Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 13:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 သင်တို့​သည် ယုံကြည်ခြင်း​၌ တည်သောသူများ ဖြစ်သည်၊ မဖြစ်သည်​ကို မိမိ​ကိုယ်ကိုယ် ဆန်းစစ်ကြလော့။ မိမိကိုယ်ကိုယ် စစ်ဆေးကြလော့။ ယေရှု​ခရစ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူကြောင်း သင်တို့​မသိကြသလော။ စစ်ဆေး​ရာတွင် ကျရှုံး​လျှင်မူ ယေရှု​ခရစ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သင်​တို့​သည်​ယုံ​ကြည်​ခြင်း​၌​တည်​ကြည်​သူ​များ ဟုတ်​မ​ဟုတ် မိ​မိ​တို့​ကိုယ်​ကို​ဆန်း​စစ်​ကြ​လော့။ ဤ သို့​အ​စစ်​အ​ဆေး​ခံ​ရာ​တွင်​အောင်​မြင်​ပါ​မူ သင် တို့​သည်​မိ​မိ​တို့​စိတ်​နှ​လုံး​အ​တွင်း​၌ ခ​ရစ်​တော် ကိန်း​အောင်း​တော်​မူ​ကြောင်း​အ​သေ​အ​ချာ​သိ​ရှိ ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သင် တို့ သည် ယုံ ကြည် ခြင်း တ ရား၌ တည်၊ မ တည် ကိုယ် ကို စုံ စမ်း လျက် စံ ချ ကြ လော့။ စံ တော် မ မှီ သူ များ မ ဟုတ် ခဲ့ လျှင် သင် တို့၌ ယေ ရှု ခ ရစ် တည် တော် မူ ကြောင်း ကိုယ် တိုင် မ သိ ကြ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​သ​လော၊ မ​တည်​လော​ဟု ကိုယ်​ကို​ကိုယ် စစ်​ကြော​ကြ​လော့။ ကိုယ်​ကို​ကိုယ် စုံ​စမ်း​ကြ​လော့။ အ​စစ်​မ​ခံ​နိုင်​သော သူ​မ​မှန်​လျှင်၊ ယေ​ရှု​ခ​ရစ်​သည် သင်​တို့၌ တည်​တော်​မူ​သည်​ဟု ကိုယ်​အ​ကြောင်း​ကို ကိုယ်​မ​သိ​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သင်​တို့​သည် ယုံကြည်​ခြင်း​၌​တည်​နေ​ခြင်း​ရှိ​၊ မ​ရှိ မိမိကိုယ်ကို​စမ်းသပ်​ကြ​လော့။ မိမိကိုယ်ကို​စစ်ဆေး​ကြ​လော့။ သင်​တို့​အထဲ၌ ယေရှု​ခရစ်တော်​ရှိ​ကြောင်း သင်တို့​ကိုယ်တိုင်​မ​သိ​ကြ​သလော၊ သို့မဟုတ် သင်​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​ဖြစ်​လေ​ပြီ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 13:5
50 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ငါ့​ကို ချစ်သောသူ​သည် ငါ့​စကား​ကို လိုက်နာ​လိမ့်မည်။ ငါ့​ခမည်းတော်​သည် ထို​သူ​ကို ချစ်​လိမ့်မည်။ ငါ့​ခမည်းတော်​နှင့် ငါ​သည်လည်း ထို​သူ​ထံသို့ လာ​၍ သူ​နှင့်အတူ နေထိုင်မည်။


ငါ​၌ တည်နေကြလော့။ ငါ​သည်လည်း သင်တို့​၌ တည်နေမည်။ အဘယ်ကြောင့်ဆိုသော် စပျစ်ခက်​သည် အပင်​၌ မတည်​လျှင် အသီး​မသီးနိုင်​သကဲ့သို့ သင်တို့​သည်လည်း ငါ​၌ မတည်​လျှင် အသီး​မသီးနိုင်ကြ။


အကျွန်ုပ်​သည် သူတို့​၌ တည်​၍ ကိုယ်တော်​သည်လည်း အကျွန်ုပ်​၌ တည်တော်မူ၏။ ထိုကဲ့သို့ စုံလင်စွာ​တစ်သားတည်း​ဖြစ်ခြင်း​အားဖြင့် အဖ​သည် အကျွန်ုပ်​ကို စေလွှတ်တော်မူကြောင်း​နှင့် အကျွန်ုပ်​ကို ချစ်တော်မူ​သကဲ့သို့ သူတို့​ကို ချစ်တော်မူကြောင်း​ကို လောကီသားတို့​သိကြပါ​လိမ့်မည်။


ကိုယ်တော်​အကြောင်း​ကို သူတို့​ထံ၌ အကျွန်ုပ်​ဖော်ပြခဲ့ပါပြီ။ ဆက်လက်​၍လည်း ဖော်ပြ​ပါမည်။ သို့မှသာ အကျွန်ုပ်​အပေါ် ထားသော ကိုယ်တော်​၏​ချစ်ခြင်းမေတ္တာ​သည် သူတို့​၌ တည်​၍ အကျွန်ုပ်​သည်လည်း သူတို့​၌ တည်လိမ့်မည်” ဟု တောင်းလျှောက်တော်မူ၏။


ငါ့​အသား​ကို စား​၍ ငါ့​အသွေး​ကို သောက်သောသူ​သည် ငါ့​အထဲ​၌​တည်ရှိ၏။ ငါ​သည်လည်း ထို​သူ့​အထဲ​၌​တည်ရှိ၏။


ကိုယ်တော်​သည် မိမိ​မည်သို့ လုပ်ဆောင်မည်​ကို သိနှင့်တော်မူ​သော်လည်း ဖိလိပ္ပု​ကို စမ်းသပ်​ရန် ထိုသို့ မေးတော်မူခြင်း​ဖြစ်၏။


ထို့ပြင် ဘုရားသခင်​ကို အသိအမှတ်​ပြုခြင်း​သည် မိုက်မဲသည်​ဟု သူတို့​ထင်မှတ်​သောကြောင့် ဘုရားသခင်​သည် သူတို့​ကို ပညာမဲ့​စွာ​တွေးခေါ်ခြင်း​လက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့​သည် မပြုအပ်သော​အမှုတို့​ကို ပြုကြ၏။


ခရစ်တော်​သည် သင်တို့​အထဲ​၌ ရှိတော်မူ​လျှင် သင်တို့​၏ ကိုယ်ခန္ဓာ​သည် အပြစ်​ကြောင့် သေရ​သော်လည်း သင်တို့​၏ ဝိညာဉ်​မှာမူ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရ​သဖြင့် အသက်ရှင်​ရ၏။ အကြောင်းမှာ သင်တို့​သည် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​သောကြောင့် ဖြစ်၏။


သို့ဖြစ်၍ သင်တို့​သည် မုန့်​ကို မစားမီ​နှင့် ခွက်​ကို မသောက်မီ မိမိကိုယ်ကိုယ် ဆင်ခြင်​သုံးသပ်ကြလော့။


သို့သော် ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ် ပိုင်းခြားသိမြင်​လျှင် စီရင်တော်မူခြင်း​ခံရမည်​မဟုတ်ပေ။


သင်တို့​သည် ဘုရားသခင်​၏ ဗိမာန်တော်​ဖြစ်ကြသည်​ကို​လည်းကောင်း၊ ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသည်​ကို​လည်းကောင်း မသိကြသလော။


သင်တို့​၏ ကိုယ်ခန္ဓာ​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​ဖြစ်ကြောင်း​ကို သင်တို့​မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​ကို ယူ​၍ ပြည့်တန်ဆာ​နှင့် ပေါင်းစည်း​ရမည်လော။ ထိုသို့ လုံးဝ မပေါင်းစည်းရ။


သင်တို့​၏ ကိုယ်ခန္ဓာ​သည် ဘုရားသခင်​ထံတော်​မှ သင်တို့​လက်ခံရရှိထားသည့် ဝိညာဉ်တော်​ဟူသော သင်တို့​အထဲ​၌ ကိန်းဝပ်နေသည့် သန့်ရှင်းသော​ဝိညာဉ်တော်​၏ ဗိမာန်​ဖြစ်သည်​ကို မသိကြသလော။ သင်တို့​သည် မိမိကိုယ်ကိုယ် မပိုင်ကြ။


ယုံကြည်သူတို့​သည် တစ်နေ့​တစ်ချိန်​တွင် ဤ​လောက​ကို စီရင်ရမည်​ဖြစ်ကြောင်း သင်တို့​မသိကြသလော။ ဤ​လောက​ကို စီရင်ရမည့် သင်တို့​သည် သေးငယ်သော​အမှုကိစ္စများ​ကို ကိုယ်တိုင်​စီရင်နိုင်စွမ်း​မရှိသလော။


အပြေးပြိုင်ပွဲ​တွင် ပြေးသောသူ​အားလုံး ယှဉ်ပြိုင်ကြ​သော်လည်း တစ်ဦးတည်း​သာ ဆုရသည်​ကို သင်တို့​သိကြသည်​မဟုတ်လော။ သို့ဖြစ်၍ ဆု​ကို ဆွတ်ခူးရရှိ​နိုင်ရန်​အတွက် ပြေးကြလော့။


သူတစ်ပါး​ကို ဟောပြော​ပြီးမှ မိမိ​ကိုယ်တိုင်​က အရည်အချင်း​မပြည့်မီဘဲ​နေမည်​ကို ကျွန်ုပ်​စိုးရွံ့​သောကြောင့် ကျွန်ုပ်​သည် အားကစားသမား​ကဲ့သို့ မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ ထိန်းချုပ်၏။


ဘုရားသခင်​၏ ဗိမာန်တော်​သည် ရုပ်တုတို့​နှင့် မည်သို့ ပတ်သက်​စပ်လျဉ်းမှု​ရှိ​မည်နည်း။ ဘုရားသခင်​က “ငါ​သည် သူတို့​နှင့်အတူ နေထိုင်​၍ သူတို့​ထဲတွင် သွားလာမည်။ ငါ​သည် သူတို့​၏ ဘုရားသခင်​ဖြစ်​၍ သူတို့​သည်လည်း ငါ​၏ လူမျိုး​ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူသည့်​အတိုင်း ကျွန်ုပ်တို့​သည် အသက်ရှင်တော်မူသော​ဘုရားသခင်​၏ ဗိမာန်​ဖြစ်ကြ၏။


ကျွန်ုပ်​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​၌ သတ်ခြင်း​ခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်​သည် အသက်​မရှင်တော့ဘဲ ခရစ်တော်​သာလျှင် ကျွန်ုပ်​ထဲ၌ အသက်ရှင်တော်မူ၏။ ယခု​ကိုယ်ခန္ဓာ​၌ ကျွန်ုပ်​အသက်ရှင်သည်​မှာ ကျွန်ုပ်​ကို ချစ်​၍ ကျွန်ုပ်​အတွက် အသက်ပေးတော်မူသော ဘုရားသခင်​၏ သားတော်​ကို ယုံကြည်ခြင်း​ဖြင့် အသက်ရှင်ခြင်း ဖြစ်၏။


ကျွန်ုပ်​ချစ်သော သားသမီးတို့… သင်တို့​သည် ခရစ်တော်​ကဲ့သို့ ဖြစ်မလာ​မီ အချိန်​ထိ ကျွန်ုပ်​သည် သင်တို့​အတွက် သားဖွားသည့် ဝေဒနာ​ကို ခံစားရ​သကဲ့သို့ ပြန်​၍ ခံစား​လျက် နေရ၏။


လူတိုင်း မိမိ​ဝန်​ကို ထမ်းရမည်​ဖြစ်​သောကြောင့် လူတိုင်း မိမိ​ပြုသော​အမှု​ကို ဆန်းစစ်ပါစေ။ သို့မှသာ မိမိ​ကိုယ်​မိမိ အခြားသူ​နှင့် မနှိုင်းယှဉ်​ဘဲ ကိုယ်တိုင် ပြုသော​အမှုများ​ကြောင့် ဂုဏ်ယူ​ဝင့်ကြွားနိုင်​လိမ့်မည်။


သင်တို့​၏ ယုံကြည်ခြင်း​ကြောင့် ခရစ်တော်​သည် သင်တို့​၏​နှလုံးသား​ထဲ၌ ကိန်းဝပ်တော်မူ​ရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့​သည် မေတ္တာတော်​၌ အမြစ်တွယ်​၍ တည်နေ​သဖြင့်


သို့ရာတွင် သင်တို့​သည် သတင်းကောင်း​ကို ကြားနာ​စဉ်က ရရှိသော မျှော်လင့်ခြင်း​မှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်​လျက် ဆက်​၍ ယုံကြည်ရမည်။ ထို​သတင်းကောင်း​ကို မိုးကောင်းကင်​အောက်​၌ ရှိသော သတ္တဝါ​အားလုံး​ကို ဟောပြောနေသည်​ဖြစ်၍ ကျွန်ုပ်​ပေါလု​သည် ထို​သတင်းကောင်း​ကို ဟောပြောသော အမှုဆောင်​ဖြစ်လာ၏။


ဤ​လျှို့ဝှက်နက်နဲသော​အရာ​၏ ဘုန်းစည်းစိမ်​သည် လူမျိုးခြားတို့​အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိ​စေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤ​လျှို့ဝှက်နက်နဲသော​အရာ​သည် သင်တို့​ထဲ၌ ကိန်းအောင်းတော်မူသည့်​ခရစ်တော်​ပင် ဖြစ်၏။ ခရစ်တော်​ကြောင့် သင်တို့​သည် ဘုရားသခင်​၏ ဘုန်းအသရေ​ကို ရရှိ​ရန် မျှော်လင့်ရ၏။


သူတို့​သည် ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​၌ မှီခိုအားထားခြင်း မရှိ။ ထို​ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော အရွတ်များ​ဖြင့် ဆက်စပ်​၍ အားဖြည့်​လျက် ဘုရားသခင် ကြီးထွား​စေလိုတော်မူသည့်​အတိုင်း ကြီးထွားကြ၏။


ကိုယ်တော်​ထံ၌ အမြစ်တွယ်​၍ တည်ဆောက်​ကာ သင်တို့​သင်ယူခဲ့ရသည့်​အတိုင်း ခိုင်မြဲ​စွာ ယုံကြည်​လျက် ကျေးဇူးတော်​ကို အလွန်​ချီးမွမ်းကြလော့။


သို့သော်လည်း အမျိုးသမီးများ​သည် မိမိတို့​ဣန္ဒြေ​နှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်းတို့​ကို ဆက်လက်​ထိန်းသိမ်းမည်​ဆိုလျှင် သားဖွားရသော​အမှု​ဖြင့် ကယ်တင်ခြင်း​ခံရ​လိမ့်မည်။


ယန္နေ​နှင့် ယံဗြေ​တို့​သည် မောရှေ​ကို ဆန့်ကျင်​သကဲ့သို့ ထို​သူတို့​သည်လည်း သမ္မာတရား​ကို ဆန့်ကျင်ကြ၏။ သူတို့​သည် စိတ်ဓာတ်​ပျက်ပြား​၍ ယုံကြည်ယောင်​ဆောင်သူများ​ဖြစ်ကြ၏။


ဤ​ဆိုရိုးစကား​သည် မှန်ပေ၏။ ထို့ကြောင့် မှန်ကန်သော​သွန်သင်မှု​ကို ခိုင်မာ​စွာ ယုံကြည်​စေရန် သူတို့​အား ပြင်းပြင်းထန်ထန် ဆုံးမ​ရမည်။


သူတို့​သည် ဘုရားသခင်​ကို သိသည်​ဟု ဝန်ခံ​သော်လည်း သူတို့​၏ အပြုအမူ​ဖြင့် ကိုယ်တော်​ကို ငြင်းပယ်ကြ၏။ သူတို့​သည် စက်ဆုပ်​ရွံရှာဖွယ်​ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်​ကောင်းမှု​ကိုမျှ ပြုနိုင်စွမ်း​မရှိသောသူများ ဖြစ်ကြ၏။


အသက်ကြီးသော​အမျိုးသားတို့​အား ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ သိက္ခာ​ရှိသူ၊ မိမိကိုယ်ကိုယ်​ချုပ်တည်းသူ၊ စစ်မှန်သော​ယုံကြည်မှု ချစ်ခြင်းမေတ္တာ သည်းခံမှုတို့​နှင့်​ပြည့်ဝသူ ဖြစ်​ရန် အကြံပေးလော့။


မည်သူ​မျှ ဘုရားသခင်​၏ ကျေးဇူးတော်​ကို မဆုံးရှုံး​စေရန် သတိပြုလော့။ သင်တို့​ကို ဒုက္ခပေး​၍ လူများစွာ​ကို ညစ်ညူးစေမည့် ခါးသီးသော​အမြစ်​ကို မပေါက်ပွား​စေရန် သတိပြုလော့။


ထို့ကြောင့် ဘုရားသခင်​၏​စံမြန်း​နားခိုရာ​သို့ ဝင်ရမည့် ကတိတော်​တည်ဆဲ​ဖြစ်​လျက်နှင့် မည်သူ​တစ်ဦးတစ်ယောက်မျှ ထို​ဝင်ခွင့်​ကို မဆုံးရှုံးမိစေ​ရန် သတိပြုကြစို့။


သို့သော် ဆူးပင်​အမျိုးမျိုး​ကို​သာ ပေါက်ပွားစေ​လျှင် ထို​မြေ​သည် အသုံး​မဝင်ဘဲ ကျိန်ခြင်း​ခံရ​ပြီး အဆုံး​တွင် မီးရှို့​ခံရ​လိမ့်မည်။


သစ္စာ​မရှိသော​သူတို့… လောက​နှင့်​မိတ်သဟာယဖွဲ့ခြင်း​သည် ဘုရားသခင်​နှင့် ရန်ဘက်​ပြုခြင်း​ဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောက​နှင့် မိတ်ဆွေ​ဖြစ်လိုသောသူ​သည် ဘုရားသခင်​၏ ရန်သူ​ဖြစ်၏။


သင်တို့​၏ ယုံကြည်ခြင်း​ကို ခိုင်ခံ့မြဲမြံ​စေ​၍ ထို​မာရ်နတ်​ကို ငြင်းဆန်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ​တစ်ဝန်း​ရှိ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​သည်လည်း ထိုကဲ့သို့သော ဆင်းရဲဒုက္ခ​ကို ခံစားနေရကြောင်း သင်တို့​သိကြ​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် သင်​ကျဆင်းသွားသည့်​အပိုင်း​ကို ဆင်ခြင်လော့။ နောင်တ​ရ​လျက် အစဦး​၌ ပြု​သကဲ့သို့ ပြုလော့။ ထိုသို့​နောင်တ​မရ​ပါက ငါ​သည် သင့်​ထံသို့​လာ​၍ သင့်​ဆီမီးတိုင်​ကို နေရာ​မှ ဖယ်ရှားမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ