ယာကုပ် 3:17 - မြန်မာ့စံမီသမ္မာကျမ်း17 သို့သော် အထက်အရပ်မှလာသောဉာဏ်ပညာသည် ပထမဦးစွာ သန့်ရှင်းစင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ညင်သာသောသဘောနှင့် ပျော့ပျောင်းသောသဘောရှိ၍ ကရုဏာနှင့်ကောင်းမြတ်သောအသီးအပွင့်တို့ဖြင့်ပြည့်စုံကာ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းတို့နှင့် ကင်းစင်၏။ အခန်းကိုကြည့်ပါ။Common Language Bible17 သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။- အခန်းကိုကြည့်ပါ။Garrad Bible17 အ ထက် မှ ဆင်း သက် သော ဉာဏ် ပ ညာ မူ ကား ဦး စွာ သန့် စင်၍ နောက် သင့် တင့် နူး ညံ့ လိုက် နာ လျက် မျက် နှာ ရွေး ခြင်း၊ ဟန် ဆောင် ခြင်း မဲ့ လျက် က ရု ဏာ နှင့် လည်း ကောင်း၊ ကောင်း ကျိုး များ နှင့် လည်း ကောင်း ပြည့် စုံ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတစ်ပါး၊ အသင့်အတင့်နေတတ်၏။ ဖြည်းညင်းသောသဘော ရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးနှင့်လည်းကောင်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့် ကင်းစင်၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဉာဏ်ပညာသည် ပထမဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှုကို မြတ်နိုး၏။ ထောက်ထားညှာတာတတ်၏။ သဟဇာတဖြစ်တတ်၏။ ကရုဏာတရားနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်စုံ၏။ မျက်နှာမလိုက်တတ်။ ဟန်ဆောင်မှုကင်း၏။ အခန်းကိုကြည့်ပါ။ |
ကြည့်ရှုလော့။ သင်သည် သားတော်တစ်ပါးကို ရလိမ့်မည်။ သူသည် အေးချမ်းစွာနေရသောသူ ဖြစ်လိမ့်မည်။ ငါသည် သူ့ဝန်းကျင်ရှိရန်သူအားလုံးတို့ကို သူနှင့်သင့်မြတ်စေမည်။ သူ့အမည်ကို ရှောလမုန် ဟုမှည့်ခေါ်ရမည်။ သူ့လက်ထက်တွင် အစ္စရေးပြည်ကို ငြိမ်းချမ်းခြင်း၊ ငြိမ်ဝပ်ခြင်း ရှိစေမည်။
ကိုယ်တော်သည် လူမျိုးတကာတို့ကို တရားစီရင်၍ လူများစွာတို့ကို ဆုံးမတော်မူမည်။ ထိုအခါ သူတို့သည် မိမိတို့၏ဓားများကို ထယ်များအဖြစ်၊ မိမိတို့၏လှံများကို တံစဉ်များအဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားကိုမြှောက်၍ တိုက်ခိုက်တော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ကြည့်ကြလော့။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဤဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သို့သော ကြိုးစားအားထုတ်ခြင်း၊ ဖြေရှင်းချက်ပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သနည်း။ သင်တို့သည် ဤအမှု၌အပြစ်ကင်းစင်ကြောင်း သင်တို့ကိုယ်တိုင် အရာရာ၌ထင်ရှားစေကြပြီ။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။