​ပင် မိမိတို့​၏​အသက်​ကို မနှမြောကြ။


သူတို့​သည် သိုးသငယ်တော်​ကို တိုက်ကြ​လိမ့်မည်။ သို့ရာတွင် သိုးသငယ်တော်​သည် ဘုရင်​တကာ​တို့​၏ ဘုရင်၊ သခင်​တကာ​တို့​၏ သခင်​ဖြစ်တော်မူ​သောကြောင့် သူတို့​ကို အောင်နိုင်​လိမ့်မည်။ သိုးသငယ်တော်​နှင့်အတူ ရှိသောသူတို့​သည် ခေါ်ဖိတ်ခံရသူများ၊ ရွေးကောက်ခံရသူများ၊ သစ္စာရှိသူများ​ဖြစ်ကြ၏” ဟု ကျွန်ုပ်​အား ပြော၏။


အောင်မြင်သော​သူ​သည် ဤ​အရာများ​ကို အမွေခံရ​လိမ့်မည်။ ငါ​သည် သူ​၏​ဘုရားသခင်​ဖြစ်မည်။ သူတို့​သည် ငါ​၏​သားသမီးများ​ဖြစ်ကြ​လိမ့်မည်။


ကြည့်ရှုလော့။ မိမိ​ကိုယ်​မိမိ ဂျူး​ဖြစ်သည်​ဟု ဆိုကြ​သော်လည်း ဂျူး​မဟုတ်ဘဲ စာတန်​၏​အသင်းဝင်များ​ဖြစ်ကြသော​သူတို့​သည် လိမ်ညာ​သူများ​သာ​ဖြစ်၏။ ငါ​သည် သူတို့​ကို သင်​၏ ခြေရင်း​၌ လာရောက်​ဝပ်တွားခယ​စေ​၍ သင့်​ကို ငါ​ချစ်​ကြောင်း သူတို့​အား သိ​စေမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ