Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 4:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ခမည်းတော်​သည် သားတော်​ကို ဤ​လောက​၏​ကယ်တင်ရှင်​ဖြစ်​ရန် စေလွှတ်တော်မူခဲ့သည်​ကို ကျွန်ုပ်တို့​မြင်​၍ သက်သေခံကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ခ​မည်း​တော်​သည်​သား​တော်​အား​လော​က​ကို ကယ်​တင်​ရန်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ငါ တို့​တွေ့​မြင်​ရ​၍​သက်​သေ​ခံ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သား တော် ကို ဤ လော က၏ ကယ် တင် ရှင် အ ဖြစ် ခ မည်း တော် စေ လွှတ် တော် မူ ကြောင်း ဖူး မြင် ခဲ့ သည့် အ တိုင်း သက် သေ ခံ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 လော​ကီ​သား​တို့​ကို ကယ်​တင်​သော​သ​ခင်​ဖြစ်​စေ​ခြင်း​ငှာ၊ ခ​မည်း​တော်​သည် သား​တော်​ကို စေ​လွှတ်​တော်​မူ​သည်​ဟု ငါ​တို့​သည် သိ​မြင်၍ သက်​သေ​ခံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ခမည်းတော်​သည် သား​တော်​ကို လောက​၏​ကယ်တင်ရှင်​အဖြစ် စေလွှတ်​တော်မူ​ခဲ့​သည်​ကို ငါ​တို့​မြင်​၍ သက်သေခံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 4:14
18 ပူးပေါင်းရင်းမြစ်များ  

နှုတ်ကပတ်တော်​သည် လူသား​အဖြစ် ခံယူ​၍ ကျေးဇူးတော်၊ သစ္စာတော်​တို့​နှင့် ပြည့်ဝ​လျက် ကျွန်ုပ်တို့​လူသားများ​အကြား​တွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့​သည်လည်း ထို​အရှင်​၏ ဘုန်းတော်​ကို ဖူးမြင်ကြရ၏။ ထို​ဘုန်းတော်​သည် ခမည်းတော်​၏ တစ်ပါးတည်းသော​သားတော်​အဖြစ် ခံယူရရှိသော​ဘုန်းတော်​ဖြစ်၏။


နောက်​တစ်နေ့​တွင် မိမိ​ထံသို့ ယေရှု​ကြွလာသည်​ကို မြင်​သောအခါ ယောဟန်​က “ဤ​ကမ္ဘာလောက​၏ အပြစ်​ကို ချေဖျက်သော ဘုရားသခင်​၏ သိုးသငယ်တော်​ကို ကြည့်လော့။


ခမည်းတော်​ရွေးချယ်​၍ လောက​သို့ စေလွှတ်ခံရသော ငါ​က ‘ငါ​သည် ဘုရားသခင်​၏ သားတော်​ဖြစ်သည်’ ဟု ပြောဆိုသည်​ကို သင်တို့​က ‘ဘုရားသခင်​ကို စော်ကားသည်’ ဟု ဆိုကြသလော။


ငါ့​စကား​ကို ကြား​၍ မလိုက်နာသောသူ​ကို ငါ​သည် အပြစ်​မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် လောကီသားတို့​ကို တရားစီရင်​ရန် ကြွလာသည်​မဟုတ်။ ကယ်တင်​ရန် ကြွလာ၏။


ငါ​အမှန်​ဆိုရ​လျှင် ငါတို့​သည် မိမိ​သိသော​အရာ​ကို ပြောကြ၏။ မိမိ​မြင်ဖူးသော​အရာ​ကို သက်သေခံကြ၏။ သို့သော်လည်း ငါတို့​၏ သက်သေခံချက်​ကို သင်တို့​သည် လက်မခံကြ။


ထို​အရှင်​သည် မိမိ​မြင်ခဲ့၊ ကြားခဲ့​သမျှ​ကို သက်သေခံ​သော်လည်း ထို​သက်သေ​ကို မည်သူ​မျှ လက်မခံကြ။


ဘုရားသခင်​စေလွှတ်တော်မူသောသူ​သည် ဘုရားသခင်​၏​စကားတော်​ကို ပြောဆိုတတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ထို​သူ​အား ဝိညာဉ်တော်​ကို အကန့်အသတ်​မရှိ ပေးတော်မူ​သောကြောင့် ဖြစ်၏။


ထို​သူတို့​က အမျိုးသမီး​အား “ယခု ငါတို့​ယုံကြည်ကြသည်​မှာ သင့်​စကား​ကြောင့်​မဟုတ်တော့ဘဲ ငါတို့​ကိုယ်တိုင် ကြားနာရ​သောကြောင့်​ဖြစ်၏။ ဤ​အရှင်​သည် ကမ္ဘာလောက​၏​ကယ်တင်ရှင် အမှန်​ဖြစ်ကြောင်း ယခု​ငါတို့​သိရပြီ” ဟု ဆိုကြ၏။


သင်တို့​သည် ကျမ်းစာ​က ထာဝရ​အသက်​ပေးသည်​ဟု ထင်မှတ်​၍ ကျမ်းစာ​ကို လေ့လာတတ်ကြ၏။ ထို​ကျမ်းစာ​ကပင် ငါ့​အကြောင်း သက်သေခံ၏။


သိလ​နှင့် တိမောသေ​တို့​သည် မာကေဒေါနိပြည်​မှ ရောက်လာကြ​သောအခါ ပေါလု​သည် တရားဟောပြောခြင်း​အမှု​ကိုသာ ဆောင်ရွက်​လျက် ယေရှု​သည် ခရစ်တော်​ဖြစ်ကြောင်း​ကို ဂျူးတို့​အား သက်သေခံ​၍ ဟောပြောလေ၏။


သစ္စာရှိသော​ညီအစ်ကို​ဟု ကျွန်ုပ်​မှတ်ယူသော သိလွာနု​၏​အကူအညီ​ဖြင့် သင်တို့​ထံ စာ​ကို အကျဉ်းချုံး​၍ ရေးလိုက်၏။ အကြောင်းအရာ​မှာ သင်တို့​အား တိုက်တွန်း​နှိုးဆော်​ရန်​နှင့် ကျွန်ုပ်​ရေးလိုက်သော​အရာတို့​သည် ဘုရားသခင်​၏ စစ်မှန်သော​ကျေးဇူးတော်​ဖြစ်ကြောင်း သက်သေခံ​ရန်​ဖြစ်၏။ ထို​ကျေးဇူးတော်​တွင် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။


ချစ်ခြင်းမေတ္တာ​ဟူသည်​မှာ ဘုရားသခင်​အပေါ် ထားသော ကျွန်ုပ်တို့​၏ ချစ်ခြင်းမေတ္တာ​ကို မဆိုလို။ ကျွန်ုပ်တို့​၏ အပြစ်​အတွက် အပြစ်ဖြေရာ​ယဇ်​အဖြစ် သားတော်​ကို စေလွှတ်တော်မူ​၍ ကျွန်ုပ်တို့​အပေါ်​ထားသော ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို ဆိုလို၏။


ကျွန်ုပ်တို့​သည် လူ​၏​သက်သေ​ကို လက်ခံကြ၏။ ဘုရားသခင်​၏ သက်သေ​မှာမူ ပို​၍ ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော် ဤ​သက်သေခံချက်​သည် ဘုရားသခင်​၏ သက်သေခံတော်မူချက်​ဖြစ်​၍ မိမိ​သားတော်​နှင့်​ပတ်သက်သော သက်သေခံတော်မူချက်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ