Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ဤသို့ ကျွန်ုပ်​ကြွားဝါသည်​ကို အခါယပြည်​တစ်လျှောက်​၌ မည်သူမျှ တားဆီး​၍ ရမည်​မဟုတ်ကြောင်း ခရစ်တော်​၏ သမ္မာတရား​ကျွန်ုပ်​၌ ရှိသည်​နှင့်အညီ ကျွန်ုပ်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ဤ​သို့​ငါ​ဝါ​ကြွား​သည်​ကို​အ​ခါ​ယ​ပြည်​တစ် လျှောက်​လုံး​တွင်​မည်​သူ​မျှ​ပိတ်​ပင်​၍​ရ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​၌​ရှိ​သော​ခ​ရစ်​တော်​၏​သစ္စာ တ​ရား​တော်​ကို​အ​မှီ​ပြု​၍​ငါ​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ငါ၌ ခ ရစ် တော်၏ သ စ္စာ တော် တည် ရှိ သည့် အ တိုင်း အ ခါ ယ ပြည် နယ် များ တွင် ကား ထို သို့ ဂုဏ် တင် ခွင့် ကို မည် သူ မျှ ကန့် ကွက် ရ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ခ​ရစ်​တော်၏​သ​စ္စာ​တ​ရား​သည် ငါ၌ ရှိ​သည်​ဖြစ်၍၊ အ​ခါ​ယ​ပြည်​များ​တို့၌ ဤ​သို့ ငါ​ဝါ​ကြွား​သည်​အ​မှု​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ခရစ်တော်​၏​သမ္မာတရား​သည် ငါ​၌​ရှိ​သည်​နှင့်အညီ ငါ​၌​ရှိ​သည့် ဤ​ဂုဏ်ယူ​ဝါကြွား​ခြင်း​ကို အခါယ​ပြည်​တစ်လျှောက်​၌ မည်သူမျှ ပိတ်ပင်​၍​ရ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:10
21 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဂါလျန်မင်း​သည် အခါယပြည်​၏​မြို့ဝန်မင်း​ဖြစ်​သောအခါ ဂျူးတို့​သည် ပေါလု​ကို ပူးပေါင်း​ဆန့်ကျင်​၍ တရားခွင်​သို့ ခေါ်ဆောင်သွားကြ၏။


ထို​သူ​သည် အခါယပြည်​သို့ သွားလို​သဖြင့် ယုံကြည်သူများ​က သူ့​အား ခွန်းအားပေး​လျက် ထို​ပြည်​၌​ရှိသော တပည့်တော်တို့သည် သူ့​ကို လက်ခံ​ရန် အမှာစာပို့​ကာ နိုးဆော်ကြ၏။ ထို​ပြည်​သို့ ရောက်​လျှင် ကျေးဇူးတော်​အားဖြင့် ယုံကြည်လာသူတို့​အား များစွာ​အထောက်အပံ့ပေး၏။


သင်တို့​အတွက် ကျွန်ုပ်​အစဉ်မပြတ် ဆုတောင်းပေး​လျက်​ရှိ၏။ ထိုသို့​ဆုတောင်းပေးခြင်း​နှင့်​ပတ်သက်၍ သားတော်​၏​သတင်းကောင်း​ကို ဟောပြော​ကာ စိတ်နှလုံး​အပြည့်အဝ​ဖြင့် ကျွန်ုပ်​အစေခံ​လျက်​ရှိသော ဘုရားသခင်​သည် သက်သေ​ဖြစ်တော်မူ၏။


သူတို့​အိမ်​၌ စုဝေးကြသည့် အသင်းတော်​ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်​တွင် ပထမဦးဆုံး ခရစ်တော်​ကို ယုံကြည်​လက်ခံသူ​ဖြစ်သည့် ကျွန်ုပ်​ချစ်သော ဧပဲနက်​ကို နှုတ်ဆက်ပေးကြလော့။


ကျွန်ုပ်​သည် အလွန်​ဝမ်းနည်း​လျက် စိတ်နှလုံး​ထဲ၌​လည်း ဖြေဆည်​၍ မရနိုင်သော ကြေကွဲခြင်း​ရှိကြောင်း ခရစ်တော်​ကို တိုင်တည်​၍ အမှန်​ကို​ပြော၏။ လိမ်လည်​၍ မပြော။ ထိုသို့ အမှန်​ပြောကြောင်း​ကို သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် လိပ်ပြာသန့်​စွာ အတည်ပြု၏။


ညီအစ်ကို​မောင်နှမတို့… သတေဖနာ​နှင့် သူ​၏ အိမ်သူအိမ်သားတို့​သည် ဂရိပြည်​တွင် ပထမဆုံး ယုံကြည်​သက်ဝင်လာကြသော​သူများ​ဖြစ်ပြီး ယုံကြည်သူများ​ကို အစေခံ​ရန် မိမိတို့ကိုယ်မိမိ ဆက်ကပ်ထားသူများ​ဖြစ်ကြောင်း သင်တို့​သိကြ၏။


ဘုရားသခင်​၏ အလိုတော်​အတိုင်း ယေရှု​ခရစ်တော်​၏ တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရသော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​နှင့် ကျွန်ုပ်တို့​၏​ညီ တိမောသေ​တို့​က ကောရိန္သုမြို့​ရှိ ဘုရားသခင်​၏​အသင်းတော်​နှင့် အခါယပြည်​တစ်ဝန်းလုံး​၌ နေထိုင်သော ယုံကြည်သူ​အားလုံး​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။


ကောရိန္သုမြို့​သို့ ကျွန်ုပ် ပြန်​မလာရခြင်း​အကြောင်းရင်း​မှာ ကျွန်ုပ်​၏ ပြင်းထန်သော​ဆုံးမခြင်း​မှ သင်တို့​ကို လွတ်စေလို​သောကြောင့်​ဖြစ်ကြောင်း ဘုရားသခင်​ကို တိုင်တည်​၍ ကျွန်ုပ်​ပြော၏။


ကျွန်ုပ်တို့​သည် မိမိတို့​၏ လုပ်ဆောင်မှု​အတိုင်းအတာ​ကို ကျော်လွန်​၍ အခြားသူတို့​လုပ်ဆောင်ခဲ့သော​အရာ​အပေါ် မကြွားဝါတတ်။ သင်တို့​၏ ယုံကြည်ခြင်း​အားကြီးလာသည်​နှင့်အမျှ ကျွန်ုပ်တို့​၏ လုပ်ငန်း​နယ်ပယ်​ကို သင်တို့​အကြား ပိုမို​တိုးချဲ့​နိုင်ရန် မျှော်လင့်၏။


သို့ရာတွင် ကျွန်ုပ်တို့​ကဲ့သို့ လုပ်ဆောင်သည်​ဟူသော တန်းတူ​ကြွားဝါခွင့်​ကို ရလိုသော​သူတို့​အား ထို​အခွင့်​ကို မရ​စေရန် ဆက်​၍ သင်တို့​ထံမှ ထောက်ပံ့ငွေ​ကို ကျွန်ုပ်​လက်ခံမည်​မဟုတ်။


ကျွန်ုပ်​လိမ်လည်​၍ မပြောကြောင်း​ကို သခင်​ယေရှု​၏ ခမည်းတော်​ဖြစ်တော်မူသော ထာဝရ​မင်္ဂလာရှိတော်မူသည့်​ဘုရားသခင် သိတော်မူ၏။


ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ကာကွယ်​ပြောဆိုနေကြသည်​ဟု သင်တို့ တစ်ချိန်လုံး​ထင်မှတ်​နေကြသလော။ ကျွန်ုပ်တို့​သည် ခရစ်တော်​ပြောဆို​စေတော်မူလိုသည့်​အတိုင်း ဘုရားသခင် ရှေ့တော်မှောက်​၌ ပြောဆိုကြ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်တို့​လုပ်ဆောင်သမျှ အရာရာတိုင်း​သည် သင်တို့​ကို ဆောက်တည်ပေး​နိုင်ရန်​ဖြစ်၏။


လှူဒါန်း​လိုသော သင်တို့​၏​စေတနာစိတ်​ကို ကျွန်ုပ်​သိ၏။ ထိုသို့​စေတနာစိတ်​ရှိကြောင်း​ကို မာကေဒေါနိပြည်သားတို့​အား “အခါယပြည်​၌​ရှိသော ညီအစ်ကိုတို့​သည် လွန်ခဲ့သော​နှစ်​ကတည်း​ကပင် လှူဒါန်း​ရန် အသင့်​ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွား​စွာ ကျွန်ုပ်​ပြောပြထား၏။ ထိုအခါ သင်တို့​၏ စေတနာစိတ်​သည် သူတို့​အားလုံး​နီးနီး​ကို နှိုးဆော်စေခဲ့၏။


သင်တို့​ထံသို့ ရေးသော​စာ​၌ လိမ်လည်သည့်​အကြောင်းအရာ​မပါကြောင်း ဘုရားသခင်​ကို တိုင်တည်​၍ ကျွန်ုပ်​ပြောဆို​ဝံ့၏။


ကျွန်ုပ်​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​၌ သတ်ခြင်း​ခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်​သည် အသက်​မရှင်တော့ဘဲ ခရစ်တော်​သာလျှင် ကျွန်ုပ်​ထဲ၌ အသက်ရှင်တော်မူ၏။ ယခု​ကိုယ်ခန္ဓာ​၌ ကျွန်ုပ်​အသက်ရှင်သည်​မှာ ကျွန်ုပ်​ကို ချစ်​၍ ကျွန်ုပ်​အတွက် အသက်ပေးတော်မူသော ဘုရားသခင်​၏ သားတော်​ကို ယုံကြည်ခြင်း​ဖြင့် အသက်ရှင်ခြင်း ဖြစ်၏။


ယုံကြည်သော သင်တို့​နှင့် ဆက်ဆံ​ရာတွင် ကျွန်ုပ်တို့​သည် မည်သို့​သန့်ရှင်း ဖြောင့်မတ်​ပြီး အပြစ်ဆိုဖွယ်​မရှိသူများ​ဖြစ်ကြောင်း​ကို သင်တို့​နှင့် ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ သက်သေများ​ဖြစ်၏။


သင်တို့​သိသည့်​အတိုင်း ကျွန်ုပ်တို့​သည် မြှောက်ပင့်သော​စကား​ဖြင့် တစ်ခါမျှ မပြောဆိုကြောင်း၊ လောဘ​စိတ်​ဖြင့် ဟန်မဆောင်ကြောင်း ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ သက်သေ​ဖြစ်၏။


ထို့ကြောင့် လူမျိုးခြားတို့​ကို ယုံကြည်ခြင်း​နှင့် သမ္မာတရား​အကြောင်း သင်ကြား​ရန် ကျွန်ုပ်​သည် တရားဟောဆရာ​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်​သည် မလိမ်ညာဘဲ အမှန်​အတိုင်း​သာ ပြောဆိုခြင်း​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ