Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 5:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း​မရှိဘဲ ဤ​ညွှန်ကြားချက်များ​ကို လိုက်နာဆောင်ရွက်​ရန် ဘုရားသခင်​နှင့် ယေရှု​ခရစ်တော်​တို့ ရှေ့၌​လည်းကောင်း၊ ရွေးကောက်တော်မူသော​ကောင်းကင်တမန်တို့​ရှေ့၌​လည်းကောင်း သင့်​ကို ကျွန်ုပ်​အလေးအနက် ညွှန်ကြားလို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ဤ​ညွှန်​ကြား​ချက်​များ​ကို​လိုက်​နာ​ဆောင်​ရွက်​ရန် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော် ၌​လည်း​ကောင်း၊ သန့်​ရှင်း​မြင့်​မြတ်​သော​ကောင်း​ကင် တ​မန်​များ​ရှေ့​၌​လည်း​ကောင်း​သင့်​အား​ငါ​သစ္စာ ပေး​၏။ သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ကြို​တင် စီ​ရင်​ဆုံး​ဖြတ်​မှု​နှင့်​ဘက်​လိုက်​မှု​ကို​မ​ပြု​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ဘု ရား သ ခင် မှ စ၍ ခ ရစ် တော် ယေ ရှု နှင့် လက် ရွေး စေ တ မန် တော် တို့ ရှေ့ ငါ သ တိ ပေး သည် မှာ၊ မည် သည် ကို မျှ ထင် မြင် ရာ မ စီ ရင် ဘဲ ငဲ့ ကွက် ခြင်း ကင်း လျက် ဤ မှာ ထား ချက် များ ကို စောင့် ရှောက် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ရှေ့​မ​ဆွ​က​မ​စီ​ရင်၊ ငဲ့​ကွက်​သော​စိတ်​နှင့် အ​လျှင်း​မ​ပြု​ဘဲ၊ ဤ​ပ​ညတ်​များ​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ရှေ့​မှာ​လည်း​ကောင်း၊ ရွေး​ကောက်​တော်​မူ​သော ကောင်း​ကင်​တ​မန်​တို့ ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သင်​သည် ဤ​အရာ​တို့​ကို ခွဲခြား​ခြင်း​မ​ရှိ​ဘဲ စောင့်ရှောက်​၍ မည်သည့်​အရာ​ကို​မျှ ဘက်လိုက်​ခြင်း​မ​ရှိ​ဘဲ​ပြုမူ​ရန် ဘုရားသခင်​နှင့် ခရစ်တော်​ယေရှု​မှစ၍ ရွေးကောက်​ခံရ​သော​ကောင်းကင်​တမန်​တို့​ရှေ့​၌ ငါ​အလေးအနက်​တိုက်တွန်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:21
25 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


ထို့နောက် ရှင်ဘုရင်​က လက်ဝဲတော်ဘက်​၌ ရှိသော​သူတို့​အား ‘ကျိန်ဆဲခြင်း​ခံရသော​သူတို့… ငါ့​ထံမှ ထွက်သွားကြလော့။ မာရ်နတ်​နှင့် သူ​၏ နတ်ဆိုးများ​အတွက် ပြင်ဆင်ထားသော​ထာဝရ​မီး​ထဲသို့ သွားကြလော့။


သင်တို့​အား ငါ​ပေးသမျှသော ပညတ်တော်​အားလုံး​ကို သူတို့​အား သွန်သင်လော့။ ငါ​သည်လည်း ကမ္ဘာ​ကုန်ဆုံးသည့်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲ​ခရစ်ဝင်ကျမ်း​ပြီးပါပြီ။


ထို​သူလျှိုတို့​က ယေရှု​အား “ဆရာတော်… ဆရာတော်​သည် မှန်ကန်​စွာ ပြောဆို၊ သွန်သင်တတ်၏။ မည်သူ့​ကိုမျှ မျက်နှာ​မလိုက်ဘဲ ဘုရားသခင်​၏​တရားလမ်း​အား မှန်ကန်​စွာ သွန်သင်တတ်သည်​ကို အကျွန်ုပ်တို့​သိကြပါ၏။


တစ်စုံတစ်ဦး​သည် ငါ​နှင့် ငါ့​စကား​အတွက် ရှက်​လျှင် လူသား​သည် မိမိ​ဘုန်းအသရေ၊ ခမည်းတော်​၏​ဘုန်းအသရေ၊ သန့်ရှင်းသော​ကောင်းကင်တမန်များ​၏​ဘုန်းအသရေ​နှင့် ကြွလာ​သောအခါ ထို​သူ​အတွက် ရှက်တော်မူမည်။


ထို့ကြောင့် ယခု​မှစ၍ ကျွန်ုပ်တို့​သည် မည်သူ့​ကိုမျှ လောကီ​ရှုထောင့်​မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့​သည် ခရစ်တော်​ကို လောကီ​ရှုထောင့်​မှ အကဲဖြတ်ခဲ့ကြ​သော်လည်း ယခု​တွင်မူ ထိုသို့​အကဲမဖြတ်ကြတော့ပေ။


ဤ​စာ​ကို ညီအစ်ကို​မောင်နှမ​အားလုံး​ရှေ့​တွင် ဖတ်​ရန် သခင်ဘုရား​ထံ တိုင်တည်​၍ သင်တို့​ကို လေးနက်​စွာ အမိန့်ပေး၏။


အရာ​အားလုံး​ကို​အသက်ရှင်​စေတော်မူသည့်​ဘုရားသခင်​၏ ရှေ့တော်​၌​လည်းကောင်း၊ ပုန္တိပိလတ်မင်း​၏ ရှေ့​၌ ကောင်းသော​ဝန်ခံချက်​ဖြင့် သက်သေခံတော်မူသော ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း တိုင်တည်​၍ ကျွန်ုပ် သင့်​ကို ညွှန်ကြားလိုက်၏။


ဤ​အကြောင်းအရာများ​ကို သူတို့​အား သတိပေးလော့။ အကျိုး​မရှိဘဲ ကြားရသော​သူတို့​ကို ပျက်စီး​စေတတ်သော စကားလုံး​အသုံးအနှုန်း​အတွက် မငြင်းခုံကြ​ရန် ဘုရားသခင်​ရှေ့တော်​၌ အလေးအနက် ညွှန်ကြားလော့။


နိုင်ငံတော်​တည်ထောင်​ရန် ကြွလာပြီး အသက်ရှင်သောသူ​နှင့် သေသောသူတို့​ကို တရားစီရင်မည့်​ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း၊ ဘုရားသခင်​ရှေ့တော်​၌​လည်းကောင်း သင့်​အား ကျွန်ုပ်​အလေးအနက်​တိုက်တွန်းလိုက်ပါ၏။


ကောင်းကင်ဘုံ​မှ ဆင်းသက်လာသော ဉာဏ်ပညာ​သည် ပထမ​ဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှု​ကို မြတ်နိုး၏။ ထောက်ထား​ညှာတာတတ်၏။ သဟဇာတ​ဖြစ်တတ်၏။ ကရုဏာတရား​နှင့် ကောင်းကျိုးတို့​ဖြင့် ပြည့်စုံ၏။ မျက်နှာ​မလိုက်တတ်။ ဟန်ဆောင်မှု​ကင်း၏။


ဘုရားသခင်​သည် အပြစ်​ကျူးလွန်သော​ကောင်းကင်တမန်များ​ကို​ပင်လျှင် ချမ်းသာ​ပေးတော်မမူဘဲ ငရဲ​ထဲသို့ ပစ်ချ​၍ တရားစီရင်မည့်​နေ့​တိုင်အောင် အမှောင်​ထဲ၌ သံကြိုး​နှင့် ချည်နှောင်​ကာ ထိန်းသိမ်း​ထားတော်မူ၏။


ထို့ပြင် မိမိတို့​ရရှိထားသည့်​အခွင့်အာဏာ​နှင့် မတင်းတိမ်ဘဲ နေရင်း​အရပ်​ကို စွန့်ခွာသွားကြသော ကောင်းကင်တမန်များ​အား ကိုယ်တော်​သည် တရားစီရင်တော်မူမည့်​နေ့ရက်ကြီး​အတွက် ထာဝရ​အချုပ်အနှောင်​ဖြင့် အမှောင်​ထဲ၌ သံကြိုး​နှင့် ချည်နှောင်​ကာ ထိန်းသိမ်း​ထားတော်မူ၏။


ဘုရားသခင်​၏​အမျက်တော်​ဖလား ထဲ​၌ ပြည့်လျှံ​စွာ လောင်းထည့်​ထားသည့် အမျက်တော်​စပျစ်ဝိုင်​ကို သောက်ရမည်။ ထို​သူတို့​သည် သန့်ရှင်းသော​ကောင်းကင်တမန်များ​နှင့် သိုးသငယ်တော်​ရှေ့တွင် ကန့်​နှင့်​ရောသော​မီး​ထဲ၌ ညှဉ်းဆဲခြင်း​ကို ခံရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ