Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 1:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 သို့သော် ကျွန်ုပ်တို့​သည် သင်တို့​၏ ယုံကြည်ခြင်း​ကို ချုပ်ကိုင်ထားသည်​ဟူ၍ မဆိုလိုပါ။ ကျွန်ုပ်တို့​သည် သင်တို့ ဝမ်းမြောက်​နိုင်ရန် သင်တို့​နှင့်အတူ လက်တွဲ​လုပ်ဆောင်နေခြင်း​သာ ဖြစ်၏။ သင်တို့​သည်လည်း ယုံကြည်ခြင်း​ဖြင့် ခိုင်မြဲ​စွာ ရပ်တည်နေပြီ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို​ယုံ​ကြည်​ရ မည်​ကို​သင်​တို့​အား​အ​မိန့်​ပေး​ရန်​ငါ​တို့ ကြိုး​စား​နေ​ခြင်း​မ​ဟုတ်။ သင်​တို့​၏​ယုံ​ကြည် ခြင်း​သည်​ခိုင်​မာ​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ ကြ​၏။ ငါ​တို့​သည်​သင်​တို့​၏​ရွှင်​လန်း​ဝမ်း မြောက်​မှု​အ​တွက်​သင်​တို့​နှင့်​အ​တူ​လုပ် ဆောင်​နေ​ခြင်း​သာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ထို သို့ ဆို သော် ယုံ ကြည် ခြင်း တ ရား ၌ တည် နေ သူ သင် တို့ ယုံ ကြည် ခြင်း ကို စိုး မိုး ၍ မ ဟုတ်။ သင် တို့ ရွှင် လန်း ခြင်း ကို ကူ ညီ ထောက် ပံ့ လို ၍ ငါ တို့ ဆို ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ထို​သို့​ဆို​သော်​လည်း၊ ငါ​တို့​သည် သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို အ​စိုး​ရ​သည်​မ​ဟုတ်။ သင်​တို့၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ကို ကူ​မ၍​သာ​ပြု​ကြ၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် သင်​တို့​သည် တည်​နိုင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ငါ​တို့​သည် သင်​တို့​၏​ယုံကြည်​ခြင်း​ကို ချုပ်ကိုင်​ထား​ကြ​သည်​မ​ဟုတ်။ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​အတွက် သင်တို့​နှင့်အတူ​လုပ်ဆောင်​သော​သူ​များ​သာ​ဖြစ်​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ယုံကြည်​ခြင်း​ဖြင့် ရပ်တည်​ကြ​ပြီ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 1:24
16 ပူးပေါင်းရင်းမြစ်များ  

အခြားသော​အစေခံ​ယောက်ျား၊ အစေခံ​မိန်းမတို့​အား ရိုက်နှက်​ကာ သောက်စားမူးယစ်​လျက်​နေလျှင်


ထိုသို့ တွေ့ဆုံကြ​သောအခါ ကျွန်ုပ်​နှင့် သင်တို့​သည် နှစ်ဦး​နှစ်ဖက်လုံး​၌​ရှိသော ယုံကြည်ခြင်း​ကို ဝေမျှ​၍ အပြန်အလှန်​အားပေး​နိုင်မည်​ဖြစ်၏။


မှန်ပေ၏။ သူတို့​သည် ခရစ်တော်​ကို မယုံကြည်​သောကြောင့် ခုတ်ဖြတ်ခြင်း​ခံရ​ပြီး သင်​ကမူ ယုံကြည်​သောကြောင့် တည်နေ၏။ ထို့ကြောင့် မာန​မထောင်လွှားဘဲ ကြောက်ရွံ့လော့။


ကျွန်ုပ်တို့​၏ ယုံကြည်ခြင်း​ကြောင့် ခရစ်တော်​သည် ကျွန်ုပ်တို့​အား ယခု​ကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်​ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​ဘုန်းတော်​ကို မျှဝေ​ခံစား​ရန် မျှော်လင့်​၍ ဂုဏ်ယူ​ဝမ်းမြောက်ကြ၏။


ညီအစ်ကို​မောင်နှမတို့… ယခင်က ကျွန်ုပ်​ဟောပြောခဲ့သော သတင်းကောင်း​ကို သင်တို့​အား ပြန်​၍ သတိရ​စေလို၏။ သင်တို့​သည် ထို​သတင်းကောင်း​ကို ခံယူခဲ့​ပြီး ထို​အပေါ်​၌ မှီခို​အားထားခဲ့ကြ၏။


ထိုသို့ ပြောဆို​ငြင်းခုံ​စရာ​အကြောင်း ဖြစ်ရ​လောက်အောင် အာပေါလု​သည် မည်သူနည်း။ ပေါလု​သည် မည်သူနည်း။ ကျွန်ုပ်တို့​သည် သင်တို့​ယုံကြည်လာကြ​စေရန် သတင်းကောင်း​ကို ဟောပြောသော ထာဝရဘုရား​၏ အစေခံများ​သာ​ဖြစ်ကြ၏။ ကျွန်ုပ်တို့ တစ်ဦးစီ​သည် ကိုယ်တော်​ပေးတော်မူသော တာဝန်​အသီးသီး​ကို ထမ်းဆောင်ကြ၏။


တစ်စုံတစ်ယောက်​က သင်တို့​ကို ကျွန်ခံစေသည်​ဖြစ်စေ၊ ခေါင်းပုံဖြတ်သည်​ဖြစ်စေ၊ အခွင့်ကောင်းယူသည်​ဖြစ်စေ၊ အထင်သေးသည်​ဖြစ်စေ၊ ပါးရိုက်သည်​ဖြစ်စေ သင်တို့​သည် သည်းခံကြ၏။


ကျွန်ုပ်တို့​သည် မိမိတို့​အကြောင်း​ကို ဟောပြောကြသည်​မဟုတ်။ ယေရှု​ခရစ်တော်​သည် သခင်​ဖြစ်ကြောင်း​နှင့် ကျွန်ုပ်တို့​သည် ယေရှု​အတွက် သင်တို့​၏ အစေအပါးများ​ဖြစ်ကြောင်း​ကို ဟောပြောကြခြင်း​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် မြင်ရခြင်း​အားဖြင့် မပြုမူ​မနေထိုင်ဘဲ ယုံကြည်ခြင်း​အားဖြင့် ပြုမူနေထိုင်​သောကြောင့်​ဖြစ်၏။


ထိုသို့ သင်တို့​အား အပ်ထားသော​သူတို့​ကို အုပ်ထိန်း​ရာတွင် အုပ်စိုးခြယ်လှယ်မှု​မပြုဘဲ သိုးစု​ကဲ့သို့သော လူတို့​အတွက် စံနမူနာ​ဖြစ်စေကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ