၂ ကော 10:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ကျွန်ုပ်တို့သည် လောကီသားများအဖြစ် ပြုမူနေထိုင်သော်လည်း လောကီသားများက မိမိတို့၏ ရန်ဘက်များကို ဆန့်ကျင်တိုက်ခိုက်သကဲ့သို့ ကျွန်ုပ်တို့မတိုက်ခိုက်။ အခန်းကိုကြည့်ပါ။Common Language Bible3 ငါတို့သည်ဤလောက၌အသက်ရှင်နေ ထိုင်လျက်ရှိကြသည်မှန်သော်လည်း လောကီ အကျိုးကိုမျှော်ကိုး၍တိုက်ပွဲဝင်နေကြ သည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible3 ငါ တို့ သည် ရုပ် ခ န္ဓာ၌ ကျင့် ကြံ သော် လည်း ရုပ် ခ န္ဓာ အ လျောက် တိုက် လှန် ကြ သည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible3 အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိ အလိုသို့လိုက်၍ စစ်တိုက်ကြသည်မဟုတ်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အဘယ်ကြောင့်ဆိုသော် ငါတို့သည် သွေးသားဇာတိ၌ အသက်ရှင်လျှောက်လှမ်းကြသည်မှန်သော်လည်း သွေးသားဇာတိအလိုသို့လိုက်၍ တိုက်ပွဲဝင်ကြသည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။