Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 3:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ဘုရားသခင်​သည် လောကီသားတို့​ကို အလွန်​ချစ်​သောကြောင့် မိမိ​၏​တစ်ပါးတည်းသော​သားတော်​ကို စွန့်တော်မူ၏။ ထိုသို့​စွန့်တော်မူခြင်း​မှာ သားတော်​ကို ယုံကြည်သောသူ​တိုင်း မပျက်စီးဘဲ ထာဝရ​အသက်​ကို ရရှိ​စေရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ဘု​ရား​သ​ခင်​သည်​လော​က​သား​တို့​ကို​လွန်​စွာ ချစ်​တော်​မူ​သ​ဖြင့် သား​တော်​အား​ယုံ​ကြည်​သူ အ​ပေါင်း​တို့​သည်​ပျက်​စီး​ဆုံး​ပါး​ခြင်း​မ​ရှိ ဘဲ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ မိ​မိ ၏​တစ်​ပါး​တည်း​သော​သား​တော်​ကို​စွန့်​တော် မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ဘုရားသခင်သည် သားတော်ကိုယုံကြည်သူတိုင်းမပျက်စီးဘဲ ထာဝရအသက်ရစေခြင်းငှာ၊ ဧကပုတ္တသားတော်ကိုအပ်ပေးသည့်တိုင်အောင် ဤလောကသားတို့အား မေတ္တာသက်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို စွန့်​တော်မူ​သည့်​တိုင်အောင် လောကီသား​တို့​ကို​ချစ်​တော်မူ​၏။ ဤသည်ကား သား​တော်​ကို​ယုံကြည်​သော​သူ​တိုင်း မ​ပျက်စီး​ဘဲ ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

16 ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 3:16
28 ပူးပေါင်းရင်းမြစ်များ  

‘ယဇ်ပူဇော်ခြင်း​ထက် သနားကြင်နာတတ်ခြင်း​ကို ငါ​ပို၍​အလိုရှိ၏’ ဟူသည့် ကျမ်းစကား​ကို သင်တို့ သွား​၍ သင်ယူကြလော့။ ဖြောင့်မတ်သောသူတို့​ကို နောင်တရ​စေရန်​အတွက် ငါ​လာ​၍ ခေါ်သည်​မဟုတ်။ အပြစ်သားများ​ကို နောင်တရ​စေရန်​အတွက် လာ​၍ ခေါ်သည်” ဟု မိန့်တော်မူ၏။


ဤသို့ဖြင့် စပျစ်ခြံပိုင်ရှင်​၌ ချစ်လှစွာသော​သား တစ်ဦးတည်း​သာ ကျန်လေ၏။ နောက်ဆုံး​တွင် စပျစ်ခြံပိုင်ရှင်​က ‘ငါ့​သား​ကိုမူ သူတို့​လေးစားကြ​လိမ့်မည်’ ဟု တွေး​လျက် မိမိ​သား​ကို စေလွှတ်လိုက်၏။


“အမြင့်ဆုံးသော​ကောင်းကင်ဘုံ​၌ ရှိတော်မူသော​ဘုရားသခင်​သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီး​ပေါ်​၌ ဘုရားသခင်​နှစ်သက်တော်မူသော သူတို့​အပေါ်​တွင် ငြိမ်းချမ်းခြင်း​ရှိပါစေ” ဟု ဆိုကြ၏။


နှုတ်ကပတ်တော်​သည် လူသား​အဖြစ် ခံယူ​၍ ကျေးဇူးတော်၊ သစ္စာတော်​တို့​နှင့် ပြည့်ဝ​လျက် ကျွန်ုပ်တို့​လူသားများ​အကြား​တွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့​သည်လည်း ထို​အရှင်​၏ ဘုန်းတော်​ကို ဖူးမြင်ကြရ၏။ ထို​ဘုန်းတော်​သည် ခမည်းတော်​၏ တစ်ပါးတည်းသော​သားတော်​အဖြစ် ခံယူရရှိသော​ဘုန်းတော်​ဖြစ်၏။


ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်​၏ ရင်ခွင်တော်​၌ ရှိသည့် တစ်ပါးတည်းသော​သားတော်​သည် ဘုရားသခင်​ကို ကျွန်ုပ်တို့​သိမြင်​နိုင်ရန် ဖော်ပြတော်မူပြီ။


နောက်​တစ်နေ့​တွင် မိမိ​ထံသို့ ယေရှု​ကြွလာသည်​ကို မြင်​သောအခါ ယောဟန်​က “ဤ​ကမ္ဘာလောက​၏ အပြစ်​ကို ချေဖျက်သော ဘုရားသခင်​၏ သိုးသငယ်တော်​ကို ကြည့်လော့။


သူတို့​အား ထာဝရ​အသက်​ကို ငါ​ပေး​သဖြင့် သူတို့​သည် သေခြင်း​နှင့်​ကင်းလွတ်ကြ​လိမ့်မည်။ မည်သူ​မျှ သူတို့​ကို ငါ့​လက်​မှ လုယူသွားနိုင်မည်​မဟုတ်။


ဤသို့​ပြုရခြင်း​သည် လူသား​ကို ယုံကြည်သောသူ​တိုင်း ထာဝရ​အသက်​ရရှိ​စေရန်​ဖြစ်၏။


သားတော်​ကို ယုံကြည်သော​သူ​သည် အပြစ်စီရင်ခြင်း​မခံရ။ မယုံကြည်သော​သူ​မှာမူ ဘုရားသခင်​၏ တစ်ပါးတည်းသော​သားတော်​ကို မယုံကြည်​သောကြောင့် ယခု​ပင် အပြစ်စီရင်ခြင်း​ခံရပြီ။


သားတော်​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ သားတော်​၏​စကား​ကို နားမထောင်သော​သူ​မှာမူ ထာဝရ​အသက်​ကို မရဘဲ ဘုရားသခင်​၏ အမျက်တော်​သည်​သာ ထို​သူ​အပေါ်​၌ တည်နေမည်​ဖြစ်၏” ဟု ဟောလေ၏။


သို့ဖြစ်၍ သားတော်​ကို မြင်​၍ ယုံကြည်သောသူ​အပေါင်းတို့​သည် ထာဝရ​အသက်​ကို ရ​စေရန် ငါ့​ခမည်းတော်​အလိုရှိ၏။ ငါ​သည်လည်း ထို​သူတို့​ကို နောက်ဆုံးသော​နေ့​၌ သေရာ​မှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။


ဘုရားသခင်​၏ ရန်သူ​ဖြစ်​စဉ်​ကပင် ဘုရားသခင်​၏ သားတော်​အသေခံတော်မူခြင်း​အားဖြင့် ဘုရားသခင်​နှင့် ပြန်လည်​သင့်မြတ်ခွင့်​ကို ကျွန်ုပ်တို့​ရရှိ​လျှင် ပြန်လည်​သင့်မြတ်ခွင့်​ကို ရရှိပြီးသော ကျွန်ုပ်တို့​သည် သားတော်​အသက်ရှင်ခြင်း​အားဖြင့် ပို၍​ပင် ကယ်တင်ခြင်း​ခံရ​လိမ့်မည်။


သို့သော် ကျွန်ုပ်တို့ အပြစ်သားများ​ဖြစ်နေ​စဉ်​ကပင် ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် ခရစ်တော်​ကို အသေခံ​ရန် စေလွှတ်တော်မူခြင်း​အားဖြင့် သူ​၏ ချစ်ခြင်းမေတ္တာ​ကို ကျွန်ုပ်တို့​အား သက်သေပြတော်မူ၏။


ကျွန်ုပ်တို့​အားလုံး​အတွက် မိမိ​သားတော်​ရင်း​ကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်​သည် ထို​သားတော်​နှင့်တကွ ရှိသမျှ​အရာခပ်သိမ်း​ကိုလည်း ကျွန်ုပ်တို့​အား မပေးဘဲ နေတော်မူမည်လော။


သို့သော် ကရုဏာတော် ကြွယ်ဝသော ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို အလွန် ချစ်တော်မူ​သဖြင့်


ကျွန်ုပ်တို့​ကို ချစ်​၍ ကျေးဇူးတော်​ဖြင့် ထာဝရ​နှစ်သိမ့်ခြင်း​နှင့် ခိုင်မြဲသော​မျှော်လင့်ခြင်းတို့​ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖ​ဘုရားသခင်​နှင့် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည်


သို့သော် ကျွန်ုပ်တို့​၏ ကယ်တင်ရှင်​ဘုရားသခင်​၏ ကျေးဇူးပြုခြင်း​နှင့် ချစ်ခြင်းမေတ္တာ ပေါ်လွင်ထင်ရှား​လာ​သောအခါ


သို့သော် ဘုရားသခင်​၏​ကျေးဇူးတော်​အားဖြင့် ယေရှု​ခရစ်တော်​သည် လောကီသားများ​အတွက် အသက်စွန့်​နိုင်ရန် ကောင်းကင်တမန်များ​ထက် ယာယီ​နိမ့်ကျစေခြင်း​ကို ခံ​၍ အသေခံရ​သောကြောင့် ဘုန်းအသရေ​နှင့် ဂုဏ်အသရေတို့​ဖြင့် ချီးမြှောက်ခံရကြောင်း ကျွန်ုပ်တို့​မြင်ကြရ၏။


ခမည်းတော်​သည် ကျွန်ုပ်တို့​ကို မည်မျှ​ချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့​သည် “ဘုရားသခင်​၏​သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့​သည် အမှန်ပင် ဘုရားသခင်​၏ သားသမီးများ​ဖြစ်ကြ၏။ လောကီသားတို့​သည် ဘုရားသခင်​ကို မသိ​သောကြောင့် ကျွန်ုပ်တို့​ကိုလည်း မသိကြ။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ဦးစွာ ချစ်တော်မူ​သောကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ကို ချစ်ကြ၏။


ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်​ပါစေသော။ ယေရှု​ခရစ်တော်​သည် သစ္စာရှိသော​သက်သေခံ၊ သေခြင်း​မှ အဦးဆုံး​ထမြောက်သောသူ၊ လောကီ​ဘုရင်တို့​၏​မင်း ဖြစ်တော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်​၍ အသေခံတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အပြစ်များ​မှ လွတ်မြောက်စေတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ