Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 5:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 သခင်​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​တို့​အတွက် အသေခံခဲ့​သောကြောင့် ကျွန်ုပ်တို့​သည် အသက်ရှင်​ဆဲ​ရှိသည်​ဖြစ်စေ၊ သေလွန်ပြီးသည်​ဖြစ်စေ ထို​သခင်​နှင့်​အတူ အသက်ရှင်ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ချိန်​၌​ငါ​တို့​သည် သေ​လွန်​ပြီး​သည်​ဖြစ်​စေ၊ ရှင်​လျက်​နေ​သည် ဖြစ်​စေ ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​စေ​ရန် ကိုယ်​တော်​သည်​ငါ​တို့​အ​တွက် အ​သက်​တော်​ကို​စွန့်​တော်​မူ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ငါ​တို့​သည် နိုး​လျက်​ရှိ​သည်​ဖြစ်​စေ၊ အိပ်​ပျော်​သည်​ဖြစ်​စေ၊ ထို​သ​ခင်​နှင့်​အ​တူ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ငါ​တို့​အ​ဖို့ အ​သေ​ခံ​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ငါ​တို့​သည် နိုး​နေ​သည်​ဖြစ်စေ၊ အိပ်ပျော်​နေ​သည်​ဖြစ်စေ ကိုယ်တော်​နှင့်​အတူ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် ငါ​တို့​အတွက် အသေခံ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 5:10
21 ပူးပေါင်းရင်းမြစ်များ  

လူသား​ပင်လျှင် သူတစ်ပါး​ကို​စေခိုင်း​ရန် ကြွလာသည်​မဟုတ်။ သူတစ်ပါး​အား အစေခံ​ရန်​နှင့် မိမိ​အသက်​ကို စွန့်​၍ လူများ​အား ရွေးနုတ်​ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။


ငါ​သည် သိုးထိန်းကောင်း​ဖြစ်၏။ သိုးထိန်းကောင်း​သည် သိုးတို့​အတွက် မိမိ​အသက်​ကို စွန့်တတ်၏။


ငါ​သည် အသက်​ကို ပြန်လည်ရယူ​ရန် ကိုယ့်​အသက်​ကို စွန့်​သောကြောင့် ခမည်းတော်​သည် ငါ့​ကို ချစ်တော်မူ၏။


မိမိ​မိတ်ဆွေတို့​အတွက် အသက်ပေး​ချစ်သော ချစ်ခြင်းမေတ္တာ​ထက် သာ​၍ ကြီးမြတ်သော​ချစ်ခြင်းမေတ္တာ​မရှိပေ။


သို့ဖြစ်၍ မည်သူ​သည် ကျွန်ုပ်တို့​ကို အပြစ်​စီရင်မည်နည်း။ ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​အတွက် အသေခံတော်မူသည်​သာမက ရှင်ပြန်​ထမြောက်တော်မူ​၍ ဘုရားသခင်​၏ လက်ယာတော်​ဘက်​၌ ထိုင်​လျက် ကျွန်ုပ်တို့​အတွက် ကြားဝင်​အသနားခံတော်မူ၏။


ကျွန်ုပ်​ကိုယ်တိုင် ခံယူ​ရရှိခဲ့သည့် အရေးကြီးဆုံးသော​အရာ​ကို သင်တို့​အား ကျွန်ုပ်​လက်ဆင့်ကမ်းခဲ့၏။ ထို​အရာ​မှာ ကျမ်းစာ​၌ ဖော်ပြထားသည့်​အတိုင်း ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အပြစ်များ​အတွက် အသေခံတော်မူသည့်​အကြောင်း၊


ထိုသို့ လူအပေါင်းတို့​အတွက် ကိုယ်တော်​အသေခံတော်မူခြင်း​မှာ အသက်ရှင်သောသူတို့​သည် မိမိတို့​ကိုယ်ကျိုး​အတွက် အသက်​မရှင်ဘဲ မိမိတို့​အတွက် အသေခံ​၍ တစ်ဖန်​ရှင်ပြန်ထမြောက်တော်မူသော​အရှင်​အတွက် အသက်ရှင်​ရန် ဖြစ်၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် အပြစ်ကင်းသော​အရှင်​ကို အပြစ်​ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်း​မှာ ထို​အရှင်​အားဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်​ဖြစ်၏။


ခရစ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်တော်မူ​၍ ကျွန်ုပ်တို့​အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သော​ပူဇော်စရာ​ယဇ်​အဖြစ် ဘုရားသခင်​ထံ ဆက်သတော်မူ​သကဲ့သို့ သင်တို့​သည်လည်း မေတ္တာ​ပွား​လျက် ပြုမူနေထိုင်ကြလော့။


ညီအစ်ကို​မောင်နှမတို့… သေလွန်ပြီးသော သူများ​နှင့် ပတ်သက်၍ သင်တို့ မသိဘဲ​မနေစေလိုပါ။ သို့မှသာ မျှော်လင့်ချက်​မဲ့သော မယုံကြည်သူများ ဝမ်းနည်း​သကဲ့သို့ သင်တို့​သည် ဝမ်းနည်း​ရမည်​မဟုတ်။


သခင်ဘုရား​၏ စကားတော်​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ပြောပြ​လို၏။ သခင်ဘုရား​ပြန်လည်​ကြွလာသည့်​တိုင်အောင် ကျန်ရစ်သော ကျွန်ုပ်တို့​သည် သေဆုံးသွား​သူများ​ထက် စော​၍ ခရစ်တော်​ကို တွေ့ဆုံကြမည်​မဟုတ်။


ထို့နောက် သူတို့​နှင့်အတူ အသက်ရှင်​ကျန်ရစ်သည့် ကျွန်ုပ်တို့​သည် အာကာသ​ကောင်းကင်​တွင် သခင်ဘုရား​နှင့် တွေ့ဆုံ​ရန် မိုးတိမ်​ပေါ်သို့ ယူဆောင်ခြင်း​ခံရမည်။ ဤသို့ဖြင့် ကျွန်ုပ်တို့​သည် သခင်ဘုရား​နှင့် ထာဝရ​အတူ နေကြရ​လိမ့်မည်။


ထို့ကြောင့် မယုံကြည်သူ​များ အိပ်ပျော်​သကဲ့သို့ အိပ်ပျော်​မနေဘဲ နိုးကြား​၍ တည်ကြည်​လျက် သတိ​နှင့် စောင့်ကြစို့။


ယေရှု​ခရစ်တော်​သည် လူသား​အားလုံး​ကို ရွေးနုတ်​ရန် အသက်​ပေးတော်မူခဲ့ပြီး ဘုရားသခင်​သည် ထို​အကြောင်း​ကို အချိန်တန်​သောအခါ ဖော်ပြခဲ့ပြီ ဖြစ်၏။


အောက်ပါ​စကား​သည် ယုံကြည်စိတ်ချ​ရသည့်​စကား​ဖြစ်၏။ ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်အတူ သေ​လျှင် ကိုယ်တော်​နှင့်အတူ အသက်ရှင်​လိမ့်မည်။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


ကျွန်ုပ်တို့​သည် အပြစ်​မကျူးလွန်တော့ဘဲ ဖြောင့်မတ်​စွာ ပြုမူနေထိုင်​နိုင်ရန် ကိုယ်တော်​သည် သစ်တိုင်​ပေါ်၌ အသေခံခြင်း​အားဖြင့် ကိုယ်ခန္ဓာတော်​၌ ကျွန်ုပ်တို့​၏​အပြစ်များ​အတွက် ပြစ်ဒဏ်​ခံတော်မူ၏။ ကိုယ်တော်​၏​ဒဏ်ရာဒဏ်ချက်များ​ကြောင့် သင်တို့​သည် အနာ​ပျောက်ကင်းကြ၏။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည်လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်​အပြီး အသေ​ခံတော်မူ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို ဘုရားသခင်​ထံ ပို့ဆောင်​ရန် ဖြောင့်မတ်သော​အရှင်​သည် မဖြောင့်မတ်သောသူတို့​ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာ​အားဖြင့် သေ​သော်လည်း ဝိညာဉ်​အားဖြင့် ပြန်ရှင်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ