သင်တို့သည်လည်း အပြင်ပန်းအားဖြင့် ဖြောင့်မတ်ဟန်ရှိ၏။ သို့သော်လည်း အတွင်းတွင် သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် တရားမဲ့ခြင်းတို့ဖြင့် ပြည့်လျက်ရှိ၏။
ယာကုပ် 3:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဉာဏ်ပညာသည် ပထမဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှုကို မြတ်နိုး၏။ ထောက်ထားညှာတာတတ်၏။ သဟဇာတဖြစ်တတ်၏။ ကရုဏာတရားနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်စုံ၏။ မျက်နှာမလိုက်တတ်။ ဟန်ဆောင်မှုကင်း၏။ Common Language Bible သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။- Garrad Bible အ ထက် မှ ဆင်း သက် သော ဉာဏ် ပ ညာ မူ ကား ဦး စွာ သန့် စင်၍ နောက် သင့် တင့် နူး ညံ့ လိုက် နာ လျက် မျက် နှာ ရွေး ခြင်း၊ ဟန် ဆောင် ခြင်း မဲ့ လျက် က ရု ဏာ နှင့် လည်း ကောင်း၊ ကောင်း ကျိုး များ နှင့် လည်း ကောင်း ပြည့် စုံ ၏။ Judson Bible အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတစ်ပါး၊ အသင့်အတင့်နေတတ်၏။ ဖြည်းညင်းသောသဘော ရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးနှင့်လည်းကောင်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့် ကင်းစင်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် အထက်အရပ်မှလာသောဉာဏ်ပညာသည် ပထမဦးစွာ သန့်ရှင်းစင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ညင်သာသောသဘောနှင့် ပျော့ပျောင်းသောသဘောရှိ၍ ကရုဏာနှင့်ကောင်းမြတ်သောအသီးအပွင့်တို့ဖြင့်ပြည့်စုံကာ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းတို့နှင့် ကင်းစင်၏။ |
သင်တို့သည်လည်း အပြင်ပန်းအားဖြင့် ဖြောင့်မတ်ဟန်ရှိ၏။ သို့သော်လည်း အတွင်းတွင် သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် တရားမဲ့ခြင်းတို့ဖြင့် ပြည့်လျက်ရှိ၏။
စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်ကို တွေ့မြင်ကြရမည်ဖြစ်သောကြောင့်ပင်။
ခိုက်ရန်ဖြစ်ခြင်းကို ပြေငြိမ်းစေသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများဟု ခေါ်ခံကြရမည်ဖြစ်သောကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူအပေါင်းတို့က သင်တို့ကို ဆန့်ကျင်ငြင်းဆို၍ မရနိုင်အောင် ပြောဆိုရမည့်စကားနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်ဖြစ်သောကြောင့်ပင်။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
မိမိထံသို့ နာသနေလချဉ်းကပ်လာသည်ကို မြင်တော်မူသောအခါ ယေရှုက “ရိုးသားလှသော အစ္စရေးအမျိုးသားစစ်စစ်ကို ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
ဗာနဗသည် သူတော်ကောင်းဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့် ယုံကြည်ခြင်းတို့ဖြင့် ပြည့်ဝသောသူဖြစ်၏။ ထို့ကြောင့် မြောက်မြားစွာသောလူတို့သည် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။
ယုပ္ပေမြို့တွင် ဂရိဘာသာစကားအားဖြင့် ဒေါ်ကာဟု ခေါ်သော၊ တဗိသအမည်ရှိသည့် တပည့်တော်မတစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အကျင့်သီလကောင်း၍ အလှူအတန်းရက်ရောသူဖြစ်၏။
သူတစ်ပါးကို ချစ်ခင်ဟန် မဆောင်နှင့်။ စစ်မှန်စွာ ချစ်လော့။ မကောင်းမှုကို မုန်းတီး၍ ကောင်းမှုကို စွဲလမ်းကြလော့။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ကောင်းခြင်းနှင့် ပြည့်စုံ၍ အသိပညာကြွယ်သဖြင့် အချင်းချင်း ပဲ့ပြင်သွန်သင်နိုင်စွမ်းရှိသည်ကို ကျွန်ုပ် အပြည့်အဝယုံကြည်၏။
ဝိညာဉ်တော်သည် လူတစ်ယောက်အား ဉာဏ်ပညာစကားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်တစ်ပါးတည်းကပင် အခြားသူတစ်ယောက်အား အသိပညာစကားကို ပေးတော်မူ၏။
သင်တို့နှင့် လူချင်းတွေ့သောအခါ မဝံ့မရဲဖြစ်၍ အဝေးတွင် ရှိသောအခါ ရဲဝံ့ပြတ်သားသည်ဟု သင်တို့မှတ်ယူသော ကျွန်ုပ်ပေါလုသည် ခရစ်တော်၏ နှိမ့်ချမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ဖြင့် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။
ဖြူစင်ခြင်း၊ အသိပညာရှိခြင်း၊ စိတ်ရှည်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို နာခံခြင်း၊ စစ်မှန်သောချစ်ခြင်းမေတ္တာရှိခြင်း၊
ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သည့်အရာများ ဖြစ်ပေါ်စေသည်ကို ကြည့်လော့။ မှန်သောအရာကို လုပ်ဆောင်ရန် ကြိုးစားအားထုတ်ကြလေပြီ။ အပြစ်ကင်းကြောင်း ချေပလိုကြလေပြီ။ မိမိတို့၏အပြစ်အတွက် ယူကျုံးမရဖြစ်ကြလေပြီ။ အလွန်ကြောက်ရွံ့ကြလေပြီ။ အလွန်တောင့်တကြလေပြီ။ အလွန်စိတ်အားထက်သန်ကြလေပြီ။ အပြစ်ရှိသူအား ပြစ်ဒဏ်ပေးရန် အသင့်ဖြစ်ကြလေပြီ။ ဤအမှု၌ သင်တို့သည် မိမိကိုယ်ကိုယ် အပြစ်ကင်းကြောင်း အဘက်ဘက်မှ ပြသကြပြီဖြစ်၏။
မျိုးကြဲသူအတွက် မျိုးစေ့နှင့် စားစရာ အစာကို ပေးတော်မူသောအရှင်သည် သင်တို့အတွက် မျိုးစေ့ကို ပေး၍ ပွားများစေတော်မူလိမ့်မည်။ သင်တို့၏ ဖြောင့်မတ်ခြင်းမှ ထွက်သော အသီးအပွင့်များကိုလည်း တိုးပွားစေတော်မူလိမ့်မည်။
အလင်း၏အသီးအပွင့်သည် အမျိုးမျိုးသော ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်းတို့ ဖြစ်ကြ၏။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… မှန်ကန်သောအရာ၊ ဂုဏ်သရေရှိသောအရာ၊ ဖြောင့်မတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ကောင်းမြတ်၍ ချီးမွမ်းဖွယ်ဖြစ်သည့် နှစ်လိုဖွယ်ကောင်းသောအရာ ဟူသမျှတို့ကို နှလုံးသွင်းကြလော့။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
နို့တိုက်မိခင်သည် မိမိသားသမီးများကို ပြုစုစောင့်ရှောက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း သင်တို့ကို ကြင်နာယုယစွာ ပြုစုခဲ့ကြ၏။
မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ ဤညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့် ယေရှုခရစ်တော်တို့ ရှေ့၌လည်းကောင်း၊ ရွေးကောက်တော်မူသောကောင်းကင်တမန်တို့ရှေ့၌လည်းကောင်း သင့်ကို ကျွန်ုပ်အလေးအနက် ညွှန်ကြားလို၏။
သခင်ဘုရား၏ အစေအပါးသည် ခိုက်ရန်မဖြစ်ဘဲ လူအပေါင်းတို့အပေါ် နူးညံ့သိမ်မွေ့စွာ ဆက်ဆံတတ်ပြီး သင်ကြားပေးတတ်သူ၊ သည်းခံနိုင်စွမ်းရှိသူ ဖြစ်ရမည်။
နှလုံးသားဖြူစင်သူတို့အတွက် အရာအားလုံးသည် စင်ကြယ်၏။ သို့သော် ညစ်ညူး၍ ခရစ်တော်ကို မယုံကြည်သူတို့အတွက် မည်သည့်အရာမျှ မစင်ကြယ်။ သူတို့၏ အတွေးအခေါ်နှင့် အသိစိတ်တို့သည် ညစ်ညူး၏။
သူတို့သည် မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်း မပြုဘဲ လူတိုင်းအပေါ် ထောက်ထားညှာတာသော စိတ်နှင့် နူးညံ့သိမ်မွေ့စွာ ဆက်ဆံရမည်။
ဆုံးမခြင်းသည် ခံရစဉ်တွင် ဝမ်းမြောက်စရာဟု မထင်မှတ်ဘဲ နာကျင်စရာဟု ထင်မှတ်ရ၏။ သို့သော်လည်း ထိုဆုံးမခြင်းအားဖြင့် လေ့ကျင့်ပေးခြင်းခံရသူများသည် နောက်မှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ငြိမ်းချမ်းခြင်းအကျိုးကျေးဇူးကို ခံစားရလိမ့်မည်။
လူတိုင်းနှင့် သဟဇာတဖြစ်ရန်၊ သန့်ရှင်းသောဘဝနှင့်နေထိုင်ရန် အစွမ်းကုန်ကြိုးစားလော့။ မသန့်ရှင်းသောသူတို့သည် ထာဝရဘုရားကို ဖူးမြင်ရမည်မဟုတ်။
ကောင်းမြတ်သောဆုကျေးဇူးနှင့် ပြီးပြည့်စုံသောလက်ဆောင်များ အားလုံးသည် ကောင်းကင်အလင်များကို ဖန်ဆင်းသော အဖဘုရားသခင်ထံမှ ရောက်လာသည်ဖြစ်၍ အထက်အရပ်မှ ဖြစ်ကြ၏။ ကိုယ်တော်သည် ရွေ့လျားတတ်သောအရိပ်များကဲ့သို့ ပြောင်းလဲတော်မမူ။
သင်တို့တွင် တစ်စုံတစ်ယောက်သည် ဉာဏ်ပညာကို လိုအပ်လျှင် ဘုရားသခင်ထံ တောင်းစေ။ ကဲ့ရဲ့ပြစ်တင်တော်မမူဘဲ ရက်ရောစွာ ပေးတော်မူသော ဘုရားသခင်သည် ထိုသူအား ဉာဏ်ပညာကို ပေးတော်မူလိမ့်မည်။
ကရုဏာကင်းမဲ့သောသူသည် ကရုဏာကင်းမဲ့စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာထားသောသူသည် ဘုရားသခင်တရားစီရင်မည့်နေ့တွင် ကြောက်ရွံ့နေရန် မလိုပေ။
သင်တို့သည် အချင်းချင်း ခွဲခြားဆက်ဆံလျက် မကောင်းသော အကြံအစည်ဖြင့် တရားစီရင်သောသူများ ဖြစ်ကြသည် မဟုတ်လော။
ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည်မဟုတ်။ လောက၊ လူ့ဗီဇနှင့် နတ်ဆိုးတို့ထံမှ လာ၏။
ဘုရားသခင်ထံသို့ ချဉ်းကပ်လော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်တို့ထံသို့ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့… သင်တို့လက်ကို ဆေးကြောကြလော့။ စိတ်နှစ်ခွရှိသောသူတို့… သင်တို့၏စိတ်နှလုံးသားကို သန့်ရှင်းစေကြလော့။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
ထို့ကြောင့် အမျိုးမျိုးသော မလိုမုန်းထားဖြစ်ခြင်းမှစ၍ ရှိသမျှသောလှည့်စားခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်းအားလုံးတို့ကို ဖယ်ရှားကြလော့။
အစေခံတို့… သင်တို့သည် စိတ်ထားကောင်း၍ ထောက်ထားညှာတာတတ်သောသခင်တို့ကိုသာမက ရက်စက်ကြမ်းကြုတ်သောသခင်တို့ကိုလည်း အစဉ်ရိုသေလျက် နာခံကြလော့။
ကိုယ်တော်အပေါ် ဤမျှော်လင့်ချက်ရှိသောသူအပေါင်းတို့သည် ကိုယ်တော် သန့်ရှင်းစင်ကြယ်တော်မူသည့်နည်းတူ မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေကြ၏။